ဂျိမ်းစ် ဟားရစ် ဆီမွန်

ဝီကီပီးဒီးယား မှ
ဂျိမ်းစ် ဟာရစ် ဆီမွန်
ဂျိမ်းစ် ဟာရစ် ဆီမွန်
မွေးသက္ကရာဇ် ၁၉၃၈
နယူတန်၊ မန်ဆာချူးဆက်ပြည်နယ်
ပညာရေး ကယ်လီဖိုးနီးယားတက္ကသိုလ်၊
ဘာကလေ မန်ဆာချူးဆက် နည်းပညာကျောင်း
အလုပ်အကိုင် Renaissance Technologies ၏တည်ထောင်သူနှင့်ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၈.၅ဘီလျံ
ကြင်ဖော် ဘာဘာရာ၊
မာရီလင်း ဟော်ရီစ် ဆီမွန်
သားသမီး ၃ ယောက်

ဂျိမ်းစ် ဟာရစ် "ဂျင်မ်" ဆီမွန် ကို ၁၉၃၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အမေရိကန်လူမျိုး သင်္ချာ ထူးချွန်သူ ပညာရှင်၊ ကုန်သည်နှင့် လူမှုရေးထူးချွန်သူဖြစ်သည်။ ၁၉၈၂ တွင် သူသည် ၁၅ ဘီလျံဒေါ်လာ ရင်းနှီးစီမံမှုဖြင့် Renaissance Technologies ဟု ခေါ်သော လျှို့ဝှက်စုံထောက်အသင်းကို နယူးရောက်ခ်တွင် တည်ထောင်ခဲ့ပြီး သူကိုယ်တိုင်ဦးစီးကာ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့ရာ ယခုအခါ ကမ္ဘာ့အအောင်မြင်ဆုံး အသင်းများထဲမှ တစ်ခုဖြစ်နေပြီဖြစ်သည်။ သူသည် ခန့်မှန်းခြေ ၈.၅ ဘီလျံဒေါ်လာခန့် ချမ်းသာကြွယ်ဝသည်။

သူသည် သူ၏ဇနီး၊ သားသမီး ၃ ဦးတို့နှင့်အတူ မက်ဟန်တန်နှင့် လောင်းအိုင်လန်တို့တွင် နေထိုင်သည်။ သူသည် ထင်ပေါ်ကျော်ကြားမှုကို မလိုလားသူဖြစ်ပြီး Animal Farm ဝတ္တုထဲမှ မြည်း ဘန်ဂျမင်၏ စကားဖြစ်သော “ဘုရားသခင်က ယင်ကောင်တွေကိုဖယ်ရှားဖို့ ကျွန်တော့်ကို အမြီးပေးထားပေမယ့် ဘာအမြီး ဘာယင်ကောင်မှ မရှိတာကို ပိုလိုလားတယ်”ဆိုသည်ကို ကိုးကား၍ အင်တာဗျူးများကိုလည်း ဖြေဆိုရန် ရှောင်ရှားလေ့ရှိသည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သူသည် ၂၀၁၀ ဇန်နဝါရီလ ၁ ရက်နေ့တွင် အနားယူတော့မည်ဖြစ်သော်လည်း Renaissance တွင်တော့ တာဝန်ပိုင်းများကို ဝင်မစွက်ဖက်သည့် ဥက္ကဋ္ဌအဖြစ် ဆက်လက်ရှိနေမည်ဟု ကြေညာခဲ့သည်။

ငယ်ဘဝနှင့်အသက်မွေးဝမ်းကျောင်းမှုများ[ပြင်ဆင်ရန်]

ဂျင်မ် ဆီမွန် သည် မန်ဆာချူးဆက်ရှိ ဖိနပ်စက်ရုံပိုင်ရှင်သားဖြစ်ပြီး B.S သင်္ချာဘွဲ့ကို ၁၉၅၈ ခုနှစ်တွင် မန်ဆာချူးဆက်နည်းပညာကောလိပ်မှ ရရှိခဲ့ကာ အသက် ၂၃ နှစ်အရွယ် ၁၉၆၁ ခုနှစ်တွင် Ph.D သင်္ချာဘွဲ့ကို ဘာကလေ ရှိ ကယ်လ်ဖိုးနီးယားတက္ကသိုလ်မှရရှိခဲ့သည်။

