ဂိုရှယ်၊ ရဲဘော်

ဝီကီပီးဒီးယား မှ

ရဲဘော်ဂိုရှယ် ဟုလူသိများသည့် အိတ်ချ်၊အန်၊ ဂိုရှယ် ခေါ် သခင်ဘတင် သည် [၁], d. 1967) ဗမာပြည် ကွန်မြူနစ် ပါတီဝင် တစ်ယောက်ဖြစ်ပြီး ဘင်္ဂါလီ လူမျိုးတို့၏ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တစ်ဦး လည်းဖြစ်သည်။ [၂] ကွန်မြူနစ်ပါတီကို တည်ထောင်သူများတွင် တစ်ဦးအပါအဝင် ဖြစ်ပြီး မူဝါဒရေးရာချမှတ်သူလည်း ဖြစ်သည်။ ပါတီ၏ ယဉ်ကျေးမှုတော်လှန်ရေး အတွင်း ပါတီတွင်း သန့်စင်ရေး ကြောင့် ပါတီမှ ထုတ်ပယ်ခံရကာ သေဒဏ်ပေးခြင်းခံခဲ့ရသည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ [၂]

၁၉၃၉ ဩဂုတ် တွင် ဗမာပြည် ကွန်မြူနစ် ပါတီ စတင် ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ [၃] ပါတီ၏ ဘင်္ဂါလီ အုပ်စုတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဂိုရှယ်သည် အိန္ဒိယ သို့ ထွက်ပြေးသွားခဲ့သည်။ [၂][၄] အစောပိုင်းနှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အိန္ဒိယ ကွန်မြူနစ်ပါတီ တို့၏ ဆက်သွယ်ရေးတွင် အဓိကကျသော အခန်းမှ ပါဝင်ကူညီခဲ့သည်။ [၅]

သခင်ဗဟိန်း ကွယ်လွန်ပြီးနောက်၊ ဂိုရှယ်သည် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ညီလာခံ ၏ ဉက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ရန်ကုန်ရှိ အိန္ဒိယ အလုပ်သမားအတွက် အဓိက လုပ်ဆောင်ခဲ့သည်။ [၆] ဂိုရှယ် သည် အိန္ဒိယ ကွန်မြူနစ်ပါတီ ၏ ၁၉၄၈ ဒုတိယ အကြိမ်မြောက် ညီလာခံ သို့ တက်ရောက်ရန် အိန္ဒိယ သို့ထွက်ခွာသွားခဲ့သည်ဟု ပြောကြသည်။ သို့သော် တချို့ က သူသည် အိန္ဒိယ တွင် ရှိနေသောကြောင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု လည်း ပြောကြသည်။ [၅][၆]

အိန္ဒိယ နှင့် အခြားအာရှနိုင်ငံများရှိ ကွန်မြူနစ်ပါတီ များသည် ရှေ့တန်း ပိုမို ရောက်ရန် ပြင်ဆင်နေချိန် ဖြစ်သည်။ ဂိုရှယ်သည် လက်နက်ကိုင် ဆန့်ကျင်ရန် လူထုအား ပြင်ဆင်ထားရန် ပါတီကကြေညာရန် စာတမ်း တင်ပြခဲ့သည်။ ထိုစာတမ်းကို ဂိုရှယ်လမ်းစဉ် ဟု ခေါ်သည်။ ထိုအချိန်မတိုင်ခင်ထိ ဘရောက်ဒါ လမ်းစဉ် ဝါဒသမားများ အားကောင်းနေချိန်ဖြစ်သည်။ [၆]

ကွန်မြူနစ်ပါတီ က ၁၉၄၈ မတ် ၁၄ တွင် ပျဉ်းမနား၌ ညီလာခံ ကျင်းပပြီး ဂိုရှယ်လမ်းစဉ်ကို လက်ခံခဲ့သည်။ [၅] ထို့ကြောင့် ဂိုရှယ်သည် ပါတီတွင် အဓိက မူဝါဒ ချမှတ်သူဖြစ်လာခဲ့သည်။ [၄]

