မာတိကာသို့ ခုန်သွားရန်

ဂျူးနီးယပ်စ် ရစ်ချတ် ဇယဝဍ္ဎန

ဝီကီပီးဒီးယား မှ
Excellency

ဂျူးနီးယပ်စ် ရစ်ချတ် ဇယဝဍ္ဎန
၁၉၈၄ ခုနှစ်ကပုံ
ဒုတိယမြောက် သီရိလင်္ကာနိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
၄ ဖေဖော်ဝါရီ ၁၉၇၈  ၂ ဇန်နဝါရီ ၁၉၈၉
ဝန်ကြီးချုပ်Ranasinghe Premadasa
ယခင်လူWilliam Gopallawa
ဆက်ခံသူRanasinghe Premadasa
၇ဦးမြောက် သီရိလင်္ကာနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၃ ဇူလိုင် ၁၉၇၇  ၄ ဖေဖော်ဝါရီ ၁၉၇၈
သမ္မတWilliam Gopallawa
ယခင်လူသိရိမာဝေါ ဗဏ္ဍာရနာယက
ဆက်ခံသူRanasinghe Premadasa
ကိုယ်ရေး အချက်အလက်များ
မွေးဖွားJunius Richard Jayewardene
(1906-09-17)၁၇ စက်တင်ဘာ၊ ၁၉၀၆
ကိုလံဘိုမြို့,ဗြိတိသျှအင်ပါယာ (ယခု သီရိလင်္ကာနိုင်ငံ)
ကွယ်လွန်၁ နိုဝင်ဘာ၊ ၁၉၉၆(1996-11-01) (အသက် ၉၀)
ကိုလံဘိုမြို့, သီရိလင်္ကာနိုင်ငံ
နိုင်ငံရေးပါတီUnited National Party
ကြင်ဖော်Elina Jayewardene
သားသမီးသားတစ်ဦး
မိခင်Agnes Helen Wijewardene
ဖခင်Eugene Wilfred Jayewardene
မိခင်ကျောင်း
  • Colombo Law College,
  • University College, Colombo,
  • Royal College, Colombo
ကျွမ်းကျင်မှုရှေ့နေ
လက်မှတ်

ဂျူးနီးယပ်စ် ရစ်ချတ် ဇယဝဍ္ဎန (အင်္ဂလိပ်: Junius Richard Jayewardene; ၁၇ စက်တင်ဘာ ၁၉၀၆ – ၁ နိုဝင်ဘာ ၁၉၉၆) သည် သီရိလင်္ကာနိုင်ငံ၏ ဒုတိယမြောက် သမ္မတနှင့် သတ္တမမြောက် ဝန်ကြီးချုပ် ဖြစ်သည်။ ၎င်းသည် သီရိလင်္ကာနိုင်ငံတွင် အာဏာပြည့် သမ္မတစနစ်ကို စတင်ပြီး ပထမဆုံး အုပ်ချုပ်သူအဖြစ် သမိုင်းတွင်ခဲ့သူ ဖြစ်သည်။[]

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဂျူးနီးယပ်စ် ရစ်ချတ် ဇယဝဍ္ဎနသည် ၁၉ဝ၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကိုလံဘိုမြို့တွင် မွေးဖွားခဲ့သည်။ဖခင်မှာ တရားရေးဝန်ကြီးတစ်ဦးဖြစ်သည်။၎င်းသည် ကိုလံဘိုမြို့ရှိ တော်ဝင်ကောလိပ်၊ သီဟိုဠ်ယူနီဗာစီတီနှင့် သီဟိုဠ်ဥပဒေကောလိပ်တို့တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၃၂ ခုနှစ်၌ သီဟိုဠ်တရားလွှတ်တော်ချုပ် ရှေ့နေဖြစ်လာသည်။[]

နိုင်ငံရေးဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

၁၉၇၇ ခုနှစ်ဇူလိုင်လ ၂၃ ရက် နေ့တွင် သီရိလင်္ကာ သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာပြီး၊ ကာကွယ်ရေးစီမံကိန်းနှင့် စီးပွားရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဝန်ကြီးဌာနများကိုပါ တာဝန်ယူသည်။ မစ္စတာဂျေယျဝါဒိနီသည် ကိုလံဗိုမြို့ရှိ တော်ဝင်ကောလိပ်၊ သီဟိုဠ်ယူနီဗာစီတီနှင့် သီဟိုဠ်ဥပဒေ ကောလိပ်တို့တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၃၂ ခုနှစ်၌ သီဟိုဠ် တရားလွှတ်တော်ချုပ် ရှေ့နေ ဖြစ်လာခဲ့သည်။

၁၉၄၀ ပြည့်နှစ်မှ ၁၉၄၇ ခုနှစ်အထိ သီဟိုဠ်အမျိုးသားကွန်ဂရက်၏ အကျိုးဆောင်အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ကိုလံဘိုမြူနီစီပယ်ကောင်စီဝင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၃ ခုနှစ်၌ နိုင်ငံတော်ကောင်စီဝင်တစ်ဦး ဖြစ်လာသည်။၁၉၄၇-၄၈ ခုနှစ်တွင် အမျိုးသား ညီညွတ်ရေးပါတီ၏ ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် ထိုပါတီ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

