ဂျယ်လတင်း

ဝီကီပီးဒီးယား မှ

ဂျယ်လတင်း[ပြင်ဆင်ရန်]

တိရစ္ဆာန်တို့၏ အရိုး၊ ဦးချိုနှင့် ခွာများကို အက်ဆစ် အပျော့ရည်ထဲတွင် စိမ်လိုက်လျှင် အချို့သော အစိတ်အပိုင်း များသည် အရည်ပျော်သွား၍ အချို့သည် အရည်မပျော်ဘဲ ကျန်ခဲဲ့သည်။ အရည်မပျော်ဘဲ ကျန်ခဲ့သော အစိတ်အပိုင်း များကို ရေတွင်ထည့်၍ ပြုတ်လိုက်လျှင် ကော်ရည်ဖြစ်လာ သည်။ အရောင်မှာ ဝါတာတာရှိ၍ အရသာမရှိချေ။ ခဲသွား သောအခါ မာ၍ဆတ်လာသည်။ ထိုကော်ကို ဂျယ်လတင်းဟု ခေါ်သည် ကျောက်ကျောဟုခေါ်သည့် ငါးစည်ဖောင်းကော်မှာ ဂျယ်လတင်း အကောင်းဆုံးအစားဖြစ်၍ ယင်းတို့ လူတို့ စားသုံးနိုင်သည်။


စက်မှုလက်မှုလုပ်ငန်းတွင် ဂျယ်လတင်းကို များစွာ အသုံး ပြုကြသည်။ ဂျယ်လတင်းသန့်သန့်ကို သရေစာမုံ့နှင့် အခြား အစားအသောက်များ ပြုလုပ်ရာတွင် အသုံးပြု၍ ဂျယ်လတင်း အညံ့စားကိုမူ ကော်အဖြစ်ဖြင့် အသုံးပြုကြသည်။ ဂျယ်လတင်း မှရသော ကော်သည် အလွန်စေးကပ်သဖြင့် ပစ္စည်းများဆက်စပ် ရာ၌ အသုံးပြုသည်။ ဂျယ်လတင်းအညံ့စားကို ဆာလဖျူရစ် အက်ဆစ်ရည်နှင့် သန့်အောင်ပြုလုပ်လိုက်သောအခါ အရောင် ဖြူလာ၍ အလင်းမပေါက် တစ်ပေါက်ရှိသော ဂျယ်လတင်း အကောင်းစားကိုရသည်။ ဂျယ်လတင်းကို အစားအသောက်များ မာလာစေရန်နှင့် အရက်များကို သန့်အောင်လုပ်ရာ၌လည်း အသုံးပြုသည်။ အချောင်းလိုက်လှီးဖြတ်၍ ဈေးတွင် ရောင်းချ ကြသော ကျွဲကော်မှာ ဂျယ်လတင်းအညံ့စားပင် ဖြစ်၏။

ကျွဲကော်ကို ပုံနှိပ်စက်မင်လုံးများ သွန်းလုပ်ရာတွင် အဓိက အသုံးပြုကြသည်။ ဂျယ်လတင်းကို ဆေးလုံးများ အပြင်ဘက်မှ သုတ်လိမ်းပေးရာတွင်စ္ဆင်း၊ သားရေနယ်လုပ်ငန်း၊ ဆေးဆိုး လုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ရေခံပစ္စည်းလုပ်ငန်း၊ မင်လုပ်ငန်း၊ သားရေတုလုပ်ငန်းတို့တွင်စ္ဆင်း များစွာ အသုံးပြုကြသည်။ ဓာတ်ပုံရိုက်မှန်နှင့် ရုပ်ရှင်ကော်ပြားများ ပြုလုပ်ရာတွင်လည်း ဂျယ်လတင်းကော်ကို အခြေခံပစ္စည်းအဖြစ်ဖြင့် အသုံးပြုကြ လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)