မာတိကာသို့ ခုန်သွားရန်

ဂျိုးဆက် ဝေဇမ်ဘောင်း

ဝီကီပီးဒီးယား မှ
ဂျိုးဆက် ဝေဇမ်ဘောင်း
၂၀၀၅ ခုနှစ်၊ ဘာလင်
မွေးဖွား(1923-01-08)၈ ဇန်နဝါရီ၊ ၁၉၂၃
ဘာလင်မြို့ဂျာမနီနိုင်ငံ
ဆုံးပါး၅ မတ်၊ ၂၀၀၈(2008-03-05) (အသက် ၈၅)
Ludwigsfelde-Gröben, ဂျာမနီနိုင်ငံ
နိုင်ငံသားဂျာမန်
နိုင်ငံလူမျိုး ဂျာမနီ
နယ်ပယ်ကွန်ပျူတာသိပ္ပံ
အဖွဲ့အစည်းဌာနMIT
မိခင်ကျောင်းဝိန်းစတိတ် တက္ကသိုလ်
အိမ်ထောင်ဘက်Ruth Manes Weizenbaum (ကွာရှင်း)
ရင်သွေး(များ)Sharon, Miriam, Naomi, Pm

ဂျိုးဆက်ဝေဇမ်ဘောင်း (Joseph Weizenbaum) အား ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဘာလင်မြို့၌ မွေးဖွားခဲ့သည်။ သူသည် ဂျာမန် အမေရိကန်လူမျိုးဖြစ်ပြီး မက်ဆာချူးဆက် စက်မှုတက္ကသိုလ်တွင်ရှိသော ကွန်ပျူတာသိပ္ပံမှ ပရော်ဖက်ဆာနှင့် စာရေးဆရာဖြစ်သည်။ သူသည် ဂျူးမိသားစုမှ မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၃၅ခုနှစ်တွင် နာဇီဂျာမနီတို့၏ လက်အတွင်းမှ လွတ်မြောက်ခဲ့ပြီး သူ့ ၏မိသားစုသည် အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ကြသည်။

သူသည် အမေရိကန်နိုင်ငံတွင် ၁၉၄၁ခုနှစ်က စတင်ပြီး သင်္ချာ ပညာရပ်ကို စတင်လေ့လာခဲ့သည်။ သို့သော် သူ၏ လေ့လာမှုသည် စစ်ပွဲကြောင့် ရပ်ခဲ့ရပြီး ထိုအတောအတွင်း သူသည် စစ်ပွဲတွင် တာဝန်ထမ်းဆောင် ခဲ့ရသည်။ ၁၉၅၂ခုနှစ်များ အတွင်းမှာသူသည်ကွန်ပျူတာများနှင့် လုပ်ကိုင် ခဲ့ရပြီး ဝိန်းပြည်နယ်တက္ကသိုလ်အတွက် ၎င်းဂျစ်တယ်ကွန်ပျူတာကို သူကတီထွင်ပေးကာ ကူညီမှု ပြုခဲ့သည်။ ၁၉၅၆ ခုနှစ်မှာ သူသည် ဘဏ်စနစ်အတွက် ပထမဆုံးကွန်ပျူတာကို သုံးစွဲပြီးတော့ General Electric တွင် လုပ်ကိုင်ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်မှာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် မှာဝင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ခုနှစ်မှာ သူက ELIZA ဟုခေါ်သော ရိုးရှင်းသည့်ပရိုဂရမ်ကို ထုတ်ခဲ့သည်။ ၎င်းပရိုဂရမ်မှာ ယခုသုံးစွဲနေသည့် chatter bots ဟု ခေါ် သည့်ပရိုဂရမ် ဖြစ်သည် သူ၏ ၁၉၇၆ ခုနှစ်မှာထုတ်သည့် Computer Power နှင့် Human Reason စာအုပ်မှာ လွှမ်းမိုးမှုရှိသည့် စာအုပ်တစ်ခု ဖြစ်သည် သူသည်ကွန်ပျူတာများကို အရေးပါသည့်ဆုံးဖြတ်ချက်တွေချခိုင်းဖို့ခွင့်မပြုချေ။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာများ၌ လူသားများ၌ရှိသည့်အရည်အသွေးများ ဖြစ်သည့် ဉာဏ်ပညာနှင့် ဆက်စပ်တွေးခေါ်ပေါင်းစည်းယူမှုများ မလုပ်နိုင်သည့် အတွက် ကြောင့် ဖြစ်သည်။ Weizanbaum က SLIP ပရိုဂရမ်ဘာသာရပ် ကို ဖန်တီးခဲ့သည်။ ၁၉၉၆ မှာ Weizanbaum ကဘာလင်ကိုရွှေ့ပြောင်းခဲ့ပြီး သူ့မိဘတွေ နေခဲ့သည့်နေရာမှာ ပြန်ပြီးနေထိုင်ခဲ့သည်။[][] Weizanbaum ၏အတ္ထုပ္ပတ္တိကို ၂၀ဝ၇ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ အဆိုပါ ရုပ်ရှင်ကို ဂျာမနီမှာဖြန့်ချိခဲ့သကဲ့သို့ အင်္ဂလိပ်လိုပါ ထုတ်ဝေပေးခဲ့သည်။[] သူသည်သေဆုံးချိန်ထိဘာလင်မှာရှိသည့် အီလက်ထရောနစ်စီးပွားရေးလုပ်ငန်း Institute မှာ သိပ္ပံကောင်စီ၏ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Weizanbaum မှာ MITမှာ လုပ်ကိုင်သည်ကဲ့သို့ ဟားဗတ်၊ စတန်းဖို့လ်နှင့် ဘာလင်တက္ကသိုလ်အပြင် အခြား သောတက္ကသိုလ်များအတွက် လည်း ပညာရေးဆိုင်ရာလုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးခဲ့သည်။ Weizanbaumမှာ ၂၀ဝ၈ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ဘာလင်မြို့ရှိ ဂျူးသုသာန်မှာ မြေမြှုပ်ခဲ့သည်။ အများပြည်သူအမှတ်တရနေ့အဖြစ် ဘာလင်မြို့မှာ ၂၀ဝ၈ ခုနှစ် မတ်လ ၁၈ ရက်နေ့ကို သတ်မှတ်ပေးခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]