ဂျွန် ဖရက်ဒရစ်ခ်ဆန်

ဝီကီပီးဒီးယား မှ
John Fredriksen
Fredriksen (centre) and Stelios Haji-Ioannou (far left) at a meeting in 1989.
မွေးဖွား (1944-05-10) ၁၀ မေ၊ ၁၉၄၄ (အသက် ၇၉)
Oslo, Norway
ဌာနေLondon, England
နိုင်ငံလူမျိုးCypriot
လူမျိုးNorwegian
အလုပ်အကိုင်Business magnate
ကျော်ကြားမှုအရင်းခံMajor ownership in companies engaged in shipping, offshore drilling and seafood business
ကြွယ်ဝမှုUS$9.7 billion (August 2015)[၁]

ဂျွန် ဖရက်ဒရစ်ခ်ဆန် ကို ၁၉၄၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် နော်ဝေး၌ မွေးဖွားခဲ့ပြီး ဆိုက်ပရပ်စ်လူမျိုး ဆီသိုလှောင်ရောင်းချသူတစ်ဦးဖြစ်၍ ကမ္ဘာ့အကြီးဆုံးရေနံသိုလှောင်စစ်သင်္ဘောပိုင်ရှင်ဖြစ်ပြီး နော်ဝေးလူမျိုးအဖြစ်မှ စွန့်လွှတ်ကာ ဆိုက်ပရပ်စ်ပတ်စ်ပို့ကို မယူခင်အထိ နော်ဝေး၏ အချမ်းသာဆုံးလူတစ်ဦးဖြစ်ခဲ့သည်။

နော်ဝေးဘာသာထုတ် မဂ္ဂဇင်းဖြစ်သည့် Kapital က သူ့အား နော်ဝေးငွေကြေး ၅၅.၅ ဘီလျံ (၁၁ ဘီလျံဒေါ်လာ)ဖြင့် လူချမ်းသာစာရင်းသွင်းခဲ့သည်။ သူသည် လန်ဒန်ရှိ ပေါင် ၁၀၀ မီလျံတန်သော သူ့နေအိမ်မှနေ၍ သူရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများဖြစ်သည့် Hemen ဦးပိုင်နှင့် Meisha တို့မှတဆင့် Frontline နှင့် Golar LNG ကုမ္ပဏီတို့ကို စီမံအုပ်ချုပ်သည်။ သူသည် ဆီထုတ်လုပ်မှုတာဝန်ခံကုမ္ပဏီဖြစ်သော SeaDirll, ငါးမွေးမြူရေး Marine Harvest နှင့် သင်္ဘောရေလုံခန်းကုမ္ပဏီ Golden Ocean Group တို့တွင်လည်း အဓိက ရင်းနှီးမြှုပ်နှံမှုများရှိသည်။ လက်ရှိအားဖြင့် ဖရက်ဒရစ်ခ်ဆန် က ကြေညာလိုက်သည်မှာ Frontline သည် ပိုင်ဆိုင်မှုများနှင့် ရွေးချယ်စရာများ ရရှိထားပြီး ကမ္ဘာပေါ်တွင် ၉.၆% စိတ်အချရဆုံး အကြီးဆုံး နိုင်ငံခြား သင်္ဘောဦးပိုင် အဖွဲ့အစည်းဖြစ်သည်ဟုဆိုသည်။

ကိုယ်ရေးအတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

Etterstad ၏ Oslo အရှေ့ခြမ်းတွင် မွေးဖွားခဲ့သော ဂဟေသမားတစ်ဦး၏ သားဖြစ်ပြီး သင်္ဘောပြုပြင်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်သင်အဖြစ် စီးပွားရေးလောကထဲ စတင်ဝင်ရောက်ခဲ့သည်။ အသက် ၂၇ အရွယ်တွင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေပြီဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များက ဖြစ်ခဲ့သော အီရန်-အီရတ်စစ်ပွဲတွင် သူ၏ စွန့်စားဆီသိုလှောင်မှုများသည် အမြတ်များစွာရခဲ့ခြင်းမှ အစပြု၍ သူသည် ကြီးပွားခဲ့သည်။ သူ၏ အတ္ထုပတ္တိအရ “သူသည် Ayatollah အတွက် အသက်ဖြစ်သည်”။

