ဂျွန်ချီးဗား

ဝီကီပီးဒီးယား မှ
ဂျွန် ချီးဗား

အမေရိကန်စာရေးဆရာ ဂျွန်ချီးဗားကို ၁၉၁၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုမက်ဆာချူးဆက်ပြည်နယ်တွင် မွေးဖွားသည်။

ဂျွန်ချီးဗားသည် နယူးယောက်ကား မဂ္ဂဇင်း၏ ပင်တိုင် ဆောင်းပါးရှင်တစ်ဦးလည်း ဖြစ်သည်။ အမေရိကန် ဝတ္ထုတိုနှင့် ဝတ္ထုရှည်ရေး စာရေးဆရာတဦးဖြစ်သူ ဂျွန်ချီးဗား၏ အရေး အသားသည် မြို့ဆင်ခြေဖုံးဒေသစရိုက်များကို လိမ္မာပါးနပ်စွာ ထေ့လှောင်သော အရေးအသားမျိုး ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် သအီနောမတ်ရေဒီယိုနှင့် အခြားဝတ္ထုတို များ စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် သဝက်ရှော့ ခရော်နီကယ်ဝတ္ထုကို ရေးသားသည်။ သဝက်ရှော့ ခရော်နီကယ်သည် လူကြိုက်များပြီး ကျော်ကြားသော ဝတ္ထု ဖြစ်သည်။

ဂျွန်ချီးဗားသည် သဝက်ရှော့စကင်းဒယ်၊ သဘရီဂေးဒီးယား၊ သဂေါ့ဖ်ဝင်းဒိုး၊ ဘူးလက်ပတ်ခ်၊ သဝါးအော့ဆက်ပယ်စသည့် ဝတ္ထုများအပြင် ဝတ္ထုတိုပေါင်းချုပ် လေးတွဲကိုလည်း ရေးသား ခဲ့သည်။

ဂျွန်နီးဗားသည် သဝက်ရှော့ခရော်နီဂယ်ဝတ္ထုဖြင့် အမေရိကန်အမျိုးသားစာအုပ်ဆုကို ၁၉၅၇ ခုနှစ်က ရရှိခဲ့သည်။ ဂျွန်နီးဗားသည် ၁၉၈၂ ခုနှစ် ဇွန်လတွင် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)