ဂျူးဆန်းကန်
| ဂျူးဆန်းကန် 十三湖 | |
|---|---|
| Jūsangata 十三潟 (Tsugaru dialect) | |
View of Lake Jūsan. | |
| တည်နေရာ | Goshogawara, Aomori |
| ကိုဩဒိနိတ် | 41°1′57″N 140°20′31″E / 41.03250°N 140.34194°Eကိုဩဒိနိတ်: 41°1′57″N 140°20′31″E / 41.03250°N 140.34194°E |
| အမျိုးအစား | lagoon-type estuary |
| ပင်မ ရေဝင်စီးကြောင်း | Iwaki River |
| ပင်မ ရေထွက်စီးကြောင်း | Sea of Japan |
| ရေဝေကြောရှိရာ နိုင်ငံများ | Japan |
| အကျယ်ဆုံး အလျား | ၃၁.၄ km (၁၉.၅ mi)[၁] |
| အကျယ်ဆုံး အနံ | ၅ km (၃.၁ mi) |
| မျက်နှာပြင် ဧရိယာ | ၁၇.၈၁ km2 (၆.၈၈ sq mi)[၂] |
| ပျမ်းမျှအနက် | ၁.၅ m (၄ ft ၁၁ in) |
| အနက်ဆုံး အနက်အရှိုင်း | ၃ m (၉.၈ ft) |
| ကမ်းခြေအလျား၁ | ၃၀ km (၁၉ mi) |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၀ m (၀ ft) |
| ၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ | |
ဂျူးဆန်းကန် (十三湖, Jūsan-ko ) (ဒေသအခေါ် - ဂျူးဆန်းလဂွန်း) သည် ဂျပန်နိုင်ငံ၊ အအိုမိုရိစီရင်စု၊ ဂိုရှောဂဝရမြို့တွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ အအိုမိုရိစီရင်စုတွင် တိုဝဒကန်နှင့် အိုဂဝရကန် စသည့်ကန်များ ပြီးပါက တတိယမြောက်အကြီးဆုံးကန်ဖြစ်သည်။ ကန်ဘောင်၏ အရှည်သည် ၃၀ ကီလိုမီတာ (၁၉ မိုင်) ရှိပြီး အမြင့်ဆုံးအနက်သည် ၃ မီတာ ရှိသည်။
ဝေါဟာရ
[ပြင်ဆင်ရန်]ဂိုရှောဂဝရမြို့တော်ခရီးသွားဌာနအရ လဂွန်း(Lagoon) ဆိုသည်မှာ ကန်ကို ဆိုလိုပြီး ဂျူးဆန်းဆိုသည်မှာ တစ်ဆယ့်သုံးဟု အဓိပ္ပာယ်ရသည်။ မြစ်တစ်ဆယ့်သုံးခုမှ ရေတို့သည် ကန်အတွင်းသို့ စီးဝင်လျက်ရှိသည်။ သို့သော်လည်း အခြားသော ရင်းမြစ်များ၌မူ ဤအမည်သည် အအိနုဘာသာစကား "To Sam" မှ ဆင်းသက်ဖြစ်ပေါ်လာသည်ဟု ဆိုကြပြီး “ကန်၏ ကမ်းခြေ” ဟု အဓိပ္ပာယ်ရသည်။
ဇလဗေဒ
[ပြင်ဆင်ရန်]ကန်အတွင်းသို့ အဓိကစီးဝင်သည့် ရေအရင်းအမြစ်သည် အိဝခိမြစ်မှ ဖြစ်သည်။ ကန်အတွင်း များစွာသော မြစ်ငယ်များမှလည်း စီးဝင်ကြသေးသည်။ ကန်၏ တစ်ခုတည်းသော ရေထွက်ပေါက်မှာ အိဝခိမြစ်၏ ရေဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် ကန်၏ အနောက်မြောက်ဘက်ထောင့်မှ ဖြစ်ပြီး ဂျပန်ပင်လယ်အတွင်းသို့ စီးဆင်းသွားသည်။
ဘူမိဗေဒ
[ပြင်ဆင်ရန်]ဤကန်သည် လွန်ခဲ့သည့် နှစ် ၇၀၀၀ ခန့် ရေခဲခေတ်အဆုံးကာလပြီးနောက်တွင် ဖြစ်ပေါ်လာခဲ့သည်။
သမိုင်း
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ 十三湖(じゅうさんこ) 11 May 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .(青森県観光情報アプティネット)
- ↑ 湖沼面積 (PDF)။ Geospatial Information Authority of Japan (1 October 2019)။ 2 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 February 2020 တွင် ပြန်စစ်ပြီး။