အစိုးရတာဝန်များထမ်းဆောင်ခြင်း

[ပြင်ဆင်ရန်]

သီဟိုဠ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိပြီး ပထမပါလီမန် ရွေးကောက်ပွဲတွင် အမတ်အဖြစ် အရွေးခံရ၍ အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၁၉၄၇-၅၃ ခုနှစ် အထိ ဆောင်ရွက်သည်။ ဒုတိယပါလီမန်ရွေးကောက်ပွဲ တွင်လည်း ပြန်လည်အရွေးခံရ၍ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီး ဖြစ်လာခဲ့သည်။ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ပါလီမန် ရွေးကောက်ပွဲများတွင် ထပ်မံအရွေးခံရ၍ ၁၉၆ဝ ပြည့်နှစ် မတ်လမှ ဇူလိုင်လအထိ ဘဏ္ဍာရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ပြန်ကြားရေးနှင့် အသံလွှင့်ဌာန ဝန်ကြီးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြန်သည်။

အတိုက်အခံဘဝ

[ပြင်ဆင်ရန်]

ဇယဝဍ္ဎနသည်သည် ၁၉၆ဝ ပြည့်နှစ်မှစ၍ ကိုလံဘိုတောင်ပိုင်းမှ ပါလီမန်အမတ် အဖြစ်အရွေးခံရသော်လည်း ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အဖြစ် ဖြတ်သန်းခဲ့သည်။ထိုကာလများသည် ၎င်း၏ အတိုက်အခံကာလမျာ ဖြစ်ခဲ့သည်။

တကျော့ပြန် နိုင်ငံရေးခရီး

[ပြင်ဆင်ရန်]

၁၉၆၅ ခုနှစ်အရောက်တွင် နိုင်ငံခြားရေးဝန်ကြီး၊ဝန်ကြီးချုပ်၏ အတွင်းဝန်၊ ကာကွယ်ရေးနှင့် ပြည်ပရေးရာဝန်ကြီး၊ အောက်လွှတ်တော် အမတ်များ ခေါင်းဆောင်ဟူ၍ ရာထူးအမျိုးမျိုး၊ တာဝန်အသီးသီးကို ၁၉၇ဝ ပြည့်နှစ်အထိ ပြောင်းလဲထမ်းဆောင်ခဲ့သည်။ထိုအတွင်း အယ်လဂျီးရီးယား၊ ဗြိတိန် စသောနိုင်ငံများတွင် ကျင်းပသော ၇၇ နိုင်ငံအုပ်စု အစည်းအဝေးများကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်မှစ၍ ၁၉၇၇ ခုနှစ် ပထမခြောက်လတွင် လွှတ်တော်အတွင်း အတိုက်အခံများ၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။

ဝန်ကြီးချုပ်ဘဝ

[ပြင်ဆင်ရန်]

၁၉၇၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသောအခါ အမျိုးသားညီညွတ်ရေးပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ဝင်ရောက် အရွေးခံခဲ့သည်။အနိုင်ရပြီး ဝန်ကြီးချုပ် စန္ဒြိကာ ကုမာရတုင်္ဂ၏ နေရာတွင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရသည်။၎င်းဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ရာ၌ သီရိလင်္ကာ နိုင်ငံကို ဆိုရှယ်လစ်နိုင်ငံ အဖြစ် ထူထောင်ကာ နိုင်ငံခြားရေး၌ ဘက်မလိုက်ဝါဒကိုပင် ဆက်လက်ကျင့်သုံးမည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

သမ္မတဘဝ

[ပြင်ဆင်ရန်]

၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရစ်ချတ် ဇယဝဍ္ဎန သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးသော အမှုဆောင်သမ္မတ (Executive President) အဖြစ် ကျမ်းသစ္စာဆိုခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးနောက် နိုင်ငံ၏ အမှုဆောင်သမ္မတစနစ်ကို စတင်တည်ထောင်ကာ ပထမဆုံး အမှုဆောင်သမ္မတ ဖြစ်လာခဲ့သည်။

၁၉၇၈ ခုနှစ် မတိုင်မီက နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာသည် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့တွင်သာ ထားရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် သမ္မတသည် အာဏာအပြည့်နှင့် အုပ်ချုပ်သော သမ္မတ အဖြစ် ပြောင်းလဲသွားသည်။

သမ္မတအဖြစ် တာဝန်ယူစဉ်အတွင်း စီးပွားရေးစနစ်သစ်ကို ဖော်ဆောင်ခဲ့ပြီး နိုင်ငံတော်၏ အာဏာအများစုကို သမ္မတထံတွင် စုစည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုလည်း အတည်ပြုနိုင်ခဲ့သည်။

၁၉၈၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထပ်မံအရွေးခံရပြီး ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သမ္မတရာထူးမှ အနားယူခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ရစ်ချတ် ဇယဝဍ္ဎနသည် ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကိုလံဘိုမြို့၌ ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. J.R. Jayewardene BRITANNICA-Online (28 October 2023)။
  2. Crossette၊ Barbara။ "J. R. Jayewardene of Sri Lanka Dies at 90; Modernized Nation He Led for 11 Years" (in en-US)၊ 1996-11-02။