ဂျွန် မားဇ်

ဝီကီပီးဒီးယား မှ
ဂျွန် မားဇ်
အမည်ရင်း ဂျွန် ဖရန်ကလင်းမာ့ဇ်
မွေးသက္ကရာဇ် (1935-10-15) ၁၅ အောက်တိုဘာ၊ ၁၉၃၅ (အသက် ၈၈)
အာလင်တန်မြို့၊ ဗာဂျီးနီးယား
နိုင်ငံသား အမေရိကန်
ပညာရေး ယေးလ်တက္ကသိုလ်မှ ဘွဲ့ရခဲ့
အလုပ်အကိုင် Mars, Inc.၏ ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ
သားသမီး ၂ဦး

ဂျွန် ဖရန်ကလင်းမာ့ဇ်သည် ဖောရက်စ် မာ့ဇ်(စီနီယာ) ၏ သားဖြစ်ပြီး အကြီးဆုံး အမေရိကန် သကြားလုံး ကုမ္ပဏီ Mars ကို ပေါင်းစည်း တည်ထောင်သူ ဖရက် စီ မာ့ဇ်၏ မြေးဖြစ်သည်။ Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ အမေရိကန်၏၂၆ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ၅၂ယောက် မြောက်ဖြစ်သည်။ ဒီဇင်ဘာ ၂၀၁၀ တွင် ကုမ္ပဏီ၌ သူ၏ ရှယ်ယာနှင့် အသားတင် ကြွယ်ဝမှုသည် အမေရိကန် ဒေါ်လာ ၁၀ ဘီလျံရှိသည်။ လက်ရှိတွင် Mars ကုမ္ပဏီအစု၏ ဥက္ကဋ္ဌ ဖြစ်သည်။ သူသည် အာလင်တန် မြို့ ၊ ဗာဂျီးနီးယား တွင် နေထိုင်သူဖြစ်ပြီး ဂျက်ဆန်၊ ဝိုင်းမင်း တွင် နေထိုင်သူဟုလည်း ယူဆရသည်။ ၂၀၁၀ Forbes မဂ္ဂဇင်း၏ကြွယ်ဝမှု အဆင့် သတ်မှတ်ချက်တွင် မာ့ဇ်သည် မဂ္ဂဇင်းအတွက် ဓာတ်ပုံရရှိရန် မဖြစ်နိုင်ဆုံး ပုဂ္ဂိုလ်စာရင်းတွင် အမြင့်ဆုံး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]