၁၉၆၄ နှင့် ၁၉၆၈ ခုနှစ်ကြားတွင် သူသည် ကာကွယ်ရေးသုတေသနကောလိပ် (IDA)၏ ဆက်သွယ်ရေးသုတေသနဌာနတွင် သုတေသနဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် မန်ဆာချူဆက်နည်းပညာကောလိပ်နှင့် ဟားဗတ်တက္ကသိုလ်တို့တွင် သင်္ချာသင်ကြားပေးခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် သူသည် Stony Brook တက္ကသိုလ်၏ သင်္ချာဌာနတွင် ဌာနမှူးအဖြစ်တာဝန်ပေးခြင်း ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် Simons သည် အရာဝတ္တုတစ်ခု၏ ရှုထောင့်မျက်နှာပြင်အမျိုးမျိုးကို ချုံ့ခြင်းနှင့် ပုံသဏ္ဌာန်ဖော်ထုတ်ခြင်းတို့ကို ရုပ်လုံးသစ်ဖော်ထုတ်ခြင်းကို လုပ်ဆောင်နိုင်ခဲ့သဖြင့် ဂျီဩမေတြီအထူးပြုဖြင့် အမေရိကန်သင်္ချာအသင်း၏ Oswald Veblen ဆုကို ရရှိခဲ့သည်။

သူ၏ ၈ ဘက်မြင် ဘရန်စတိန်း ခန့်မှန်းချက်သက်သေနှင့် သေချာသော “regularity” တိုးတက်မှု ရလဒ်တို့ကြောင့် Wendell Fleming ဝန်ဒဲလ် ဖလိန်းမင်း ၏ Plateau ပြောင်းလဲခြင်းပြဿနာကို ဖော်ထုတ်နိုင်ခဲ့သည်။ သူ၏ အထူးချွန်ဆုံးသုတေသနတွင် တိကျသောဂျီဩမေတြီတိုင်းတာချက်များကို ရှာဖွေလေ့လာမှတ်တမ်းပြုခြင်းနှင့် (Chern-Simons ၏ပုံသေကိန်းများ သို့မဟုတ် Chern-Simons သီအိုရီဟုလည်း လူသိများသော) Chern-Simons ပုံစံကို ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် သူ၏ သီအိုရီကို Characteristic Form နှင့် Geometric Invariants အဖြစ် ကွဲပြားသော Geometer ဖြစ်သည့် Shiing-Shen Chern ၏ ပူးတွဲမှုဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုသီအိုရီကို ရူပဗေဒသီအိုရီပိုင်းများတွင်လည်း ရောနှောသီအိုရီအဖြစ် အသုံးပြုကြသည်။ ၁၉၇၈ ခုနှစ်တွင် သူသည် ကုန်သွယ်ရောင်းဝယ်မှုနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရန် ပညာရေးလောကကို စွန်ခွာခဲ့သည်။

Renaissance Technologies[ပြင်ဆင်ရန်]

ဆယ်စုနှစ် ၂ ခုကျော်အတွင်း ကမ္ဘာတလွှား၏ ဈေးကွက်များတွင် ရောင်းဝယ်ဖောက်ကားနေသော သူ၏ “Renaissance Technologies” အရံငွေကြေးအင်အားစုသည် သင်္ချာဆိုင်ရာ စံနမူနာများကို ခွဲခြမ်းပြီး ကုန်သွယ်မှုတွင် အသုံးချနိုင်သော အလုပ်ပေါင်းများစွာကို ခန့်ထားနိုင်ခဲ့သည်။ သူတို့ကုမ္ပဏီသည် ငွေကြေးဈေးကွက်တွင် ရောင်းဝယ်မှုတန်ဖိုးပြောင်းလဲခြင်းများကို ခန့်မှန်းနိုင်ရန် ကွန်ပျူတာအခြေခံသော နမူနာများကို အသုံးပြုသည်။

