ဂျစ်ကား

ဝီကီပီးဒီးယား မှ
ဂျစ်ကား (JEEP)
Jeep logo
ဂျစ်တံဆိပ်
စတင်ထုတ်လုပ်သည့်နှစ် ၁၉၄၁
စတင်ထုတ်လုပ်သည့်စက်ရုံ ခရိုက်စလာ
စတင်ထုတ်လုပ်သည့်နေရာ အိုဟိုင်းအိုးအမေရိကန်နိုင်ငံ
ဒီဇိုင်နာအင်ဂျင်နီယာများ Michael Manley

Sergio Marchionne

အမျိုးအစား Sport Utility Vehicle (SUV)
Website www.jeep.com
မူပိုင်တင်သူ Chrysler Group LLC

ဂျစ်ကားများကို ခရိုက်စလာ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီ မှ ၁၉၄၁တွင် စတင်ထုတ်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံစစ်တပ်များတွင် အသုံးပြုရန် ထုတ်လုပ်ခဲ့သည်။ အင်္ဂလိပ်စာလုံး JEEP သည် Just for Emergency & Economical Purposes ကိုအတိုကောက်ယူထားခြင်းဖြစ်သည်။ အရေးပေါ်၊ငွေကြေးသက်သာစွာအသုံးပြုရန်ဟု အဓိပ္ပာယ် ဖွင်ဆိုနိုင်သည်။ ပြည်သူများအသုံးပြုနိုင်ရန်အတွက် ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၅တွင် အရပ်သားသုံးဂျစ်ကားများကိုစတင်ထုတ်လုပ်ခဲ့သည်။ ဂျစ်ကားများသည် ရှေးအကျဆုံး လမ်းကြမ်းတွင်မောင်းနှင်နိုင်သည့် ယာဉ်အမျိုးအစားဖြစ်ပြီး၊ ၎င်းတို့သည် Sport Utility Vehicle (SUV) အမျိုးအစားလည်းဖြစ်သည်။ Land Rover, Land Cruiser, Hilux Surf အစရှိသော Light Utility Vehicle (LUV) များ၏ ရှေ့ပြေးယာဉ်အမျိုးအစားလည်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် နှင့် မဟာမိတ်စစ်တပ်များအတွင်းရေပန်းအစားဆုံးဂျစ်ကားသည် Bantam BRC ဂျစ်ကားဖြစ်ပြီး ၎င်းတို့သည် လေးဘီးမောင်းစနစ် (4 Wheel Drive System) ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ဂျစ်ကားပေါ်ပေါက်ချိန်မှစတင်ကာ ယနေ့ချိန်ထိ ဂျစ်ကားများကို ပုံစံအမျိုးမျိုး အသုံးပြုပုံအမျိုးမျိုးအတွက် အသုံးပြုကြသည်။