ဂျင်း-ဖရန်ဆွာ မီးယေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဂျီအင်းဖရန်ဆွာ မီးယေး(ခရစ် ၁၈၁၄ - ၁၈၇၅)သည် ထင်ရှားသော ပြင်သစ် ပန်းချီဆရာကြီး ဖြစ်သည်။ တောင်သူလယ်သမားတစ်ယောက် ဖြစ် ခဲ့သဖြင့် ကိုယ်တွေ့အားဖြင့် တောင်သူလယ်သမားတို့၏ သုခ၊ ဒုက္ခ အဝဝကို ကောင်းစွာ နားလည်သဘောပေါက်သူ ဖြစ်၏။ မီးယေး၏အကောင်းဆုံးလက်ရာများတွင် တောင်သူလယ်သမားတို့ နေ့စဉ်ကြုံ တွေ့ခံစားရမြဲဖြစ်သော ဆင်းရဲပင်ပန်းခြင်းကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားသဖြင့် တောင်သူလယ်သမားတို့၏ ဘဝနှင့် တော သဘာဝကို ရေးခြယ်တင်ပြသော ပန်းချီဆရာကြီးဟု ဆိုနိုင်လေ သည်။

မီးယေးကို ပြင်သစ်နိုင်ငံ မြောက်ပိုင်း ရှားဗုမြို့အနီးရှိ နော်မန်ရွာငယ်တစ်ရွာတွင် ၁၈၁၄ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ဖွားမြင်သည်။ သူ၏ မိဘများမှာ တောင်သူ လယ်သမား မျိုးရိုးမှ ဆင်းသက်လာကြသူများ ဖြစ်သည့်အလျောက် လယ်ယာ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးနေထိုင်ကြသည်။ ကလေးဘဝတွင် မီးယေးသည် မိဘများအား ကူညီလုပ်ကိုင်ပေးယင်း မိမိဝါသနာပါ သော ပုံဆွဲအတတ်ကို လေ့ကျင့်လေသည်။ သူတို့ လယ်တော ပတ်ဝန်းကျင်ရှိ သဘာဝရှုခင်းများကို အားလပ်ချိန်ရတိုင်း ကူးယူ ရေးခြယ်လေ့ရှိသည်။ မီးယေး၏ ဖခင်သည် လယ်သမား တစ်ယောက်ပင် ဖြစ်လင့်ကစား ယဉ်ကျေးမှုအနုပညာ၏ တန်ဖိုးကို ကောင်းစွာနားလည်သူဖြစ်သောကြောင့် သားဖြစ်သူ၏ ဝါသနာကို အားပေးခဲ့လေသည်။ မီးယေးသည် အသက် ၁၈ နှစ်ရှိသော အခါ သူတို့ရွာနှင့် မနီးမဝေးတွင် ရှိသော ရှားဗုမြို့သို့ သွားရောက်ပြီးလျှင် ဇန်လင်ဂလွိုင်း အမည်ရှိသော ပန်းချီဆရာတစ်ဦးထံ၌ ပန်းချီ အတတ်ကို လေ့လာဆည်းပူးစေလေသည်။ ၁၈၃၆ ခုနှစ်တွင် ရှားဗုမြို့မကောင်စီ အဖွဲ့ကပေးသော အထောက်အပံ့ဖြင့် ပန်းချီ ပညာကို ဆက်လက်ဆည်းပူးရန် ၁၈၃၇ ခုနှစ်တွင် ပြင်သစ်မြို့တော် ပါရစ်မြို့သို့ သွားရောက်လေသည်။

မီးယေးသည် ပါရစ်မြို့တော်တွင် အခက်အခဲနှင့် တွေ့ကြုံရ လေသည်။ သူသည် ရှေးဆန်သော နည်းစနစ်များကို သဘောမကျ သောကြောင့် ထိုစနစ်များအတိုင်းမဆွဲလိုဟု ငြင်းပယ်လေသည်။ သို့ရာတွင် ရှေးလက်ဟောင်းဆရာကြီးများ၏ ပန်းချီကားချပ်များ ကို အသစ်ရေးကူးပေးခြင်းဖြင့် သုံးစွဲလောက်ရုံမျှသော ငွေကို ရရှိခဲ့ သည်။ တစ်ကြိမ်တွင် သူသည် ပါရစ်မြို့မှ ရှားဗုမြို့သို့ပြန်သွားပြီး လျှင် ဆိုင်းဘုတ်များရေးခြင်းဖြင့် သူ့ကိုယ်သူ ထောက်ပံ့နိုင်ရန် ကြိုးစားသေးသည်။ ရှားဗုတွင်နေထိုင်စဉ် သူ၏ ပန်းချီလက်ရာအချို့ကို ပြပွဲပြုလုပ်၍ တင်ပြလေသည်။ ထိုအချိန်မှစ၍ မီးယေး၏ နာမည်မှာ ထင်ရှားကျော်ကြားလာလေတော့သည်။