ထိုနမူနာများသည် စုဆောင်းရရှိသမျှ အချက်အလက်များအတိုင်း ခွဲခြမ်းတွက်ချက်ပြီး မပြောင်းလဲသော အချက်များကို ခန့်မှန်းရှာဖွေပေးသည်။ ကုမ္ပဏီက သင်္ချာပညာရှင်များ၊ ရူပဗေဒပညာရှင်များနှင့် သရုပ်ပြဂဏန်းကျွမ်းကျင်သူများ အပါအဝင် ငွေကြေးအင်အားမရှိသော ပညာရှင်များစွာကို အလုပ်ပေးခဲ့သည်။ နောက်ဆုံးရင်းနှီးမှုမှာ Renaissance Institutional Equities Fund (RIEF)ဖြစ်သည်။

RIEF သည် အဖွဲ့ဥက္ကဋ္ဌ၏ ကိုယ်ပိုင်ငွေများပါဝင် တည်ထောင်ထားသော အခြားရန်ပုံငွေအဖွဲ့ဖြစ်သည့် လူသိများသော Medallion Fund ကို ရှေးရိုးနည်းအတိုင်း လုပ်ဆောင်ထားသည်။

“တခြားနယ်ပယ်တစ်ခုမှာ သင်္ချာ စွမ်းရည်အောင်မြင်မှုတွေ အကြီးအကျယ် ရရှိနေတာကိုမြင်ရတာဟာ တုန်လှုပ်ချောက်ချားစရာပါပဲ ” ဟု ပရင်စတန် တက္ကသိုလ်၏ အဆင့်မြင့်ပညာသင်ကြားရေး ကျောင်းမှ ရူပဗေဒပါမောက္ခဖြစ်သူ Edward Witten က ပြောခဲ့ပြီး သူ၏ ထင်မြင်ချက်များသည် ထင်ရှားသော ရူပဗေဒပညာရှင် အဖြစ် သီအိုရီပိုင်းအရ များစွာလက်ခံကြသည်။ (၂၀၀၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် Wall Street ဂျာနယ်မှ Gregory Zuckerman ၏ “heard on the Street” )

၂၀၀၆ ခုနှစ်တွင် Simons ကို နှစ်တစ်နှစ်၏ အကောင်းဆုံး ဘဏ္ဍာရေးအင်ဂျင်နီယာအဖြစ် နိုင်ငံတကာ ဘဏ္ဍာရေးအင်ဂျင်နီယာအသင်းမှ ပေးအပ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် သူသည် ပုဂ္ဂလိကဝင်ငွေ ၂.၈ ဘီလျံဒေါ်လာရှိပြီး ၂၀၀၆ ခုနှစ်တွင် ၁.၇ ဘီလျံဒေါ်လာ၊ ၂၀၀၅ ခုနှစ်တွင် ၁.၅ ဘီလျံဒေါ်လာ (ထိုနှစ်၏ အာမခံရန်ပုံငွေမန်နေဂျာများတွင် အများဆုံးငွေကြေးရှင်)နှင့် ၂၀၀၄ ခုနှစ်တွင် ၆၇၀ မီလျံဒေါ်လာရှိသည်။ ပြင်ပရင်းနှီးမြှုပ်နှံသူများအတွက် ငွေကြေးသည် အလွန်ဆိုးရွာနေချိန်တွင် စတော့ဈေးကွက်ကို တည်ငြိမ်စွာဆက်လက်ထိန်းထားရန် Renaissance ၏ ကုမ္ပဏီတွင်းလည်ပတ်ငွေကို မည်သို့စီမံသည်ကို လေ့လာသူများက သိလိုကြသည်။

