ဂျွန်ဗင်ဆင် အက်တာနာဆော့ဖ်

ဝီကီပီးဒီးယား မှ
ဂျွန်ဗင်ဆင် အက်တာနာဆော့ဖ်(၁၉၀၃-၁၉၉၅)

ဂျွန်ဗင်ဆင် အက်တာနာဆော့ဖ်[ပြင်ဆင်ရန်]

တီထွင်သူ၊ သင်္ချာနှင့် ရူပဗေဒပညာရှင် ဂျွန်ဗင်ဆင် အက်တာနာဆော့ဖ်ကို နယူးယောက်မြို့တွင် ၁၉၀၃-ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ဂျွန်အက်တာနာဆော့ဖ်နှင့် အိုင်ဗာလူစီနာပါဒီ တို့ဖြစ်သည်။

ထူးချွန်[ပြင်ဆင်ရန်]

ဂျွန်ဗင်ဆင်သည် ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် သင်္ချာကို အထူးစိတ်ဝင်စားခဲ့သည်။ သူ၏မိသားစုသည် နောက်ပိုင်းတွင် ဖလော်ရီဒါပြည်နယ်၊ အိုးချီကိုရာသို့ ပြောင်းရွေ့ခဲ့သည်။ ဂျွန်ဗင်ဆင်သည် မာလ်ဘာရီ အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်သည်။ သိပ္ပံနှင့် သင်္ချာတွင် ထူးချွန်သည်။ ၁၉၂၁-ခုနှစ်တွင် ဖလော်ရီဒါ တက္ကသိုလ်သို့ တက်ရောက်ပြီး ၁၉၂၅-ခုတွင် ဘီအက်စီ (လျှပ်စစ်အင်္ဂျင်နီယာ) ဘွဲ့ရသည်။ ၁၉၂၆-ခုနှစ်တွင် အိုင်အိုဝါကောလိပ်မှ မဟာသိပ္ပံ(သင်္ချာ) ဘွဲ့ရသည်။ ဘွဲ့ရပြီး ရက်အနည်းငယ် အကြာတွင် လူရာမီးနှင့် လက်ထပ်သည်။

စူးစမ်းလေ့လာ[ပြင်ဆင်ရန်]

မဟာသိပ္ပံဘွဲ့ရပြီးသည့်နောက် ဂျွန်ဗင်ဆင်သည် ၁၉၃၀-ပြည့်နှစ်တွင် ဝစ္စကွန်ဆင် တက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိသည်။ ထို့နောက် အိုင်အိုဝါကောလိပ်သို့ ပြန်လာပြီး သင်္ချာနှင့် ရူပဗေဒဌာန လက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည်။ တွဲဖက်ပါမောက္ခအဖြစ် ရာထူးတိုးမြှင့် ခံရပြီးနောက် ကွန်ပျူတာလုပ်ငန်းကို စတင်စိတ်ဝင်စားလာပြီး စူးစမ်းလေ့လာသည်။

1997 replica of the Atanasoff-Berry Computer at Durham Center, Iowa State University

တည်ဆောက်[ပြင်ဆင်ရန်]

ဒေါက်တာဂျွန်ဗင်ဆင်သည် လျှပ်စစ်ဓာတ်အားနှင့် အီလက်ထရွန်နစ်ပညာတို့ကို ကွန်ပျူတာအတွက် ဆက်သွယ်ရေးနည်းလမ်းအဖြစ် အသုံးပြုသည်။ ထူးချွန်သည့် လျှပ်စစ်အင်္ဂျင်နီယာ ကလစ်ဖို့ဘာရီကိုလည်း သူ့လက်ထောက်အဖြစ် ရရှိလိုက်သည်။ ကလစ်ဖို့သည် ဘွဲ့ရကျောင်းသားတစ်ဦး ဖြစ်၏။ သို့ဖြင့် ၁၉၃၉-ခုနှစ်တွင် ဒေါက်တာဂျွန်ဗင်ဆင် နှင့် သူ့၏လက်ထောက် ကလစ်ဖို့ဘာရီတို့က ကမ္ဘာ့ပထမဆုံး အီလက်ထရွန်နစ် ဒီဂျက်တယ်ကွန်ပျူတာကို တည်ဆောက်လိုက်သည်။


ဒေါက်တာဂျွန်ဗင်ဆင်သည် ပါမောက္ခအဖြစ် အိုက်အိုဝါပြည်နယ်ကောလိပ်၊ ဝစ္စကွန်ဆင်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ဝါရှင်တန်ဒီစီရှိ အမေရိကန် ရေတပ်လက်နက် စမ်းသပ်ရုံနှင့် အမေရိကန် ကြည်းတပ် စစ်မြေပြင်တပ်များတွင် အသံတုံ့တင်မှု လေ့လာရေးဌာန၊ စတီးဝပ်ဝါနာ ကော်ပိုရေးရှင်းတို့တွင် အတိုင်ပင်ခံ၊ တာဝန်ခံ စသည့် တာဝန်များကိုလည်း တစ်ဖက်က ထမ်းဆောင်သည်။ ဒေါက်တာဂျွန်ဗင်ဆင်သည် မေရီလင်းပြည်နယ်၊ မွန်ရှိဗီးယားရှိ ၎င်း၏နေအိမ်တွင် လေဖြတ်ရောဂါဖြင့် ၁၉၉၅-ခုနှစ်၊ ဇွန်လ (၁၅)ရက်၌ ကွယ်လွန်ခဲ့သည်။

ဖန်တီး[ပြင်ဆင်ရန်]

မည်သည့် သိပ္ပံနယ်ပယ်တွင်မဆို အနာဂတ်ကို ဖန်တီးမည့် အမြင်ရှိသော ထူးချွန်ပါရမီရှင် လိုအပ်သည်။ ဤကွက်လပ်ကို ဒေါက်တာဂျွန်ဗင်ဆင်က လက်တွေ့ဖြည့်ခဲ့သည်။ သူတီထွင်ခဲ့သည့် ကွန်ပျူတာသည် မျက်မှောက်ခေတ်တွင် လူတိုင်းနှင့် ဆိုင်သလိုဖြစ်သည်။ ဘဏ်များ၊ စာသင်ကျောင်းများ၊ လေယာဉ်များ၊ စီးပွားရေးလုပ်ငန်းများ၊ အာကာသလွန်းပျံယာဉ်များနှင့် ဂြိုဟ်တုပါမကျန် နေရာတိုင်းတွင် ကွန်ပျူတာမပါလျှင် မပြီးတော့။

အထောက်အကူဖြစ်[ပြင်ဆင်ရန်]

နှစ် ၂၀ အတွင်း သူတီထွင်ခဲ့သည့် ကွန်ပျူတာက ဤမျှ ခေတ်စားလိမ့်မည်ဟု ဒေါက်တာဂျွန်ဗင်ဆင် တွေးမိခဲ့မည် မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ သူ၏တီထွင်မှုမှာ မျက်မှောက်လူသားတို့ အတွက် များစွာ အထောက်အကူဖြစ်၍ နေပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်း(၁၇.၁.၂၀၁၀)