ဂျောင်းဒိုဂျောန်
ပုံပန်းသွင်ပြင်
ဂျောင်းဒိုဂျောန်(ကိုရီးယား: 정도전/鄭道傳; ၁၃၄၂ ခုနှစ် အောက်တိုဘာလ ၆ ရက် ~ ၁၃၉၈ ခုနှစ် အောက်တိုဘာလ ၆ ရက်)သည် ကိုရီးယားနိုင်ငံ ဂိုလျောခေတ်နှောင်းနှင့် ဂျိုဆောန်ခေတ်ဦး ဘုရင့်ဝန်ထမ်းဖြစ်ပြီး စာပေပညာရှင်နှင့် ခေတ်သစ်တည်ထောင်သူလည်း ဖြစ်သည်။ မျိုးနွယ်မှာ ဘုံးဟွာ ဖြစ်သည်။[၁] စာအမည်မှာ ဂျွံဂျီ(종지/宗之)၊ ဘွဲ့အမည်မှာ ဆမ်းဘုံး(삼봉/三峯)၊ ကွယ်လွန်ပြီး ဘွဲ့အမည်မှာ မွန်းဟောန်း(문헌/文憲) ဖြစ်သည်။
ဂျောင်းဒိုဂျောန် 정도전 | |
|---|---|
| ဂျိုဆောန်၏ နံပါတ် ၁ အဂ္ဂမဟာသေနာပတိ | |
| တာဝန်သက်တမ်း ၂၆ ဩဂုတ် ၁၃၉၂ – ၂၆ စက်တင်ဘာ ၁၃၉၈ | |
| ယခင်လူ | ဘယ်ဂုံညောမ် |
| ဆက်ခံသူ | ရီဆော |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | အောက်တိုဘာ ၆၊ ၁၃၄၂ ဂိုလျော ဒန်ယံ |
| ကွယ်လွန် | အောက်တိုဘာ ၆၊ ၁၃၉၈ (အသက် ၅၆) ဂျိုဆောန် ဟန်ဆောင်းဘူ |
| သားသမီး | ဂျောင်းဂျင်း ဂျောင်းယောင်း ဂျောင်းယူ |
| မိဘ | ဂျောင်းအုန်းဂယောင်း (ဖခင်) ယောင်းဂျိူ အူနွယ် အမျိုးသမီး(မိခင်) |
| ဂျောင်းဒိုဂျောန် | |
|---|---|
| အက္ခရာဖလှယ်ခြင်းများ | |
| ဟန်ဂုလ်: | 정도전 |
| ဟန်ဂျာ: | 鄭道傳 |
| RRအက္ခရာဖလှယ်ခြင်း: | Jeong Dojeon |
| MRအက္ခရာဖလှယ်ခြင်း: | Chŏng Tojŏn |