ဂျက်လီ

ဝီကီပီးဒီးယား မှ
ဂျက်လီ
၂၀၀၉ ခုနှစ်ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ဂျက်လီ
ဇာတိ အမည်李连杰
မွေးဖွားLi Lianjie
(1963-04-26) ၂၆ ဧပြီ၊ ၁၉၆၃ (အသက် ၆၀)
ဘေဂျင်း, တရုတ်
နိုင်ငံသားစင်ကာပူ (၂၀၀၉မှ)
အမေရိကန် (၂၀၀၃-၂၀၀၉)
တရုတ် (၂၀၀၃အထိ)
အလုပ်အကိုင်
  • မင်းသား
  • သိုင်းပညာရှင်
  • ရုပ်ရှင်ဒါရိုက်တာ
  • ရုပ်ရှင်ထုတ်လုပ်သူ
  • စာရေးဆရာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၂–လက်ရှိ
အရပ်၁.၆၈ m (၅ ft ၆ in)
အိမ်ထောင်ဖက်(များ)Huang Qiuyan (လက်ထပ် 1987; ကွာရှင်း 1990)
Nina Li Chi (လက်ထပ် ၁၉၉၉)
သားသမီးသမီး ၄ ဦး
ရရှိသည့်ဆုများFull list
ဝက်ဘ်ဆိုဒ်jetli.com
တရုတ်အမည်
ရိုးရာ တရုတ်李連杰
ရိုးရှင်းသော တရုတ်李连杰
Li Yangzhong
ရိုးရာ တရုတ်李陽中
ရိုးရှင်းသော တရုတ်李阳中

Li Lianjie (၁၉၆၃ ဧပြီ ၂၆ တွင်မွေးဖွားသည်)၊ သူ၏အနုပညာအမည် ဂျက်လီဟု လူသိများသည်။ ဘေဂျင်းတွင် မွေးဖွားသော တရုတ်ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ၊ သိုင်းပညာရှင်နှင့် ဝူရှူးချန်ပီယံဟောင်းတစ်ဦး ဖြစ်သည်။ သူသည် စင်ကာပူနိုင်ငံသားပြုခွင့်ရသူတစ်ဦး ဖြစ်သည်။

ထင်ရှားသော ဝူရှူးဆရာဝူဘင်ဖြင့် သုံးနှစ်လေ့ကျင့်ပြီးနောက် လီသည် ဘေဂျင်းဝူရှူးအဖွဲ့ အတွက် သူ၏ပထမဆုံးအမျိုးသားချန်ပီယံဆုကို ရရှိခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဝူရှူးကနေအနားယူပြီးနောက် တရုတ်နိုင်ငံမှာ Shaolin Temple (1982) ရုပ်ရှင်ဖြင့် သူ့ရဲ့ပထမဆုံးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ချီးကျူးဂုဏ်ပြုခံခဲ့ရသည်။ အထူးသဖြင့် Zhang Yimou's Hero (၂၀၀၂)၊ Fist of Legend (၁၉၉၄) နှင့် ရိုးရာသူရဲကောင်း Wong Fei-hang ကိုပုံဖော်ခဲ့သည့် Once On a Time in China(၁၉၉၁-၁၉၉၃) ပထမရုပ်ရှင်ကားသုံးခုတွင် အဓိကသရုပ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ။

လီသည် တရုတ်မဟုတ်သည့်ရုပ်ရှင်တွင် ပထမဆုံးအခန်းကဏ္ဍ သည် Lethal Weapon 4 (၁၉၉၈) တွင် လူကြမ်းအဖြစ်နှင့် ဟောလိဝုဒ်ရုပ်ရှင်၌ ပထမဆုံး ဦးဆောင်မှုမှာ Romeo Must Die (၂၀၀၀) တွင် ဖြစ်သည်။ သူသည်ပြင်သစ်ရုပ်ရှင် Luc Besson မှထုတ်လုပ်သော Kiss of the Dragon (2001) နှင့် Unleashed (၂၀၀၅) အပါအဝင် အပြည်ပြည်ဆိုင်ရာအက်ရှင်ရုပ်ရှင်များတွင် ပါဝင်ခဲ့သည်။ သူသည် Jason Statham နှင့် တွဲဖက်၍ The One (၂၀၀၁) နှင့် War (၂၀၀၇) တွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။၊ The Forbidden Kingdom (၂၀၀၈) နှင့် ဂျက်ကီချန်း တို့နှင့်အတူ ပူးတွဲသရုပ်ဆောင်ခဲ့ပြီး Sylvester Stallone နှင့်အတူ The Expendables ရုပ်ရှင်ကားသုံးခုနှင့် The Mummy: Tomb of the Dragon Emperor (2008) ၏ လူကြမ်းမင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည်။

ဂျက်လီ၏ငယ်ဘဝ[ပြင်ဆင်ရန်]