ဖောက်ဖျက်မှုသည် Nova Fund နှင့်ဆက်စပ်မှုရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းစုသည် အတွင်းလည်ပတ်ငွေများအကျုံးဝင်နေသော ဝင်ငွေများစွာရရှိနေသည်။ ဥက္ကဋ္ဌ James Simons ၏ Stony Brook တက္ကသိုလ်ဖောင်ဒေးရှင်း သည် ဘားနက် မက်ဒေါ့ဖ် ၏ Ponzi စီမံကိန်းတွင် ၅.၄ မီလျံဒေါ်လာ ဆုံးရှုံးသွားခဲ့သည်။ Stony Brook သည် ၁၉၉၁ ခုနှစ်ကတည်းက Madoff တွင် စာရင်းသေဖြင့် ရင်းနှီးမြှုပ်နှံခဲ့သည်။ Simons သည် Stony Brook ဖောင်ဒေးရှင်း၌ ဥက္ကဋ္ဌဖြစ်နေစဉ် ကျောင်းသား ၂ သောင်း ၄ ထောင်ရှိသော ကျောင်းကို မစ္စတာ Madoff ထံတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့သည်။

ထိုကောလိပ်ကို Bernard Madoff ဖြင့် မိတ်ဆက်ပေးခဲ့၏။ သူ၏မိသားစု ဖောင်ဒေးရှင်းသည်လည်း မက်ဒေါ့ဖ် ထံတွင် ငွေကြေးရင်းနှီးမှုများရှိခဲ့သည်။ ထိုဖောင်ဒေးရှင်းကို သူ၏ဇနီးဖြစ်သူ မာရီလင်း စီမွန်က ဦးစီးလုပ်ကိုင်နေသည်။ သူကိုယ်တိုင်ကမူ အတွင်းရေးမှူးနှင့် ဘဏ္ဍာထိန်းသိမ်းသူအဖြစ် တာဝန်ယူသည်။


ကုသိုလ်ဖြစ် လှူဒါန်းမှုများ[ပြင်ဆင်ရန်]

ဆီမွန် ၏ ချမ်းသာကြွယ်ဝမှုများကို သူ၏ လူမှုရေးလုပ်ငန်းများစွာတို့တွင် ရန်ပုံငွေအဖြစ် ရင်းနှီးမြှုပ်နှံခဲ့သည်။ သူသည် သင်္ချာဆိုင်ရာသိပ္ပံပညာရပ်၏ ထောက်ပံ့သူဖြစ်ပြီး သုတေသနစီမံကိန်းများ၊ ဥက္ကဋ္ဌများ၊ အမေရိကန်နှင့်နိုင်ငံရပ်ခြားများတွင် ဟောပြောပွဲများကိုလည်း စီစဉ်ထောက်ပံ့ခဲ့သည်။

သူနှင့် သူ၏ ဒုတိယဇနီးဖြစ်သူ မာရီလင်း ဟောရီ ဆီမွန် တို့သည် ပညာရေးနှင့် ကျန်းမာရေးအပြင် သိပ္ပံသုနေသနလုပ်ငန်းများကိုပါ ထောက်ပံ့ပေးသော လှူဒါန်းမှုအဖွဲ့အစည်းကြီးဖြစ်သည့် Paul Simons ဖောင်ဒေးရှင်းကို ပူးတွဲတည်ထောင်ခဲ့ကြသည်။ ထိုဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌအဖြစ် Marilyn က တာဝန်ယူခဲ့ပြီး Jim က ဘဏ္ဍာထိန်းသူ အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။

သူ၏ ပထမဇနီးဖြစ်သူ Barbara Simons နှင့်ရရှိခဲ့သော သားဖြစ်သူ Paul အတွက် အထိမ်းအမှတ် အနေဖြင့် သူသည် Stony Brook တွင် ဧက ၁၃၀ (0.53 km2) အကျယ်အဝန်းရှိသော Avalon အမည်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥယျာဉ်တစ်ခုကို တည်ဆောက်ခဲ့သည်။

