ဂျွန် မဂ္ဂူဖူလီ

ဝီကီပီးဒီးယား မှ
John Magufuli 2015.png

ဂျွန် ပွန်ဘီ ဂျိုးဆက် မဂ္ဂူဖူလီ (၁၉၅၉ အောက်တိုဘာ ၂၉ - ၂၀၂၁ မတ် ၁၇) သည် တန်ဇေးနီးယား၏ ပဉ္စမမြောက်သမ္မတဖြစ်ပြီး ၂၀၁၅ ခုမှ မကွယ်လွန်မီအထိ တာဝန်ထမ်းသည်။ ၂၀၀၀-၀၅ တကြိမ်၊ ၂၀၁၀-၁၅ တခါ အလုပ်သမား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် နှစ်ကျော့လုပ်ခဲ့သည်။ ၂၀၁၉-၂၀ ကာလ၌ တောင်အာဖရိကသားဖွံ့ဖြိုးရေးအဖွဲ့အစည်း၌ ဥက္ကဋ္ဌအဖြစ်နေသည်။

၁၉၉၅ ခု၌ ပါလီမန်အမတ်အဖြစ် ပထမဆုံး အရွေးခံရသည်။ တန်ဇေးနီးယားအစိုးရအဖွဲ့တွင် ၁၉၉၅-၂၀၀၀ ကာလ၌ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် အမှုထမ်းသည်။ နောက်တဆက် ၂၀၀၀-၀၅ ကာလ၌ ဝန်ကြီးဖြစ်လာသည်။ ၂၀၀၆-၀၈ ကာလ၌ မြေယာနှင့်လူထုအခြေစိုက်မှုဝန်ကြီး၊ ၂၀၀၈-၁၀ ကာလ၌ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီး၊ ၂၀၁၀-၁၅ ကာလ၌ အလုပ်သမားဝန်ကြီး ပြန်ဖြစ်သည်။

နိုင်ငံ၏ ဒုတိယအကြီးဆုံးပါတီဖြစ်သော တော်လှန်ရေးပါတီ (CCM) မှ ပြိုင်ရာ ၂၀၁၅ ခု၊ အောက်တိုဘာလတွင် လုပ်သည့် သမ္မတရွေးပွဲ၌ အနိုင်ရ၍ နိုဝင်ဘာလ ၅ ရက်တွင် ကျမ်းသစ္စာဆိုသည်။ ၂၀၂၀ ပြည့်၌လည်း ဒုတိယအကြိမ် အရွေးခံရသည်။ အစိုးရတွင်းချစားမှုနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို အလေးထားလုပ်သည်။ သို့သော်လည်း အာဏာရှင်ဆန်၍ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ခြင်း၊ ဗုံမဟုတ်ပတ်မဟုတ်များ၏အခွင့်အရေးကို ပိတ်ပင်ခြင်း၊ အတိုက်အခံပါတီဝင်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်းတို့ လုပ်လေ့ရှိသည်။

မဂ္ဂူဖူလီကို တန်ဇေးနီးယား၌ ကိုဗစ်ကပ်ဆိုက်ချိန်၌ သတင်းမှားဖြန့်သူအဖြစ် ကမ္ဘာက သိကြသည်။ နိုင်ငံကိုလည်း ကာကွယ်ဆေးမဝယ်အောင် တားသည်။ နောက် လူမြင်ကွင်းမှ အတန်ကြာပျောက်နေပြီးနောက် ကိုဗစ်နှင့် ဆေးရုံတက်ရကြောင်း သိလာသည်။ သူ့သေဆုံးမှုကို အစိုးရက အနာဟောင်း နှလုံးရောဂါဟု နာမည်တပ်သည်။ သူ့တာဝန်ကို ဒုသမ္မတ ဆမ္မလာဆူလူဟူက ဆက်ယူသည်။