ဂျက်ဆီ စတူးဝပ်

ဝီကီပီးဒီးယား မှ
ဂျက်ဆီ စတူးဝပ်
ဂျက်ဆီ စတူးဝပ်
မွေးဖွားဂျက်ဆီ ဟီလ်တန် စတူးဝပ်
(1906-08-08)၈ ဩဂုတ်၊ ၁၉၀၆
ရစ်ဗာတန်၊ ကန်တပ်ကီ၊ အမေရိကန်ပြည်ထောင်စု
ကွယ်လွန်၁၇ ဖေဖော်ဝါရီ၊ ၁၉၈၄(1984-02-17) (အသက် ၇၇)
အိုင်းယင်းတန်၊ အိုဟိုင်းယိုး
အလုပ်အကိုင်စာရေးဆရာ
မိခင်ကျောင်းLincoln Memorial University
Vanderbilt University
ထင်ရှားသည့်လက်ရာများTaps for Private Tussie
ရရှိသည့်ဆုများGuggenheim Award, 1937
Thomas Jefferson Memorial Award, 1943
Poet Laureate of Kentucky, 1954
အိမ်ထောင်ဖက်နာအိုမီ ဒိန်း နောရစ်
ဆွေမျိုးသားချင်းမစ်ရှဲလ် စတူးဝပ် (ဖခင်)
မာသာ စတူးဝပ် (မိခင်)
ဝက်ဘ်ဆိုဒ်
jsfbooks.com

ဂျက်ဆီ ဟီလ်တန် စတူးဝပ် (၁၉၀၆ ဩဂုတ် ၈ – ၁၉၈၄ ဖေဖော်ဝါရီ ၁၇) သည် အပလေချီယန် ကုန်းပြင်မြင့် အလယ်ပိုင်းဒေသကို ဇာတ်အိမ်တည်သည့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ ကိုယ်တိုင်ရေးအတ္ထုပတ္တိများဖြင့် နာမည်ကျော်သည့် အမေရိကန်လူမျိုး စာရေးဆရာ ဖြစ်သည်။

ကန်တပ်ကီပြည်နယ်၊ ဂရင်းအပ်ကောင်တီတွင် မွေးဖွားကြီးပြင်းခဲ့သည့် စတူးဝပ်၏ အရေးအသားများသည် ကန်တပ်ကီ အရှေ့မြောက်ပိုင်း ကျေးလက်ဒေသများကို အခြေခံလေ့ရှိသည်။[၁] ၁၉၅၄ခု ကန်တပ်ကီပြည်နယ်၏ Poet Laureate အဖြစ် သမုတ်ခံရသည်။[၂]

ငယ်ဘဝ[ပြင်ဆင်ရန်]

စတူးဝပ်ကို အမေရိကန်ပြည်ထောင်စု၊ ကန်တပ်ကီပြည်နယ်၊ ဂရင်းအပ်ကောင်တီ၊ ရစ်ဗာတန်ဒေသအနီး၌၊ မစ်ရှဲလ် စတူးဝပ်နှင့် မာသာ (ဟီလ်တန်) စတူးဝပ်တို့က ၁၉၀၆ခု ဩဂုတ်လ ၈ရက်တွင် မွေးဖွားသည်။[၃][၄] ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် ရေတပ်၌ တာဝန်ထမ်းဆောင်ဖူးသည်။[၅]

နာအိုမီ ဒိန်း နောရစ်[ပြင်ဆင်ရန်]

၁၉၃၉တွင် နာအိုမီ ဒိန်း နောရစ်နှင့် လက်ထပ်သည်။[၆] ဒဗလျူ ဟောလိုးအရပ်၌ အခြေချကာ၊ ဂျက်ဆီကာ ဂျိန်းဟူသော သမီးတစ်ယောက် ထွန်းကားသည်။

ပညာရေး[ပြင်ဆင်ရန်]

ကောလိပ်သုံးကျောင်း ဝင်ခွင့်ကျပြီးမှ၊ တန်နက်ဆီပြည်နယ် ဟယ်ရာဂတ်မြို့ရှိ လင်ကွန်းအထိမ်းအမှတ်တက္ကသိုလ်က လက်ခံသဖြင့် ကောလိပ်တက်ခွင့်ရသည်။ ဘွဲ့ရပြီးနောက် မွေးရပ်ပြန်လာကာ ဂရင်းအပ်ရှိ ဝါနော့ အထက်တန်းကျောင်းတွင် စာသင်ပေးသည်။ နောက်ပိုင်း မက်ကဲ အထက်တန်းကျောင်း ကျောင်းအုပ်အဖြစ် တာဝန်ပေးခံရသော်လည်း၊ ဆရာဖြစ်သူ အပ်ဒွင်မင်မ်စ်ရှိသော ဗန်ဒါဘစ်တက္ကသိုလ်တက်ရန် တစ်နှစ်အကြာတွင် နုတ်ထွက်သွားသည်။[၇] ထို့နောက် အိုဟိုင်းယိုးပြည်နယ် ပေါ့တ်မောက်သ်ရှိ ပေါ့တ်မောက်သ် အထက်တန်းကျောင်း အင်္ဂလိပ်စာဆရာအဖြစ် ဝင်လုပ်နေရာ၊ တာဝန်မပြီးဆုံးမီမှာပင် ဂရင်းအပ်ကောင်တီ ကျောင်းများတွင် ကြီးကြပ်သူအဖြစ် ဆောင်ရွက်ရသည်။[၈]

ကဗျာ[ပြင်ဆင်ရန်]

တစ်နေ့သ၌ စတူးဝပ်သည် လယ်ထွန်နေရာမှ ရပ်ကာ၊ "I am a farmer singing at the plow" ဟူသော ဆောနတ်ကဗျာတစ်ပုဒ်၏ ပထမပါဒကို ရေးခဲ့၏။ ထိုပါဒသည် နောင်အခါ Man with a Bull-Tongue Plow (၁၉၃၄) ကဗျာပေါင်းချုပ်မှ ဆောနတ် (၁၄ကြောင်းပါ ကဗျာ) ၇၀၃ပုဒ်၏ ပထမပါဒ ဖြစ်လာလေသည်။ ထို စာအုပ်ကို အိုင်းရစ်ကဗျာဆရာကြီး ဂျော့ ဝီလျံ ရပ်ဆဲလ်က ဝေါ့ ဝစ်မင်းLeaves of Grass ပြီးလျှင် အမေရိကတွင် အကောင်းဆုံးဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုဖူးသည်။ ၁၉၅၄တွင် ကန်တပ်ကီ ဓနသဟာသ၏ Poet Laureate အဖြစ် သတ်မှတ်ခံရသကဲ့သို့၊ ၁၉၆၁ခုနှစ်အတွက် အမေရိကန် ကဗျာဆရာများအကယ်ဒမီက ပေးအပ်သည့်ဆုလည်း ရရှိခဲ့သည်။

ဝတ္ထုရှည်[ပြင်ဆင်ရန်]

စတူးဝပ်၏ ပထမဆုံး ဝတ္ထုရှည်မှာ ၁၉၄၀ထုတ် Trees of Heaven ဖြစ်သည်။ ကန်တပ်ကီ ကျေးလက်ဒေသကို နောက်ခံထားသည့် ထိုဝတ္ထုသည် လယ်သမား အန့်စ် ဘွတ်ရှမန်းအကြောင်း ရေးထားခြင်းဖြစ်သည်။ စတူးဝပ့်ရေးဟန်သည် ရိုးစင်းပြီး စာသားကျဲသည်။ နှစ်နှစ်တည်းနှင့် စာအုပ်ပေါင်း သန်းချီပုံနှိပ်ရောင်းချရသည့် Taps for Private Tussie (၁၉၄၃) သည် သူ၏ လူကြိုက်အများဆုံး ဝတ္ထုရှည်ဟု ဆိုနိုင်သည်။ အဆိုပါ ဝတ္ထုရှည်သည် မှတ်ချက်ကောင်းများ ရရှိခဲ့ပြီး၊ အဆိုပါနှစ်အတွင်း တောင်ပိုင်းပြည်နယ်များက ထုတ်ဝေသည့် စာအုပ်များအနက် အကောင်းဆုံး (best Southern book of the year) အဖြစ် Thomas Jefferson Memorial Award ကို ချီးမြှင့်ခံရသည်။ ၁၉၇၄ခုနှစ်၌ Gale Research က စတူးဝပ်ကို နှစ်ဆယ်ရာစု ပထမနှစ်ဝက်အတွင်း American Fiction နယ်ပယ်တွင် ချီးမွမ်းထောမနာပြုခံရသည့် ဝတ္ထုရေးဆရာ ၄၄ယောက်စာရင်းအတွင်း ထည့်သွင်းသတ်မှတ်ခဲ့သည်။ ဂျက်ဆီ စတူးဝပ်သည် အဆိုပါစာရင်းတွင် ဒုတိယအသက်အငယ်ဆုံးသူ ဖြစ်ခဲ့သည်။ (ဝီလျံ ဆရွိုင်ယန်က တစ်နှစ်ပိုငယ်သည်။)

ဝတ္ထုတို[ပြင်ဆင်ရန်]