၁၉၉၆ ခုနှစ်က အသက် ၃၄ နှစ်အရွယ် ပေါလ် သည် ဆီမွန် အိမ်အနီးတွင် စက်ဘီးစီးနေစဉ် ကားတိုက်မှုဖြင့် သေဆုံးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် နစ်ခ် သည် အင်ဒိုးနီးရှား၊ ဘာလီခရီးတွင် ရေနစ်သေဆုံးခဲ့သည်။ နစ်ခ် သည် နီပေါလ်တွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ဆီမွန် မိသားစုသည် Nick Simons Institute အနေဖြင့် နီပေါလ်ကျန်းမာရေးဌာနသို့ အလှူငွေများစွာ လှူဒါန်းခဲ့ကြသည်။

ဂျင်မ်ဆီမွန် သည် ပြည်သူပိုင်ကျောင်းများတွင် သင်္ချာပညာရပ်ကို မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် အကျိုးစီးပွားမဲ့အဖွဲ့အစည်းဖြစ်သည့် Math for America ကိုလည်း တည်ထောင်ခဲ့သည်။ ၂၀၀၆ ခုနှစ် အစောပိုင်းတွင် သူသည် ၂၀၀၆ ခုနှစ်၏ Relativistic Heavy Ion Colliderကြောင့် စီမံကိန်းများရပ်ပစ်ရမည်ကဲ့သို့ ဖြစ်နေပြီး Brookhaven အမျိုးသားဓာတ်ခွဲခန်း၌ ဘဏ္ဍာရေးကျဆင်းနေချိန်တွင် ၁၃ မီလျံဒေါ်လာကို လှူဒါန်းကာ Renaissance Technologies Corporation နှင့် Brookhaven သိပ္ပံအဖွဲ့အစည်းတို့၏ ဒါရိုက်တာအဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင်ပင် သူသည် Stony Brook ဖောင်ဒေးရှင်းမှတဆင့် Stony Brook တက္ကသိုလ်သို့ ၂၅ မီလျံဒေါ်လာ လှူဒါန်းခဲ့သည်။ ထိုလှူဒါန်းမှုသည် တက္ကသိုလ်၏ သင်္ချာနှင့် ရူပဗေဒဌာနတို့၏ အကျိုးကိုရည်ရွယ်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ တွင် Stony Brook ၌ ပထဝီနှင့် ရူပဗေဒအတွက် Simons စင်တာကို တည်ထောင်ရန် Simons ဖောင်ဒေးရှင်းမှ ၆၀ မီလျံဒေါ်လာ လှူဒါန်းကြောင်း ဝန်ကြီး Eliot Spitzer က ကြေညာခဲ့ပြီး နယူးယောက်ခ်မြို့သမိုင်းတွင် အကြီးမားဆုံးသော ပြည်သူပိုင်တက္ကသိုလ်သို့ လှူဒါန်းမှုဖြစ်သည်။


Autism သုတေသန[ပြင်ဆင်ရန်]

(ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသော အထီးကျန်စိတ်ဝေဒနာ)

ဆီမွန် သည် သူပိုင်ဆိုင်သော ငွေကြေးများအား မည်သို့သုံးစွဲရမည်ကို သေချာတိကျစွာ သိရှိ စီမံခန့်ခွဲချိန်တွင် မိသားစုပိုင်လှူဒါန်းမှု ဖောင်ဒေးရှင်းကြီးသည် လက်ရှိနှစ်များအတွင်း ဖြစ်ပေါ်လာခဲ့သော Autism (ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသော အထီးကျန်စိတ်ဝေဒနာ)နှင့် ပတ်သက်၍ အဖြေရှာရန် ၃၈ မီလျံဒေါ်လာကို အသုံးပြုခဲ့ပြီး ထိုဝေဒနာသုတေသန လုပ်ငန်းများတွင် ၁၀၀ မီလျံဒေါ်လာ ထပ်မံရင်းနှီးမြှုပ်နှံရန်လည်း အစီအစဉ်ရှိခဲ့သည်။

