ဂူတာပြင်

ဝီကီပီးဒီးယား မှ
ဂူတာပြင်
ဂူတာပြင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဂူတာပြင်
ဂူတာပြင်
ဂူတာပြင် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°48′N 92°24′E / 20.8°N 92.4°E / 20.8; 92.4
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
မြို့နယ်ဘူးသီးတောင်မြို့နယ်

ဂူတာပြင် သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရှိသော ရွာဖြစ်သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]


စီးပွားရေး[ပြင်ဆင်ရန်]


ဘာသာရေး[ပြင်ဆင်ရန်]

ထင်ရှားသည့် ဖြစ်ရပ်များ[ပြင်ဆင်ရန်]

၂၀၁၇ ခု၊ ဩဂုတ်လ ၂၈ ရက်တွင် ARSA တိုက်သည့်နောက် လုံခြုံရေးတပ်ဖွဲ့များက ကျေးရွာများကို လိုက်စစ်ရာ ရွာတွင်းမှ ရွာသားအချို့အပါအဝင် လူ ၅၀၀ ခန့် ထွက်လာ၍ ပစ်ရာ အသေမိ ၁၉ ယောက်နှင့် လက်လုပ်လက်နက်များ ရသည်။ ညောင်ချောင်း နယ်မြေရဲစခန်း၌ သေမှုသေခင်း ဖွင့်သည်။ အဆိုပါကိစ္စ ဖြစ်ပြီးနောက် စက်တင်ဘာလကုန်တွင် ရပ်ရွာတည်ငြိမ်မှု မရှိဟု ယူဆကာ ရွာသား ၇၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ကူးသည်။ [၁]

အစုလိုက် သတ်ဖြတ်ခံရသော အလောင်းများကို နေရာ ၅ ခုခွဲ၍ မြုပ်နှံထားကြောင်း အေပီသတင်းဌာနက ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ပါသည်။ ထိုကိစ္စကို စုံစမ်းရန် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အခြားတာဝန်ရှိသူတို့ ဒေသခံ မွတ်ဆလင်ရပ်မိရပ်ဖ (၅) ဦးနှင့်အတူ ဖေဖော်ဝါရီလ ၂ ရက်တွင် သွားစစ်ကြသည်။ ထို့နောက် အဆိုပါသတင်း မမှန်ကြောင်း သတင်းပြန်သည်။ [၂] [၃]

၂၀၁၉ ခု၊ မတ်လ ၁၈ ရက်တွင် စုံစမ်းစစ်ဆေးမှုလုပ်မည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။ [၄] ဗိုလ်ချုပ် မြတ်ကျော်နှင့်အဖွဲ့ကို စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့ပြီး ဒုတိယအကြိမ် စစ်စေသည်။ ၂၀၁၉ ခု၊ ဇူလိုင်လ ၁၅ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိ စစ်ပြီးနောက် စည်းကမ်းလိုက်နာမှု အားနည်းခြင်းရှိကြောင်း ၂၀၁၉ ခု၊ ဩဂုတ်လ ၃၁ ရက်၌ သတင်းထုတ်သည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. (၂၀၁၇ အောက်တိုဘာ ၂) "ဘူးသီးတောင်မှ ဘင်္ဂါလီ တစ်သောင်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာရန် နယ်စပ်အနီး ထပ်မံရောက်ရှိ"။ မဇ္ဈိမ။
  2. (၂၀၁၉ နိုဝင်ဘာ ၂၆) "ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများ နေရာငါးနေရာ၌ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာန၏ ဖော်ပြချက်သည် ပဏာမစစ်ဆေးချက်အရ မှန်ကန်မှုမရှိကြောင်း ထုတ်ပြန်"။ အီလဲဗင်း မြန်မာ။
  3. (2 Feb 2018) "ဂူတာပြင်မှာ ရုပ်အလောင်းတွေ တွေ့တဲ့သတင်း မမှန်ဘူးလို့ အာဏာပိုင်ပြော"။ ဘီဘီစီ။
  4. ပိုင်စိုး (၂၀၁၉ အောက်တိုဘာ ၃၀) "ဂူတာပြင်ရွာ ဖြစ်စဉ်အပေါ် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နိုင်ရေး စတင်ဆောင်ရွက်နေ"။ ဒီဗီဘီ။
  5. စိုင်းဝဏ္ဏ (၂၀၁၉ စက်တင်ဘာ ၁) "ရခိုင်ပြည်နယ် အကြမ်းဖက်မှုကာလအတွင်း ဂူတာပြင်ကျေးရွာ၌ စည်းကမ်းလိုက်နာမှု အားနည်းခဲ့ဟု တပ်မတော်ထုတ်ပြန်"။ မြန်မာတိုင်းမ်။