ဂုဏဝန္တေ ပဿန္တိနော
ပုံပန်းသွင်ပြင်
ဂုဏဝန္တေ ပဿန္တိနော သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁] ပါဠိဘာသာမှ ဆင်းသက်လာသော စကားဖြစ်သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ဂုဏဝန္တေ ပဿန္တိဇနာ ဆိုသည်မှာ လူတို့သည် ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ ရှိသူများကိုသာ အလေးထား ဂရုစိုက်တတ်ကြသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် လူတို့၏ တန်ဖိုးထားမှုများသည် ပြင်ပ ဂုဏ်ပကာသနများအပေါ် မည်သို့ မူတည်နေကြောင်းကို ဖော်ပြသည်။ လူအများစုသည် ရာထူးကြီးသူ၊ ငွေကြေးချမ်းသာသူများကို ပိုမိုအာရုံစိုက်ပြီး အလေးထားဆက်ဆံလေ့ရှိသည်။ အမှန်တကယ်တွင် လူတစ်ဦး၏ တန်ဖိုးသည် ရာထူး သို့မဟုတ် စည်းစိမ်ဥစ္စာပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ ကိုယ်ကျင့်တရား၊ ပညာအရည်အချင်းနှင့် အခြားသော အတွင်းပိုင်း ဂုဏ်ရည်များပေါ်တွင်လည်း မူတည်သည်။ ဤဆိုရိုးစကားသည် ပြင်ပ အပေါ်ယံကိုသာ ကြည့်ရှုအကဲဖြတ်ခြင်း၏ အားနည်းချက်ကို ထောက်ပြသည်။
ပါဠိအနက်
[ပြင်ဆင်ရန်]- ဂုဏဝန္တေ (Guṇavante) - ဂုဏ်ရှိသောသူတို့ကို
- ဇနာ (Janā) - လူတို့သည်
- ပဿန္တိ (Passanti) - မြင်ကုန်၏၊ ကြည့်ရှုကုန်၏၊ အလေးထားကုန်၏
ကိုးကားချက်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
- ↑ [၁၀၀၅-ခန့်] သဒ္ဒါကြီး။ ၃၀၃။ ကိုးကား အမှား - Invalid parameter "'thaddakyi303" in
<ref>tag. The supported parameters are: dir, follow, group, name. - ↑ [၁၃၁၄] ကိုယ်ကျင့်။ ၆၇။ ကိုးကား အမှား - Invalid parameter "'kokyint67" in
<ref>tag. The supported parameters are: dir, follow, group, name.