ဃရာဝါသော ဗဟုကိစ္စော
ပုံပန်းသွင်ပြင်
ဃရာဝါသော ဗဟုကိစ္စော သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁] ကိစ္စများမြောင် လူတို့ဘောင် နှင့် အတူတူပင်ဖြစ်သည်။ ပါဠိဘာသာမှ ဆင်းသက်လာသော စကားဖြစ်သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ဃရာဝါသော ဗဟုကိစ္စော ဆိုသည်မှာ အိမ်ထောင်သည်ဘဝသည် ကိစ္စအဝဝ များပြားလှသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အိမ်ထောင်ရှင်များ၏ တာဝန်ဝတ္တရားများ များပြားပုံကို ဖော်ပြသည်။ အိမ်ထောင်တစ်ခုကို ထူထောင်ထိန်းသိမ်းခြင်းသည် ဇနီးမယား၊ သားသမီး၊ မိဘ စသည့် မိသားစုဝင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရခြင်း၊ စားဝတ်နေရေးကို စီမံခန့်ခွဲရခြင်း၊ အိမ်မှုကိစ္စများကို ဆောင်ရွက်ရခြင်း စသည့် ကိစ္စအဝဝတို့နှင့် ဆက်နွယ်နေသည်။ ထို့ကြောင့် အိမ်ထောင်သည်ဘဝသည် အလွန်ပင် တာဝန်ကြီးလေးပြီး အလုပ်များသော ဘဝတစ်ခုဖြစ်သည်။
ပါဠိအနက်
[ပြင်ဆင်ရန်]- ဃရာဝါသော (Gharāvāso) - အိမ်ထောင်သည်ဘဝ
- ဗဟုကိစ္စော (Bahukicco) - ကိစ္စများသော
ကိုးကားချက်များ
[ပြင်ဆင်ရန်]ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]- ကိစ္စမြားမြောင် လူတို့ဘောင် နှင့် အတူတူ ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၂၉၇] ဟံ၊ ၁။ ၆၉။ ကိုးကား အမှား - Invalid parameter "'han1-69" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၂၉] ဝိဇ္ဇာနိဒါန်း။ ၁၂၉။ ကိုးကား အမှား - Invalid parameter "'wizzanidan129" in
<ref>tag. The supported parameters are: dir, follow, group, name.