မာတိကာသို့ ခုန်သွားရန်

ဃရေ ဒုဋ္ဌော မူထိကော

ဝီကီပီးဒီးယား မှ

ဃရေ ဒုဋ္ဌော မူသိကော သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] ပါဠိဘာသာမှ ဆင်းသက်လာသော စကားဖြစ်သည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ဃရေ ဒုဋ္ဌော မူသိကော ဆိုသည်မှာ အိမ်ကို ဖျက်ဆီးတတ်သော အရာသည် ကြွက်ဖြစ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အိမ်များတွင် ကြွက်များ၏ ဖျက်ဆီးမှု အန္တရာယ်ကို ဖော်ပြသည်။ ကြွက်များသည် အိမ်များတွင် အစားအစာများကို ဖျက်ဆီးခြင်း၊ ပစ္စည်းများကို ကိုက်ဖြတ်ခြင်း၊ ရောဂါများ သယ်ဆောင်လာခြင်း စသည့် ဆိုးကျိုးများစွာကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အိမ်များတွင် ကြွက်များ မရှိစေရန် သန့်ရှင်းစွာ ထားသိုရန် အရေးကြီးသည်။

ပါဠိအနက်

[ပြင်ဆင်ရန်]
  • ဃရေ (Ghare) - အိမ်၌
  • ဒုဋ္ဌော (Duṭṭho) - ဖျက်ဆီးတတ်သည်ကား
  • မူသိကော (Mūsiko) - ကြွက်တည်း

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • အိမ်ရှင်မတို့ မှတ်ရန်ကား ဃရေ-အိမ်၌၊ ဒုဋ္ဌောစ-ဖျက်ဆီးတတ်သည်ကား၊ မူသိကော-ကြွက်တည်းဟူသော နီတိကျမ်းလာ ဂါထာစကားအရ အိမ်များ၌ ဖျက်ဆီး သော ကြွက်များ မနေနိုင်အောင်…၊ []
  • ဃရေ-အိမ်၌၊ ဒုဋ္ဌောစ-ဖျက်ဆီးတတ်သည်ကား၊ မူသိကော-ကြွက်တည်း၊ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၅] ဆောင်းပါးချုပ်။ ၂၆၄။ ကိုးကား အမှား - Invalid parameter "'saungparchout264" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၂၉၁] ဆယ့်နှစ်တွဲ။ ၆၈။ ကိုးကား အမှား - Invalid parameter "'hsehnittwal68" in <ref> tag. The supported parameters are: dir, follow, group, name.