ဟောင်ကောင်အက်ရှင်မင်းသား ဂျက်လီ

ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဂျက်လီတို့ မိသားစု ၏ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန် လှုပ်ရှားခဲ့ကြ ရသည်။ ဂျက်လီသည် ရှစ်နှစ်သားအရွယ်ကတည်းက ဝူရှူး သိုင်းပညာတွင် ပါရမီထူးချွန်ခဲ့သူ ဖြစ်သည်။ သူ၏ ဝူရှူးသိုင်း ပညာကို ပေကျင်းဝူရှူးအသင်းတွင် လေ့လာသင်ကြားခဲ့ပြီး ပုဂ္ဂလိက ရုပ်ရှင်ကုမ္ပဏီတစ်ခုက လီလျန်ဂျီဆိုသော သူ၏ အမည်ရင်းမှာ အသံထွက်ရခက်သည်။ ထို့ပြင် သူ၏ဘဝသည် လည်း မြေပြင်မှ ဂျက်လေယာဉ်တစ်စင်း ကောင်းကင်သို့ ထိုးတက်သွားသကဲ့သို့ အချိန်တိုတိုအတွင်း အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည့်အတွက် လီလျန်ဂျီဟူသော နေရာ၌ လျန်ဂျီ ကိုဖြုတ်ကာ "ဂျက်လီ"ဟု ရုပ်ရှင်ပိုစတာတွင် ရေးထိုးလိုက်သည်။ ထိုအချိန်မှစ၍ လီလျန်ဂျီအမည်ပျောက်ကာ ဂျက်လီအမည် ပေါက်သွားခဲ့ရတော့သည်။ ဂျက်လီသည် Shaolin Temple ဇာတ်လမ်းတွဲအပြင် The Once Upon a Time in China၊ Fist of Legend ၊ The Fong Sai Yuk ဇာတ်ကား များကိုလည်း ရိုက်ကူးခဲ့သည်။ ဂျက်လီသည် တရုတ်ရုပ်ရှင် နည်းပြဆရာများမှာ လီဂျန်ဖန်နှင့် ဝူပင် တို့ ဖြစ်ကြသည်။ ဝူရှူးသိုင်းပညာကို လေ့ကျင့်သင်ကြားနေသော ဂျက်လီ အနေဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရန် အစာအာဟာရ ကောင်းကောင်းမွန်မွန် စားသုံးရန်လိုအပ်သော်လည်း ဝယ်ယူ စားသုံးရန် အခက်အခဲရှိသည့် ဂျက်လီ တို့မိသားစုကို နည်းပြဆရာဝူပင်က ထောက်ပံ့ပေးခဲ့ရသည်ဟု ဆိုသည်။ သို့သော်လည်း ဂျက်လီသည် ဝူရှူး သိုင်းပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားခဲ့ပြီး တရုတ်ဝူရှူး ချန်ပီယံရှစ်တွင် အသက်ငယ်ငယ်ရွယ်ရွယ် နှင့် ရွေတံဆိပ် ၁၅ ခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူးရယူနိုင်ခဲ့ သည်။ တစ်ခါသော် ဂျက်လီသည် တရုတ်အမျိုးသား ဝူရှူး အဖွဲ့နှင့်အတူ အမေရိကန်ပြည်ထောင်စု၌ အမေရိကန် သမ္မတ ရစ်ချက် နစ်ကဆင်ကို ဝူရှူးသိုင်းပညာနှင့် ဖျော်ဖြေတင်ဆက်ပြီး နောက် သမ္မတနစ်ဆင်က ဂျက်လီကို သူ၏ ကိုယ်ရံတော် သက်တော်စောင့်အဖြစ် လုပ်ကိုင်ပေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ဂျက်လီက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကို ကာကွယ်ပေးရသည့် အလုပ်ကို မလုပ်ချင်ပါ။ ကျွန်တော် ကြီးပြင်းလာသည့်အခါ သန်းပေါင်းများစွာသော တရုတ်လူမျိုး များကိုသာ ကာကွယ်ပေးချင်ပါသည်ဟုဆိုကာ ငြင်းပယ်ခဲ့ သည်။

ဂျက်လီဖြစ်လာခြင်းနှင့် ရုပ်ရှင်ဇာတ်ကားများ[ပြင်ဆင်ရန်]

ဂျက်လီသည် ၁၉၈၂ ခုနှစ်က ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ရောက်ရှိလာသူဖြစ်ပြီး ယင်းနှစ်၌ပင် သူသည် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာစဉ် လောက၊ဟောင်ကောင်ရုပ်ရှင်လောက တွင်သာမက ဟောလိဝုဒ်ရုပ်ရှင်လောက တွင်ပါ အောင်မြင်မှုရရှိခဲ့သော မင်းသား တစ်ဦးဖြစ်သည်။ ဟောင်ကောင် အက်ရှင်မင်းသား ဂျက်ကီချန်းနှင့် ဇာတ်ကား ကိုလည်း တွဲဖက်ရိုက်ကူးခဲ့သည်။ ၂ဝဝ၇ ခုနှစ်က ဟောင်ကောင်ရုပ်ရှင် ဆုပေး ပွဲတွင် The Warlords ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသား သရုပ်ဆောင် ဆုကိုလည်း ရရှိခဲ့သည်။ ဂျက်လီ၏ အခြားသောထင်ရှားသည့် ဇာတ်ကား များမှာ Lethal Weapon 4၊ Romeo Must Die? Kiss of the Dragon၊ The One၊ Unleashed၊ Fearless စသည့် ဇာတ်ကားပေါင်းများစွာ ရှိသေးသည်။

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

ဂျက်လီသည် ၁၉၈၇ ခုနှစ်တွင် ပေကျင်းဝူရှူးအဖွဲ့ဝင် Shaolin Temple ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ခဲ့ သည့် ဟန်ကွမ်ရင်နှင့်လက်ထက်ခဲ့ပြီး သမီးနှစ်ဦးထွန်းကားခဲ့ သည်။ ၎င်းတို့သည် ၁၉၉ဝ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြပြီး ဂျက်လီသည် ၁၉၉၉ ခုနှစ်တွင် ရှန်ဟိုင်းဇာတိဖွား ဟောင်ကောင်မင်းသမီး နီနာလီချီနှင့် ထပ်မံလက်ထပ်ခဲ့ပြီး သမီးနှစ်ဦး ထပ်မံထွန်းကားခဲ့သည်။[၁]

စင်ကာပူနိုင်ငံသား ဂျက်လီ[ပြင်ဆင်ရန်]

ဂျက်လီသည် ၂ဝဝ၉ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်းသတင်းစာ