ငရုတ်သီးနှင့် ပေါင်းမှ ကြက်သွန် အထောင်းခံရ
ပုံပန်းသွင်ပြင်
ငရုတ်သီးနှင့် ပေါင်းမှ ကြက်သွန် အထောင်းခံရ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ငရုတ်သီးနှင့်အတူ တစ်ဆုံတည်း ကျခါမှ ကြက်သွန်သည် အထောင်းခံရသကဲ့သို့ မသူတော်နှင့်ပေါင်းမှ မိမိပါ ဒုက္ခရောက်ရသည်။
အခြားအသုံးအနှုန်း
[ပြင်ဆင်ရန်]- ကြက်သွန်ချည်းနေ အကောင်းသား၊ ငရုတ်သီးနှင့်ပေါင်းမှ အထောင်းခံရဟူ၍လည်း အသုံးရှိသည်။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "အမယ်လေး မလုပ်ပါနဲ့ဗျာ၊ ကျွန်တော့်တော့ ချမ်းသာပေးပါ။ ငရုတ်သီးနဲ့ ပေါင်းမိလို့ ကြက်သွန်ပါ အထောင်းတော့မခံပါရစေနဲ့။ " [၁၃၀၆] ဪမိန်းမ။ ၂၅၃။