ထိုသို့ ဂိုရှယ်လမ်းစဉ် လက်ခံမှုကြောင့် အစိုးရက ကွန်မြူနစ်ပါတီ ကို ဖြိုခွင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ကွန်မြူနစ်ပါတီ ကလည်း ပါတီဝင် ကေဒါများ ကို ပြောက်ကျားစစ် ဆင်နွဲရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအချိန်တွင် ဂိုရှယ် က ပါတီရပ်တည်ရေး ထိန်းသိမ်းရန် အတွက် အထွေထွေသပိတ် ကို မြို့ကြီး များတွင် ဆင်နွဲပြီး ရန်ကုန်သို့ ချီတက်ကြရန် တိုက်တွန်းခဲ့သည်။ သို့သော် သူ၏လမ်းစဉ် နှင့် ဆန့်ကျင်စွာ ထိုသို့ မော်ဝါဒ ပြောက်ကျားစစ် ဆင်နွဲမှု ကို အားမပေးသည့် တစ်ဦးထဲသော ဗဟိုကော်မတီဝင် ဖြစ်လေသည်။ [၆]

၁၉၆၀ ပြည့်နှစ်လွန်တွင် ဂိုရှယ်ကို ပါတီတွင်းမှ ထုတ်ပယ်ကာ၊ ဗမာပြည် လူရှောက်ချီ ဟု ကင်ပွန်းတပ်ပြီး ၁၉၆၇ မေ တွင် အသတ်ခံရသည်။ [၇][၈]

ပါတီတွင်း ပီကင်းပြန်များနှင့် အုပ်စု တိုက်ပွဲ ရှုံးနိမ့်အပြီး ၁၉၆၅ ဇွန် တွင် ကျင်းပသော ကွန်မြူနစ် ပေါ်လစ်ဗျူရို အစည်းအဝေး တွင် သူ၏ အရေးပါသော မဲ ကို ဆုံးရှုံးခဲ့သည်။ ထိုအစည်းအဝေးတွင် သူက သခင်သန်းထွန်း တင်ပြသော ပါတီရေးရာ ကျောင်း တည်ထောင်ရန် အဆိုကို ဆန့်ကျင်မဲပေးရန် စည်းရုံးခဲ့သည်။ သခင်သန်းထွန်း သည် ဂိုရှယ် ဗမာပြည် ကွန်မြူနစ်ပါတီ ၏ ခေါင်းဆောင် တစ်ဦးဖြစ်နေချိန်တွင် တရုတ်ပြည်မှ ပြန်လာသူ ဖြစ်ပြီး သူက တရုတ်မှ လေ့ကျင့် ပေးထားသော ဆရာများ ဖြင့် ပါတီရေးရာ ကျောင်းထူထောင်ရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ [၉]


ကိုးကား[ပြင်ဆင်ရန်]

  1. Lintner, Bertil. The Rise and Fall of the Communist Party of Burma (CPB). Southeast Asia Program series, no. 6. Ithaca, N.Y.: Southeast Asia Program, Cornell University, 1990. p. 6
  2. ၂.၀ ၂.၁ ၂.၂ Lintner, Bertil. The Rise and Fall of the Communist Party of Burma (CPB). Southeast Asia Program series, no. 6. Ithaca, N.Y.: Southeast Asia Program, Cornell University, 1990. p. 58
  3. Ono, Toru. Changes in the political leadership in Burma Archived 6 March 2012 at the Wayback Machine.
  4. ၄.၀ ၄.၁ Badgley, John H., and John Wilson Lewis. Peasant Rebellion and Communist Revolution in Asia. Stanford, Calif: Stanford University Press, 1974. p. 155
  5. ၅.၀ ၅.၁ ၅.၂ Hensengerth, Oliver. Burmese CP in relations between China and Burma
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ Lintner, Bertil. The Rise and Fall of the Communist Party of Burma (CPB). Southeast Asia Program series, no. 6. Ithaca, N.Y.: Southeast Asia Program, Cornell University, 1990. pp. 13–14
  7. Lintner, Bertil. The Rise and Fall of the Communist Party of Burma (CPB). Southeast Asia Program series, no. 6. Ithaca, N.Y.: Southeast Asia Program, Cornell University, 1990. p. 23
  8. Trager, Frank N.. Burma: 1968 – A New Beginning?, in Asian Survey, Vol. 9, No. 2, A Survey of Asia in 1968: Part II (Feb., 1969), pp. 104–114
  9. Badgley, John H., and John Wilson Lewis. Peasant Rebellion and Communist Revolution in Asia. Stanford, Calif: Stanford University Press, 1974. pp. 161–162