ဂေါ့ဇန်းနော့အိုခုရိဘိပွဲတော်


ဂေါ့ဇန်းနော့အိုခုရိဘိ (五山送り火) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် ကျင်းပသည့် ပွဲတော်တစ်ခု ဖြစ်သည်။ ဤပွဲတော်ကို "ဒိုင်းမွန်းဂျိ" (大文字, "ကြီမားသည့်စာလုံး" ဟု အကြမ်းဖျင်းဘာသာပြန်နိုင်) ဟူသည့် အမည်ဖြင့် လူသိများကြသည်။ ဤနေ့သည် အိုဘွန်းပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပသည်။ ထိုနေ့တွင် မြို့၏ ပတ်ဝန်းကျင်ရှိ တောင်များတွင် ကြီးမားသည့် မီးတောက်ငါးခုကို ထွန်ညှိကြသည်။ အိုဘွန်းပွဲတော်ကာလတွင် သေဆုံးသွားကြသည့် မိသားစုဝင်များသည် ဤကမ္ဘာသို့ပြန်လာကြပြီးနောက် ဝိညာဉ်ကမ္ဘာသို့ပြန်သွားကြသည်ဟု ဂျပန်တို့သည် အယုံအကြည်ရှိကြသည်။ ထို့ကြောင့် ပွဲတော်၏ အမည်ဖြစ်သည့် "အိုခုရိဘိ" ဆိုသည်မှာ စာအားဖြင့် "ပို့ဆောင်ပေးသည့် မီး" ဟု ဘာသာပြန်ဆိုနိုင်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပွဲတော်၏ မူလရင်းမြစ်ကိုမူ တိကျစွာမသိရှိရပေ။ သို့သော် ရှေးခေတ်အခါကာလကတည်းက တည်ရှိလာခဲ့သည့် ပွဲတော်တစ်ခု ဖြစ်သည်။ မိသားစုဝင်များသည် ဤရိုးရာအစဉ်အလာကို ထိန်းသိမ်းရန်အတွက် နှစ်စဉ် နာရီများစွာအချိန်ကုန်ခံကာ လုပ်အားပေးသူစေတနာ့ဝန်ထမ်းများအဖြစ် လုပ်ဆောင်ကြသည်။
အချိန်
[ပြင်ဆင်ရန်]ညအချိန် ၈ နာရီတွင် စတင်ပြီး မီးများကို စတင်ထွန်းညှိကြသည်။ မီးများသည် တစ်နေရာနှင့်တစ်နေရာ ပုံစံတူညီမှု မရှိပေ။ ထိုနေရာများထဲမှ သုံးနေရာသည် ကြီးမားသည့် ခန်ဂျိစာလုံးများ ဖြစ်ကြပြီး အခြားနေရာနှစ်ခုသည် တူညီသည့်ပုံစံရှိသည့် စာလုံးများ ဖြစ်ကြသည်။
- ဒိုင်းမွန်းဂျိ (大文字) - အဓိပ္ပါယ်သည် ကြီးမားသောဟု အဓိပ္ပါယ်ရသည်။ ဤမီးပုံကို ဒိုင်းမွန်းဂျိတောင်တွင် ည ၈ နာရီအချိန် ထွန်းညှိကြသည်။
- မယော/ ဟိုး (妙・法) - ဤစကားလုံး၏ အဓိပ္ပါယ်မှာ "အံ့ဖွယ်ဓမ္မများ" ဟု အဓိပ္ပါရသည်။ ဗုဒ္ဓ၏ အဆုံးအမများဟု အဓိပ္ပါယ်ရသည်။ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် ထွန်းညှိကြသည်။
- ဖုနဂတ (舟形) - ဤမီးသည် သင်္ဘောပုံစံရှိသည်။ ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဖုနတောင်တွင် ထွန်းညှိကြသည်။
- ဟိဒရိဒိုင်းမွန်းဂျိ (左大文字) - ဤစကားလုံး၏ အဓိပ္ပါယ်သည်လည်း "ကြီးမားခြင်း" ဟု အဓိပ္ပါယ်ရသည်။ ဟိဒရိဒိုင်းမွန်းဂျိတောင်တွင် ၈ နာရီ ၁၅ မိနစ်အချိန်၌ ထွန်းညှိကြသည်။
- တိုရိအိဂတ (左大文字) - နတ်ကျောင်း၏ အဝင်ပေါက်ဂိတ်ပုံစံ ဖြစ်သည်။ ၈ နာရီ ၂၀ မိနစ်အချိန်တွင် မန်ဒရတောင်တွင် ထွန်းညှိကြသည်။
အထင်ရှားဆုံးနှင့် ပထမဆုံးထွန်းညှိသည့် စာလုံးသည် ဒိုင်း 大 ဖြစ်ပြီး ဤစာလုံးကို ဒိုင်းမွန်းဂျိတောင်တွင် ထွန်းညှိကြသည်။ အခြားသော မီးပုံလေးခုသည် ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်စီခြားကာ ၈ နာရီ ၃၀ မိနစ်အထိကြာအောင် ထွန်းညှိကြသည်။ ထို့ကြောင့် ဤမီးထွန်းညှိသည့် ပွဲတော်သည် မိနစ် ၃၀ ကြာမြင့်သည်။
ကြည့်ရှုရာနေရာများ
[ပြင်ဆင်ရန်]တည်နေရာများ
[ပြင်ဆင်ရန်]- ဒိုင်းမွန်းဂျိ: 35°1′23″N 135°48′14″E / 35.02306°N 135.80389°E
- မယော: 35°3′21″N 135°46′32″E / 35.05583°N 135.77556°E
- ဟိုး: 35°3′17″N 135°47′10″E / 35.05472°N 135.78611°E
- ဖုနဂတ: 35°3′59″N 135°44′3″E / 35.06639°N 135.73417°E
- ဟိဒရိဒိုင်းမွန်းဂျိ: 35°2′35.5″N 135°43′53″E / 35.043194°N 135.73139°E
- တိုရိအိဂတ: 35°1′40″N 135°40′5″E / 35.02778°N 135.66806°E
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Website about Gozan no Okuribi with further descriptions of the bonfires (in ဂျပန်) 30 August 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Description of Gozan no Okuribi in a Kyoto city tourist guide 2017-02-11 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Website about Gozan no Okuribi with further descriptions of the bonfires (in English) 2018-08-31 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .