မာတိကာသို့ ခုန်သွားရန်

ဂျုခိုးအင်း

ဝီကီပီးဒီးယား မှ
ဂျူးခိုးအင်းသို့ ဝင်ပေါက်
၁၅၆၆ ခုနှစ်တွင် ရေးဆွဲခဲ့သည့် မိယောရှိနဂယောရှိ၏ ပန်းချီကား

ဂျူးခိုးအင်း သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် ဒိုင်းတိုခုဂျိ၏ ကျောင်းခွဲတစ်ခု ဖြစ်သည်။ ဤကျောင်းတော်ကို ၁၅၆၆ ခုနှစ်တွင် မိယောရှိနဂယောရှိ၏ မြှုပ်နှံရာကျောင်းတော်အဖြစ် တည်ဆောက်ခဲ့သည်။ ၁၅၈၉ ခုနှစ်တွင် ဆန်းနိုရုခယူး သည် ကျောင်းတော်ကို သူ၏ မိသားစုမြှုပ်နှံရာနေရာအဖြစ် ပြောင်းလဲပြင်ဆင်ခဲ့သည်။[] ဟွန်းဒိုး (၁၅၈၃ ခုနှစ်) နှင့် ခရှိဆွတ် (၁၇၃၉ ခုနှစ်) စသည့်ကျောင်းဆောင်များသည် အရေးကြီးသည့်ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များဖြစ်ကြပြီး ကျောင်းတော်ရှိ ဥယျာဉ်သည် လှပသည့်ရှုခင်းရှိသည့်နေရာများအဖြစ် သတ်မှတ်ထားခြင်း ခံရသည်။ [][][]မိယောရှိနဂယောရှိ (၁၅၆၆ ခုနှစ်) ပုံပန်းချီကားသည်လည်း ယဉ်ကျေးမှုဆိုင်အရာအရေးပါသည့်အမွေအနှစ်တစ်ခု ဖြစ်သည်။[] ဤကျောင်းတော်တွင် ခနိုးအဲအိတိုခုက ရေးဆွဲဆဲ့သည့် ဖုဆုမပန်းချီကားများ များစွာရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Levine, Gregory P.A. (2005)။ Daitokuji: The Visual Cultures of a Zen MonasteryUniversity of Washington Press။ p. 107ISBN 0-295-98540-2
  2. Database of Registered National Cultural Properties Agency for Cultural Affairs 7 April 2011 တွင် ပြန်စစ်ပြီး။
  3. Database of Registered National Cultural Properties Agency for Cultural Affairs 7 April 2011 တွင် ပြန်စစ်ပြီး။
  4. Database of Registered National Cultural Properties Agency for Cultural Affairs 7 April 2011 တွင် ပြန်စစ်ပြီး။
  5. Database of Registered National Cultural Properties Agency for Cultural Affairs 7 April 2011 တွင် ပြန်စစ်ပြီး။

ကိုဩဒိနိတ်: 35°02′38″N 135°44′43″E / 35.04389°N 135.74528°E / 35.04389; 135.74528