မာတိကာသို့ ခုန်သွားရန်

ဂျာမန်အသံ

ဝီကီပီးဒီးယား မှ
Deutsche Welle
အမျိုးအစားInternational public broadcaster
နိုင်ငံဂျာမနီနိုင်ငံ
တည်ထောင်သည့်နှစ်၃ မေလ ၁၉၅၃
ဌာနချုပ်ဘွန်းမြို့, ဂျာမနီနိုင်ငံ
ထုတ်လွှင့်သည့် ဧရိယာ
ပြည်တွင်း နှင့် ကမ္ဘာတစ်ဝန်း
စတင်ထုတ်လွှင့်သည့်ရက်
၃ မေလ ၁၉၅၃
မိတ်ဖက်အဖွဲ့အစည်းWorld Radio Network
တရားဝင် ဝက်ဘ်ဆိုဒ်
dw.com

Deutsche Welle (အသံထွက် – ဒွက်ရှာ ဗှယ်လာ) သို့မဟုတ် DW သည် ဂျာမနီနိုင်ငံမှ နိုင်ငံတကာသို့ ထုတ်လွှင့် အသံလွှင့် သတင်းဌာန ဖြစ်သည်။ နိုင်ငံတကာရှိ ပရိသတ်များသို့ ဦးတည် ထုတ်လွှင့်သည်။ သတင်းနှင့် သုတ နည်းပညာများကို လှိုင်းတို၊ အင်တာနက်နှင့် ဂြိုဟ်တုမှ ထုတ်လွှင့်သည့် ရေဒီယိုများကို ဘာသာစကား ၃၀ ဖြင့် ထုတ်လွှင့်သည်။ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို ဘာသာစကား ၄ မျိုးဖြင့် ထုတ်လွှင့်သည်။ ဒွက်ရှာ ဗှယ်လာ ၏ အဓိပ္ပာယ်မှာ "ဂျာမန် အသံ" ဟု အဓိပ္ပာယ် ရသည်။ "မြန်မာ့အသံ" ကဲ့သို့သော အဓိပ္ပာယ်မျိုး ဖြစ်သည်။

DW ကို ၁၉၅၃ ခုနှစ် ကတည်းကပင် အသံလွှင့် လုပ်ကိုင်သည်။ ၂၀၀၃ ခုနှစ်ထိတိုင် ကိုလုန်းမြို့မှ ထုတ်လွှင့်ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ဘွန်းမြို့ မှ ထုတ်လွှင့်သည်။ ရုပ်မြင်သံကြား အစီအစဉ်ကိုဘာလင်မြို့ မှ ထုတ်လွှင့်ကာ အင်တာနက် စာမျက်နှာများ စီစဉ် ရေးသားခြင်းကိုဘာလင်မြို့ နှင့် ဘွန်းမြို့ တို့မှ ထုတ်လုပ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၅၃ ခုနှစ် မေလ ၃ ရက်နေ့တွင် ထိုအချိန်က အနောက် ဂျာမနီနိုင်ငံ၏ သမ္မတ သီရိုဒို ဟက်(စ်) ၏ မိန်းခွန်းတစ်ခုဖြင့် လှိုင်းတို ရေဒီယို ထုတ်လွှင့်ခြင်း စတင်သည်။ ၁၉၆၀ ခုနှစ်တွင် လွတ်လပ်စွာ စီမံ ခန့်ခွဲနိုင်သည့် ပြည်သူ့ ဝန်ဆောင်မှုကဏ္ဍ ဖြစ်လာသည်။ တရားရုံး၏ ဆုံးဖြတ်ချက်အရ ပြည်ထောင်စု အစိုးရ၏ နိုင်ငံခြားရေး လုပ်ငန်းများထဲမှ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်လာသည်။

ထုတ်လွှင့်သည့် ဘာသာစကားများ

[ပြင်ဆင်ရန်]

၁၉၅၃ ခုနှစ်တွင် (အက္ခရာစဉ်အတိုင်း)

  • ဂျာမန်
  • ပြင်သစ်
  • အင်္ဂလိပ်

၁၉၅၄ ခုနှစ်တွင် (အက္ခရာစဉ်အတိုင်း)

  • ချက်
  • ဂျပန်
  • ဂရိ (ခေတ်ပေါ်)
  • စပိန်
  • စလိုဗက် (ယခင် ချက်ကိုစလိုဗက်ကီးယားတွင် သုံး)
  • ဆဗ်–ခရိုအေးရှန်း
  • ဆလိုဗင်း (ဆလိုဗေးနီးယား နိုင်ငံတွင် သုံး)
  • ဆွာဟီလီ (အာဖရိကတိုက်တွင် သုံး)
  • တရုတ်
  • တူရကီ
  • ဒတ်(ခ်ျ)
  • ဒန်းနစ် (ဒိန်းမတ် နိုင်ငံသုံး)
  • ဒါရီ (အာဖဂန်နစ္စတန် နိုင်ငံတွင်သုံး)
  • နော်ဝေး
  • ပထန် (အာဖဂန်နစ္စတန် နိုင်ငံတွင်သုံး)
  • ပါရှား
  • ပိုလန်
  • ပေါ်တူဂီ
  • ဘင်္ဂါလီ
  • ဘူ(လ်)ဂေးရီးယန်း
  • မက်စီဒိုးနီးယန်း
  • ယူကရိန်း
  • ရိုမေးနီးယန်း
  • ရုရှ
  • ဟင်ဒီ (အိန္ဒိယ နိုင်ငံတွင် သုံး)
  • ဟန်ဂေရီ
  • အမ်ဟဲရစ် (အီသီယိုးပီးယား နိုင်ငံတွင်သုံး)
  • အယ်(လ်)ဘေးနီးယား
  • အာရပ်
  • အီတာလျံ
  • အူ(ရ်)ဒူ

တို့ဖြင့် ထုတ်လွှင့်သည်။

ကိုးကား

[ပြင်ဆင်ရန်]