ယခုအခါတွင် သူသည် ရေနံသင်္ဘောအစီး ၇၀ ကျော်ဖြင့် ကမ္ဘာတွင် ရေနံတင်သင်္ဘောအများဆုံး ပိုင်ဆိုင်သူဖြစ်ပြီး ရေနံတူးဖော်ခြင်းနှင့် ငါးမွေးမြူကန်များတွင် ရင်းနှီးမြှုပ်နှံမှုများစွာထားရှိသည်။ သူ၏သင်္ဘောအုပ်စုသည် ပတ်ဝန်းကျင်အရ ပိုမိုလုံခြုံသော ရေနံသင်္ဘောဖြစ်သည့် ကမ်းရိုးတန်းသင်္ဘောကြီး၏ လွှမ်းမိုးမှုကိုခံခဲ့ရသည်။၂၀၀၅ ခုနှစ် ဒီဇင်ဘာလတွင် သူအုပ်ချုပ်သော အဖွဲ့ဖြစ်သည့် Seadrill သည် Stavanger နည်းဖြင့် ရေနံတူးဖော်သော ကုမ္ပဏီဖြစ်သည့် Smedvig ကိုလေလံဆွဲမည်ဟု ကောလဟာလများထွက်ပေါ်ခဲ့ပြီး ထိုစဉ်ကတည်းက အမေရိကန်ကုမ္ပဏီဖြစ်သော Noble ကော်ပိုရေးရှင်းနှင့် လေလံပြိုင်ဆိုင်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် Seadrill သည် Smedvig ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူခဲ့သည်ဟု ကြေညာခဲ့ပြီး ထို့ကြောင့်ပင် ကုမ္ပဏီ၏စီမံခွင့်ကိုရရှိခဲ့သည်။ (မဲ ၅၁.၂၄ ရာခိုင်နှုန်းနှင့် ရင်းနှီးငွေ ၅၂.၂၇ ရာခိုင်နှုန်း)။ Smedvig သည် နော်ဝေးငွေကြေး ၁၅ ဘီလျံတန်ဖိုးရှိပြီး ဖရက်ဒရစ်ခ်ဆန် ၏ အကြီးဆုံးရောင်းဝယ်မှုဖြစ်သည်။ ၂၀၀၉ ခုနှစ် အေပြီလတွင် Noble Corp က သူ၏ Smedvig ရှယ်ယာများကို Seadrill သို့ရောင်းချခဲ့သည်။ ယခုအခါ Smedvig သည် Seadrill ၏ စီမံခန့်ခွဲမှုအောက်သို့ လုံးဝကျရောက်သွားပြီဖြစ်သည်။ ၂၀၀၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဗြိတိသျှသတင်းစာ The Daily Mail က ဖရက်ဒရစ်ခ်ဆန် သည် ပရီးမီးယားဘောလုံးအသင်းဖြစ်သော တော်တင်ဟမ် ဟော့စပါး ကို ဝယ်ယူရန်စိတ်ဝင်စားမှု ရှိနေသည်ဟု ဖော်ပြခဲ့သည်။ ဤကိစ္စ မတိုင်ခင်ထိ သူသည် Vålerenga I.F ၏ အဓိကပိုင်ရှင်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့သည်။

ကြွယ်ဝချမ်းသာမှု[ပြင်ဆင်ရန်]

