မာတိကာသို့ ခုန်သွားရန်

ဂျောရင်းရေတံခွန်

ဝီကီပီးဒီးယား မှ
ဂျောရင်းရေတံခွန်
ဂျောရင်းရေတံခွန် သည် Shizuoka Prefecture တွင် တည်ရှိသည်
ဂျောရင်းရေတံခွန်
ဂျောရင်းရေတံခွန် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဂျောရင်းရေတံခွန်
တည်နေရာIzu, Shizuoka, Japan
ကိုဩဒိနိတ်34°52′19″N 138°55′20″E / 34.871807°N 138.922144°E / 34.871807; 138.922144ကိုဩဒိနိတ်: 34°52′19″N 138°55′20″E / 34.871807°N 138.922144°E / 34.871807; 138.922144
အမျိုးအစားblock
စုစုပေါင်း အမြင့်25 m
ပျမ်းမျှ အလျား7 m
ရေလမ်းKano River

ဂျောရင်းရေတံခွန်(浄蓮の滝, Jōren-no-taki) သည် ဂျပန်နိုင်ငံ၊ ရှိဇုအိုခစီရင်စု၊ ယုဂရှိမခရိုင်၊ အိဇုမြို့ရှိ ရေတံခွန်တစ်ခု ဖြစ်သည်။ အိဇုကျွန်းဆွယ်၏ အလယ်ပိုင်း ခနိုမြစ်၏ အထက်ဘက်ပိုင်းတွင် တည်ရှိသည်။ ရှိဇုအိုခစီရင်စုသဘာဝနေရာတစ်ခုလည်း ဖြစ်သည်။ ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်ခဲ့သည်။

ဂျပန်ရိုးရာအစဉ်အလာသမိုင်းများအရ ဂျောရင်းရေတံခွန်သည် ဂျောရင်းရေတံခွန်သခင်မ နေထိုင်ရာအိမ် ဖြစ်သည်။ ထိုသခင်မသည် ပင့်ကူတစ်ကောင် ဖြစ်ပြီး ၎င်းသည် စွဲမက်စရာကောင်းသည့် အမျိုးသမီးအသွင် ပြောင်းလဲနိုင်သည်။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]