မာတိကာသို့ ခုန်သွားရန်

ဂျယ်ရီ ယန်း

ဝီကီပီးဒီးယား မှ
Jerry Yang
楊致遠
Jerry Yang
မွေးဖွား၁၉၆၈ နိုဝင်ဘာ ၆
ထိုင်ပေမြို့တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)
အလုပ်အကိုင်Co-founder, former CEO, Chief Yahoo, Yahoo! Inc
လစာ$250,000.00 [][]
ကြွယ်ဝမှုIncrease $1.15 billion (2010)[]
အိမ်ထောင်ဖက်(များ)Akiko Yamazaki

ဂျယ်ရီ ယန်း (Jerry Yang; 楊致遠) သည် အင်တာနက် ရှာဖွေရေးကုမ္ပဏီ Yahoo! အား ပူးတွဲ တည်ထောင်သူ၊ ယင်းကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ဟောင်းနှင့် Yahoo! ၏ အကြီးအကဲအဖြစ် ရပ်တည်နေသူဖြစ်သည်။

ငယ်စဉ်ဘဝ

[ပြင်ဆင်ရန်]

ယန်းအား ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ထိုင်ဝမ် ထိုင်ပေမြို့၌ မွေးဖွားခဲ့သည်။ အသက် ၁၀ နှစ်အရွယ်တွင် ၎င်း၏ မိခင်၊ ညီငယ်တို့နှင့်အတူ အမေရိကန် ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ယန်း အသက် ၂ နှစ်မှာပင် ဖခင်ကွယ်လွန်ခဲ့သည်။

မိခင်မှာ အင်္ဂလိပ်စာ ဆရာမ ဖြစ်သော်လည်း ယန်း အမေရိကသို့ ရောက်ရှိလာချိန်တွင် Shoe (ဖိနပ်) ဟူသော အင်္ဂလိပ် စာလုံး တစ်လုံးကိုသာ သိသည်ဟု ယန်းက ဆိုသည်။ ယန်းသည် ၃ နှစ်အတွင်း အင်္ဂလိပ်စကား ရေလည်လာခဲ့ပြီး အေပီ အင်္ဂလိပ်စာ သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့သည်။

ယန်းသည် အမေရိက၌ပင် အလယ်တန်းနှင့် အထက်တန်း ပညာများ သင်ယူခဲ့ပြီး အဆင့်မြင့်ပညာရေးအတွက် စတန်းဖို့ဒ် တက္ကသိုလ်တွင် တက်ရောက်ခဲ့သည်။ စတန်းဖို့ဒ် တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ် အထူးပြုဖြင့် ရိုးရိုးသိပ္ပံဘွဲ့နှင့် မဟာဘွဲ့များ ရရှိခဲ့သည်။

လုပ်ငန်း

[ပြင်ဆင်ရန်]

စတန်းဖို့ဒ် တက္ကသိုလ်၌ ပညာသင်ကြားနေစဉ်မှာပင် ဂျယ်ရီ ယန်းသည် ဒေးဗစ် ဖီလို (David Filo) နှင့်အတူ ‘Jerry's and Dave's Guide to World Wide Web’ ဟူသော အင်တာနက် ဝက်ဘ်ဆိုက်ကို စတင်ဖန်တီးခဲ့သည်။ ၎င်းနောက် ဝက်ဘ်ဆိုက်အား Yahoo! ဟု အာမေဍိတ်သ့အဖြစ် ပြောင်းလဲခဲ့သည်။ Yahoo! ဝက်ဘ်ဆိုက် လူကြိုက်များလာသောအခါ ၁၉၉၅ ခုနှစ်တွင် ဂျယ်ရီ ယန်းနှင့် ဒေးဗစ် ဖီလိုတို့ ပူးတွဲ၍ Yahoo! Inc. ကို တည်ထောင်လိုက်သည်။ ၎င်းတို့ ဒေါက်တာဘွဲ့ယူမည့် အစီအစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ကြသည်။

Yahoo! ကို ဝက်ဘ်ဆိုက် ပေါ်တယ် အဖြစ် စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပြီး အင်တာနက်ပေါ်မှ ရရှိနိုင်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အင်တာနက် လမ်းညွှန်စာအုပ်သဖွယ် ဖော်ပြပေးခဲ့သည်။ ယခုအခါ Yahoo! မှာ အင်တာနက်တွင် လူသိအများဆုံး အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး တယ်လီဖုန်းကုမ္ပဏီများနှင့် ချိတ်ဆက်ထား၍လည်း Yahoo! မှာ လူသုံးအများဆုံး ကွန်ရက်လုပ်ငန်းအဖြစ် ရပ်တည်နေသည်။

ဂျယ်ရီ ယန်းသည် ၂၀၀၈ ခုနှစ်တွင် Yahoo! ၏ အမှုဆောင် အရာရှိချုပ် အဖြစ်မှ ဆင်းပေးမည်ဟု ပြောကြားခဲ့သည်။ ဂျယ်ရီ ယန်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ပြစ်တင်ပြောကြားမှု ခံရပြီး Yahoo! ၏ ဝင်ငွေများ ပိုမိုတိုးတက်အောင် မရှာဖွေခြင်း၊ စတော့ရှယ်ယာဈေးနှုန်းကို မတိုးမြှင့်ခြင်း အတွက်လည်း ဝေဖန်ခံနေရသည်။ မိုက်ခရိုဆော့ဖ် (Microsoft) မှနေ၍ Yahoo! ၏ ရှယ်ယာများကို ရှယ်ယာ ၁ ခုလျှင် အမေရိကန်ဒေါ်လာ ၃၃ ဒေါ်လာဖြင့် ကမ်းလှမ်းခြင်းကို ဖယ်ချခဲ့ခြင်းအတွက်လည်း ဂျယ်ရီ ယန်းအား အစုရှယ်ယာရှင်များက ဝေဖန်ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် Yahoo! က ဆီလီကွန် တောင်ကြား (silicon valley) ဝါရင့်တစ်ဦးဖြစ်သူ ကာရိုး ဘက်ဇ် (Carol Bartz) အား အမှုဆောင် အရာရှိချုပ်အဖြစ် ရွေးချယ်ခဲ့သော်လည်း ဂျယ်ရီ ယန်းသည် ရာဟူးအကြီးအကဲ (chief Yahoo) ဖြစ်နေသေးသကဲ့သို့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်ဆက် ရပ်တည်နေဆဲဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 10-Q Watch: Yahoo's Acquisitions; Yang Salary | paidContent.org 10 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2011 တွင် ပြန်စစ်ပြီး။
  2. Yahoo! Executives Compensation 23 September 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2011 တွင် ပြန်စစ်ပြီး။
  3. "#773 Jerry Yang - Forbes.com"၊ Forbes 10 March 2011 တွင် ပြန်စစ်ပြီး Archived from the original on 3 January 2021။