စတူးဝပ်သည် ဝတ္ထုတိုပေါင်း ၄၆၀ခန့် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ပထမဆုံး ဝတ္ထုတို "Nest Egg" ကို ၁၉၂၃ခု အထက်တန်း ဒုတိယနှစ်ကျောင်းသားဘဝက ရေးသားခဲ့သည်။ အနှစ် ၂၀ ကြာပြီးနောက် ထို ဝတ္ထုကို မပြုမပြင် မူရင်းအတိုင်း Atlantic Monthly သို့ စာမူပို့ခဲ့ရာ၊ ၁၉၄၃ခု ဖေဖော်ဝါရီလထုတ် စာစောင်တွင် ရိုက်နှိပ်ဖော်ပြခံရသည်။ နောင်တွင် Tales from Plum Grove Hills စာအုပ်တွင် ထည့်သွင်းပုံနှိပ်ခဲ့သည်။

၎င်း၏ စာညွန့်ပေါင်း[note ၁] ဝတ္ထုတစ်အုပ်မှာ ၁၉၃၉ခု ဇန်နဝါရီလတွင် Esquire မှ ပုံနှိပ်သည့် "Split Cherry Tree" ဖြစ်သည်။

အဓွန့်ရှည်တည်တံ့နေသည့် ဂန္ထဝင်မြောက် ကိုယ်တိုင်ရေးအတ္ထုပတ္တိ[ပြင်ဆင်ရန်]

စတူးဝပ်၏ စာများတွင် ပညာရေးအာဘော်များ မကြာခဏ တွေ့ရတတ်သည်။ ၁၉၄၉ထုတ် The Thread that Runs So True တွင် သူ့ဘဝနှင့် သင်ကြားရေးကဏ္ဍအကြောင်း (အမည်နှင့် နေရာလွှဲ) ဖော်ပြထားသည်။ အသက် ၁၆နှစ်အရွယ်က ကန်တပ်ကီ ကျေးလက်ဒေသ (ဝတ္ထုထဲတွင် လုံးဆမ်းရွာ) ရှိ ကိန်းခရိခ် မူလတန်းကျောင်း၌ ပထမဆုံး စာသင်ပေးခဲ့သည့်အကြောင်း ဖြစ်သည်။ The Thread that Runs So True (၁၉၄၉)သည် အမေရိကန် ပညာရေး၏ ဂန္ထဝင်စာပေ ဖြစ်လာလေသည်။ အနောက်ဗာဂျီးနီးယားတက္ကသိုလ်မှ ပါမောက္ခ ရူဝယ်ဖိုစတာက အဆိုပါစာအုပ်သည် ပထမတစ်နှစ်အတွင်းမှာပင် ရောင်းအားကောင်းစာတစ်အုပ် ဖြစ်ခဲ့သည်ဟု ၁၉၆၈ခုတွင် မှတ်ချက်ပြု၏။ ထိုစဉ်က တစ်နှစ်ပြီးတစ်နှစ် ရောင်းအားတက်လာသော သူ၏ရေးနိုင်စွမ်းသည် အံ့အားသင့်ဖွယ်ပင်ဖြစ်သည်။ ထိုစာအုပ်သည် နှစ်ပေါင်းငါးဆယ်ကျော် ကြာသည့်တိုင် ဆက်လက်ထုတ်ဝေနေရဆဲ ဖြစ်သည်။

အနိစ္စရောက်ခြင်း[ပြင်ဆင်ရန်]

စတူးဝပ်သည် အိုဟိုင်းယိုးပြည်နယ် အိုင်ယင်းတန်မြို့ရှိ သူငယ်စဉ်ကနေထိုင်ခဲ့သည့် အိမ်အနီးက ဂျိုလင်းဘိုးဘွားရိပ်သာ၌ ၁၉၈၄ခု ဖေဖော်ဝါရီလ ၁၇ရက်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၇နှစ် ရှိပြီဖြစ်သည်။

ဂျက်ဆီစတူးဝပ် ပြည်နယ်ဘေးမဲ့တော[ပြင်ဆင်ရန်]

စတူးဝပ်၏ အရေးအသားများကို ဒဗလျူ ဟောလိုးရှိ သဘာဝရှုခင်းများက ကြီးစိုးထားသည်။ သူမသေခင်က ဒဗလျူ ဟောလိုးရှိ သစ်တော ၇၁၄ဧကကို ကန်တပ်ကီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးထံ လှူဒါန်းခဲ့၏။ ဂျက်ဆီစတူးဝပ် ပြည်နယ်ဘေးမဲ့တောသည် စတူးဝပ့်အမွေကို စောင့်ရှောက်ထိန်းသိမ်းရန် ရည်သန်လျက် ရာသက်ပန် မထိမတို့ သဘာဝအတိုင်းထားမည်ဖြစ်သည်။ တောတွင်းလမ်းကြောင်းကို အများပြည်သူများအတွက် တစ်နှစ်ပတ်လုံး နေထွက်မှနေဝင်ထိ ဖွင့်လှစ်ပေးထားသည်။[၉][၁၀]

ရေးသားခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

ကဗျာ[ပြင်ဆင်ရန်]

  • Man with a Bull-Tongue Plow, E.P. Dutton & Co., 1934
  • Album of Destiny, E. P. Dutton & Co., Inc., 1944
  • Kentucky is My Land, Dutton, 1952
  • Hold April, McGraw-Hill Book Company, Inc., 1962

ကိုယ်တိုင်ရေး အတ္ထုပတ္တိ[ပြင်ဆင်ရန်]

  • Beyond Dark Hills, E.P. Dutton & Company, Inc., 1938; Jesse Stuart Foundation, 1996, ISBN 978-0-945084-53-2
  • The Thread that Runs So True။ C. Scribner's Sons။ 1950။ ISBN 9780871296771; Dramatic Publishing, 1958, ISBN 978-0-87129-677-1
  • The Year of My Rebirth 1956; Jesse Stuart Foundation, 1991, ISBN 978-0-945084-17-4
  • To Teach, To Love, World Pub. Co., 1970; Jesse Stuart Foundation, 1987, ISBN 978-0-945084-02-0
  • My World။ University Press of Kentucky။ 1975။ ISBN 978-0-8131-0211-5

ဝတ္ထုရှည်[ပြင်ဆင်ရန်]

လူငယ်တို့ဖတ်ဖို့[ပြင်ဆင်ရန်]

ဝတ္ထုတိုပေါင်းချုပ်[ပြင်ဆင်ရန်]

သူ့အကြောင်း စာအုပ်များ[ပြင်ဆင်ရန်]

  • Jesse Stuart: His Life and Works, by Everetta Love Blair (University of South Carolina Press, 1967)
  • Jesse Stuart, by Ruel E. Foster (Twayne, 1968)
  • Jesse Stuart: An Extraordinary Life, by James M. Gifford and Erin R. Kazee (Jesse Stuart Foundation, 2010)
  • Jesse: The Biography of an American Writer, Jesse Hilton Stuart, by H. Edward Richardson (McGraw-Hill, 1984)
  • New Harvest: Forgotten Stories of Kentucky's Jesse Stuart, by David R. Palmore (Jesse Stuart Foundation, 2003)

မှတ်စုများ[ပြင်ဆင်ရန်]

  1. Anthology: Of a work or series containing various stories with no direct relation to one another

ကိုးကား[ပြင်ဆင်ရန်]

  1. Peyton၊ Dave။ "Conversations with Jesse Stuart"၊ The Huntington Advertiser၊ May 5, 1975။ 8 April 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 19 May 2006။ 
  2. Guide to the Jesse Stuart CollectionHutchins Library Appalachian Bibliography။ Berea College (2009)။ 18 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2009 တွင် ပြန်စစ်ပြီး။
  3. Register of Jesse Stuart Papers။ Special Collections Department James E. Morrow Library Marshall University (1986)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 April 2021 တွင် ပြန်စစ်ပြီး။
  4. Ballard၊ Jamie (October 5, 1997)။ Jesse StuartKYLIT။ Eastern Kentucky University။ 30 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 April 2021 တွင် ပြန်စစ်ပြီး။
  5. Jesse Stuart၊ 5 August 2014၊ 7 October 2015 တွင် မူရင်း အား မော်ကွန်းတင်ပြီး18 July 2015 တွင် ပြန်စစ်ပြီး
  6. Wedemeyer၊ Dee။ "Kentucky's Living Fiction"၊ The New York Times၊ August 18, 1985။ 
  7. "Dr. Mims Dies; Noted Educator of Vanderbilt. Health Declined After Hip Fracture; Services Tomorrow"၊ The Nashville Tennessean၊ September 16, 1959၊ pp. 1–2။ 
  8. "Author, Poet, Educator Jesse Stuart Dies"၊ 1984-02-22။ 
  9. Jesse Stuart SNP။ Office of Kentucky Nature Preserves။ August 11, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2009 တွင် ပြန်စစ်ပြီး။
  10. Brown၊ Michael H. (2007)။ "Jesse Stuart State Nature Preserve"Hiking Kentucky: A Guide to Kentucky's Greatest Hiking Adventures။ Falcon Guide: Where to hike (2 ed.)။ Globe Pequot။ pp. 32, 33, 34, 35။ ISBN 978-0-7627-3650-8November 28, 2009 တွင် ပြန်စစ်ပြီး[လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]