လေ့လာမှုလုပ်ငန်းများအတွက် Simons သည် သူ၏မိသားစု DNA များကိုပါ ထောက်ပံ့ပေးခဲ့ပြီး သုတေသနပြဿနာများ အဖြေရှာရာတွင်လည်း ကူညီခဲ့သည်။ MIT က ဦးနှောက်သုနေသနအတွက် ရန်ပုံငွေတောင်းခံသောအခါ သူက စီမံကိန်းကြီးသည် Autism ကိုသာ အာရုံထားရမည်ဖြစ်ပြီး သူရွေးချယ်သော သိပ္ပံပညာရှင်များကိုပါ ထည့်သွင်းရမည်ဟု စည်းကမ်းချက်အဖြစ် တောင်းဆိုခဲ့သည်။ ၂၀၀၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် Simons ဖောင်ဒေးရှင်းက ပထမဆုံးသော “Autism သုတေသန ဆွေးနွေးမှုစကားဝိုင်း”ကို နယူးယောက်ခ်မြို့၌ တာဝန်ခံကျင်းပခဲ့ပြီး တစ်ရက်တာဆွေးနွေးပွဲတွင် ထိုစိတ်ဝေဒနာဖြစ်ပေါ်ရမှု၊ ဝေဒနာကိုစားရန် ထိရောက်သည့်နည်းနှင့် ထိုဝေဒနာခံစားရသူများ၏ ဇီဝဗေဒဆိုင်ရာ ပြောင်းလဲခြင်းများလေ့လာမှုတို့အပေါ် အသားပေးကာ ဆွေးနွေးခဲ့သည်။

တက်ရောက်သူများထဲတွင် David Amaral, Dr. Eric Courchesne, Dr. Nathaniel Heinz, Tom Insel, MD, Catherine Lord, PhD, Dr. Fred Volkmar နှင့် Dr. Paul Greengard တို့ပါဝင်သည်။ Simons ဖောင်ဒေးရှင်းက ယေးလ်တက္ကသိုလ် ကလေးသုတေသနစင်တာရှိ သုတေသီ နှစ်ဦးအား Autism ၏ မျိုးရိုးဗီဇလွှမ်းမိုးမှုကို လေ့လာစမ်းသပ်ရန်အတွက် ၁၀ မီလျံဒေါ်လာ ထောက်ပံ့ပေးလျက် ရှိသည်။

Boardroom ချိန်းဆိုမှုများ[ပြင်ဆင်ရန်]

Simons သည် Brookhaven အမျိုးသားဓာတ်ခွဲခန်း၏ ဘဏ္ဍာထိန်းအဖြစ်လည်းကောင်း၊ အဆင့်မြင့်ပညာသင်ကြားမှု ကောလိပ်၊ Rockefeller တက္ကသိုလ်နှင့် Berkeley ရှိ သင်္ချာဆိုင်ရာ သိပ္ပံသုတေသနကျောင်း၏ ဘဏ္ဍာထိန်းအဖြစ်လည်း ဆောင်ရွက်သည်။ သူသည် MIT ကော်ပိုရေးရှင်း၏ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ကြွယ်ဝမှု[ပြင်ဆင်ရန်]

Simons သည် ၂၀၀၈ ခုနှစ်ဝင်ငွေခန့်မှန်းချေ ၂.၅ ဘီလျံဒေါ်လာရှိပြီး စုစုပေါင်းကြွယ်ဝမှု ၈.၅ ဘီလျံဒေါ်လာရှိသဖြင့် Forbes မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံး လူ ၈၀ စာရင်းတွင် အမေရိကန်၌ ၂၉ ယောက်မြောက် အချမ်းသာဆုံးအဖြစ် သတ်မှတ်ခံရသည်။ သူ့ကို ၂၀၀၆ ခုနှစ် ငွေကြေးဆိုင်ရာအဖွဲ့က “ကမ္ဘာ့အထူးချွန်ဆုံးဘီလျံနာ”ဟု သတ်မှတ်ကြသည်။