သူ့တွင် သားသမီး ၂ ဦးရှိပြီး သူသည် နော်ဝေးဂန္ထဝင်အနုပညာများကို စုဆောင်းသူတစ်ဦးဖြစ်၍ ချယ်လ်ဆီး ဘောလုံးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဘစ်ချ် ၏ ချယ်လ်ဆီးအိမ်ကို ၂၀၀ မီလျံဒေါ်လာ (ပေါင် ၁၈၀ မီလျံ)ဖြင့် ကမ်းလှမ်းမှုကို ခံရသည်ဟု လတ်တလော ဖော်ပြချက်များအရ သိရသည်။ သူသည် အော့စလို၊ ဆိုက်ပရက်စ် နှင့် မာဘယ်လာ တို့တွင်လည်း အိမ်များရှိသည်။ ၂၀၀၆ ခုနှစ်တွင် ဂျွန် ဖရက်ဒရစ်ခ်ဆန် သည် နော်ဝေးနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရန်ဆုံးဖြတ်ပြီး ယခုအခါ ဆိုက်ပရပ်စ်နိုင်ငံသားအဖြစ် ခံယူထားသည်။

Sunday Times ၏ (ဧပြီလတိုင်း ထုတ်ပြန်သည့်) ၂၀၀၃ ခုနှစ် လူချမ်းသာစာရင်းတွင် သူ့အား ပေါင် ၄၇၅ မီလျံဖြင့် ဗြိတိန်နိုင်ငံ၏ ၆၆ ယောက်မြောက်လူချမ်းသာအဖြစ် သတ်မှတ်ပြီး ၂၀၀၄ ခုနှစ် စာရင်းတွင် ပေါင် ၁၀၅၀ မီလျံဖြင့် ၃၀ ယောက်မြောက်၊ ၂၀၀၅ ခုနှစ်တွင် ပေါင် ၁၈၈၇ မီလျံဖြင့် ၁၆ ယောက်မြောက်ဟု သတ်မှတ်ထားသည်။ ၂၀၀၅ ခုနှစ် Forbes မဂ္ဂဇင်း၏ စာရင်းတွင် သူသည် ၃၄၀၀ မီလျံဒေါ်လာဖြင့် ၁၆၀ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်သည်။ အသစ်ထုတ်ဝေသော ၂၀၀၉ ခုနှစ်စာရင်းတွင်တော့ သူသည် ၁၃၂ ယောက်မြောက်နေရာကို ၄ ဘီလျံဒေါ်လာဖြင့် ပူးတွဲရရှိထားသည်။ Lazard Frères ရှိ စစ်မှုထမ်းဟောင်း ရေကြောင်းလေ့လာသူ James Winchester က ပြောသည်မှာ “သူက ခေတ်သစ်အိုနာဆစ်ပဲ၊ရေနံသင်္ဘောလောက ဘုရင်၊သူက ရေနံသင်္ဘောစက်ဝိုင်းကြီးထဲက အကောင်းဆုံးနေရာမှာ သင်္ဘောအစုအကြီးစားတွေနဲ့ မြေနေရာအခြေချနေတာ” ဟုဖြစ်သည်။

၂၀၀၁ ခုနှစ် Forbes.com တွင် ဆောင်းပါးတစ်ပုဒ်က ဖော်ပြထားသည်မှာ “အရစ္စတိုတယ် အိုနာဆစ် ရှိခဲ့သမျှထက် ပိုပြီးများတဲ့ ရေနံသင်္ဘောအစုကြီးကို ပိုင်ဆိုင်သူ” ဟုဖြစ်သည်။

ကိုယ်ရေးကိုယ်တာ[ပြင်ဆင်ရန်]

ဂျွန် ဖရက်ဒရစ်ခ်ဆန် သည် သားသမီးနှစ်ဦး၏ဖခင် မုဆိုးဖိုတစ်ဦးဖြစ်သည်။ သူသည် Vålerenga IF Fotball နှင့် Tranmere Rovers ပရိသတ်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "John Fredriksen"၊ Forbes။