သူ၏ပန်းချီကားအချို့ကို အဖိုးကောင်းကောင်းနှင့် ရောင်းရသဖြင့် ငွေအတော်အတန် ရရှိလေရာ ပါရစ်မြို့တွင်မနေတော့ဘဲ ၁၈၄၉ ခုနှစ်တွင် ဖောင်တိန်ဗလိုးတော အနီးရှိ ဗာဗီဇုံရွာတွင် အိမ်ကလေးတစ်အိမ်ကို ဝယ်ယူ လိုက်ပြီးလျှင် ထိုနေရာသို့သွားရောက်၍ ကွယ်လွန်သည့်တိုင် ၂၇ နှစ်မျှ နေထိုင်ကာ တောင်သူလယ်သမားတို့၏ ဘဝကို ဖော်ပြသော ပန်းချီကားများ တစ်ခုပြီးတစ်ခု ရေးဆွဲခဲ့လေသည်။ ထို ၂၇ နှစ်အတွင်းဝယ် ထင်ရှားသော ပန်းချီကား ၂ဝ ကျော်ကို ရေးဆွဲခဲ့၏။ ၁၈၅၇ ခုနှစ်တွင် ရေးဆွဲတင်ပြသော 'ကောက်သင်းကောက်' အမည်ခံ ပန်းချီကားချပ်မှာ ကောက်သိမ်းပြီးစအခါတွင် တောင်သူ တို့ထုံးစံအားဖြင့် လယ်ထဲတွင် အစအန အကြွင်းအကျန် ကောက် နှံများကို ကုန်း၍ကောက်နေကြသော ဆင်းရဲသူကောက်သင်းကောက် အမျိုးသမီး ၃ ယောက်၏ ပုံဖြစ်သည်။ ၁၈၅၉ ခုနှစ်တွင် တင်ပြသော'သအြန်ဂျီလပ်' ခေါ် အခြားပန်းချီကားတစ်ခုမှာလည်း တောင်သူလယ်သမားတို့၏ အယူဝါဒကိုင်းရှိုင်းမှုတွင် ရိုးသားဖြူစင် သည့်သဘောကို သရုပ်ဆောင်ထား၏။ ယင်းပန်းချီကားမှာ ရွာဦး ဘုရားရှိခိုးကျောင်း ခေါင်းလောင်းတီးလျှင် တောင်သူလယ်သမားနှင့် ဇနီးသည်တို့ အလုပ်ရပ်နား၍ ရိုကျိုးစွာ ဦးညွတ်ဝတ်ပြုနေပုံဖြစ် သည်။ ဤသို့နှင်နှင်ပင် 'သေမင်းနှင့် သစ်ခုတ်သမား'၊ 'ပေါက်ပြား နှင့်လူ'၊ 'သိုးထိန်းနှင့်သိုးအုပ်' အစရှိသည့် ပန်းချီကားများဖြင့် တောသဘာဝရှုခင်းကို မိမိမြင်ရသမျှ အပိုမပါစေဘဲ ပန်းချီရေး ခြယ်ခဲ့ပေသည်။ပန်းချီရေးခြယ်ရာ၌ မီးယေးသည် သူ၏ မှတ်ဉာာဏ်ကိုသာ အသုံးပြုလေ့ရှိသည်။ အတုခိုးစရာ ပုံစံ၊ ဇယားယူ၍ မထားရှိချေ။ သူအသုံးများသော ဆေးရောင်မှာ မွဲပြာရောင်နှင့် အညိုရောင်ဖြစ်သည်။ ဤအရောင်များသည် ပန်းချီကားအား ညို|းငယ်နွမ်းလျသော အသွင်ကို ဆေင်စေသည်။ မီးယေးသည် ကျေးတောသား လယ်သမားများ၏ ရုပ်ပုံများကို မီးသွေးဖြင့်လည်းကောင်း၊ စားဆေး ဖြင့်လည်းကောင် ရေးဆွဲခဲ့သေးသည်။ မီးယေးသည် မကွယ်လွန်မီ ဆင်းရဲနွမ်းပါးသွားသော်လည်း သူကွယ်လွန်ပြီးသည့် နောက်တွင်ကား သူ့ပန်းချီကားများသည် အလွန်အဖိုးတန်လာလေသည်။ သူသည် ၁၈၇၅ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ အသက် ၆၁ နှစ် အရွယ်တွင် ကွယ်လွန်ရာ၊ သူကွယ် လွန်ပြီးနောက် ၁၅ နှစ်အကြာတွင် ၁၈၅၉ ခုနှစ်တွင် ရေးဆွဲပြီး သော သအြန်ဂျီလပ် အမည်ရှိ သူ၏ ပန်းချီကားတစ်ကားကို ပြင်သစ်လူမျိုးသူဌေးတစ်ဦးက ငွေ ၆ သိန်းနှင့် ဝယ်ယူသွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)