ဂိုနဂေါလဝိဟာရ

ဝီကီပီးဒီးယား မှ
ဂိုနဂေါလဝိဟာရ
ගොනාගොල්ල විහාරය
A drip ledged cave with frescoes chamber at right side
အချက်အလက်များ
တည်နေရာGonagolla, Ampara, Sri Lanka
ကိုဩဒိနိတ်07°24′55.9″N 81°39′20.6″E / 7.415528°N 81.655722°E / 7.415528; 81.655722ကိုဩဒိနိတ်: 07°24′55.9″N 81°39′20.6″E / 7.415528°N 81.655722°E / 7.415528; 81.655722
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Ampara
စီရင်စုEastern Province, Sri Lanka
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument (10 October 2014)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
ဗိသုကာ စတိုင်Cave temple

ဂိုနဂေါလဝိဟာရ သည် သီရိလင်ကာလနိုင်ငံ၊ အမ်ပါရာခရိုင် (Ampara)တွင် တည်ရှိသည့် ရှေးဟောင်းဂူကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ဒေသခံများက ပန်းချိသီးဂိရိယ (သိဂိရိယငယ်) ဟု သိကြသည်။ ကျောင်းတော်သည် သိဂိရိယ (Sigiriya)ရှိ ဆေးရေးပန်းချီများနှင့် ဆင်တူသည့် ဆေးရေးပန်းချီများ ရှိသည်။ ကျောင်းတော်သည် Ampara – Gonagolla လမ်းရှိ Kohombana လမ်းဆုံ၏ အရှေ့ဘက် ၄.၈ ကီလိုမီတာ (၃.၀ မိုင်) အကွာတွင် တည်ရှိသည်။ ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[၁] ၎င်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် အစိုးရဂေဇက်အမှတ် ၁၈၈၄ တွင် ကြေညာခဲ့သည်။[၂]

သမိုင်း[ပြင်ဆင်ရန်]

ရှင်းလင်းသည့် အထောက်အထားတစ်ခုမှာ ကျောင်းတော်ရှိဂူများကို ရှေးခေတ် Vedda လူမျိုးများက ပိုင်ဆိုင်ခဲ့ကြသည်ကို ကျောင်းတော်ပရဝုဏ်နယ်မြေအနီးအနားတွင် ရှိနေသည့် ဆေးရေးပန်းချီများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထိုအထဲမှ ကျောက်ဂူတစ်ခုတွင် ရှေးခေတ်နံရံဆေးရေးပန်းချီများ ကျန်ရှိနေသည်။ ၎င်းပန်းချီများသည် သိဂိရိယ (Sigiriya) ရှိ ဆေးရေးပန်းရီများနှင့် ဆင်တူနေသည်ကို မြင်တွေ့နိုင်သည်။ ထို့အပြင် ကျောင်းတော်အတွင်းတည်ရှိနေသည့် နှစ်ခုထက်ပိုသည့် ဂူများတွင်လည်း ၃ - ၅ ရာစုကာလက ဗြဟ္မဏီဘာသာစကားဖြင့် ရေးထိုးထားသည့် ကျောက်စာများကို မြင်တွေ့ရသည်။

သို့သော်လည်း ကျောင်းတော်အတွင်း အချို့သော တည်ဆောက်မှုများသည် ဘီစီ ၃ ရာစုက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [၃]ရှေးဟောင်းကန်နှစ်ခု၏ အကြွင်းအကျန်များနှင့် အနုရာဒပူရခေတ် စေတီ၊ အနီးအနားရှိ နံရံဆေးရေးပန်ချီရှိသည့် ဂူများသည် ဘီစီ ၃ ရာစုကာလက ဖြစ်သည်ကို ဖော်ပြနေသည်။ စေတီတော်တစ်ခု၏ အပျက်အစီးများမှ Chatra ကျောက်တုံးများ၊ ကြီးမားသည့် အဆောက်အဦတစ်ခု၏ အပျက်အစီးများနှင့် ကျောက်တိုင်များ၊ ကျောက်ခင်းထားသည့် စောင်းတန်းများကို ကျောင်းတော်၏ ပရဝုဏ်ပတ်ပတ်လည်တွင် မြင်တွေ့ရသည်။

ဆေးရေးပန်းချီများ[ပြင်ဆင်ရန်]

The remains of frescoes belong to 3rd century AD

၁၉၉၆ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနသည် အေစီ ၃ ရာစုအချိန်ကာလက ရေးဆွဲခဲ့ကြသည့် ဆေးရေးပန်းချီများကို ကျောင်းတော်ရှိ ဂူတစ်ခု၏ အမိုးခုံးမျက်နှာကြက်တွင် တွေ့ရှိခဲ့ကြသည်။ [၄]ပန်းချီတွင် ငယ်ရွယ်သည့် အမျိုးသမီးကချေသည်တစ်ဦးနှင့် ဗောဓိသတ္တဟု ယူဆရသည့် အမျိုးသားတစ်ဦး၏ ပုံကို မြင်တွေ့ရသည်။ အမျိုးသမီး၏ ရုပ်ပုံသည် သိဂိရိယရှိ အပျိုစင်ရုပ်ပုံများ (၅ ရာစု) နှင့် ချွတ်စွပ်နီးပါး တူလျက်ရှိသည်။ ဤကျောင်းတော်နှင် သိဂိရိယရှိ ရုပ်ပုံနှစ်ခုစလုံးသည် အနီ၊ အဝါ၊ အစိမ်းနှင့် အဖြူရောင်များကို အသုံးပြုကာ မျဉ်းပါးများကို အသုံးပြုကာ ရေးဆွဲထားသည်။ [၅]ထိုပန်းချီများမှလွဲ၍ အခြားသောပန်းချီများသည် သမိုင်းမတိုင်မီက Vedda က ရေးဆွဲခဲ့ကြသည်များ ဖြစ်ကြပြီး ၎င်းလက်ရာများကို ကျောင်းတော်ရှိ ဂူအနည်းငယ်တွင် မြင်တွေ့နိုင်သေးသည်။ [၅]

ဝိဟာရရှိ ကျောက်စာများ[ပြင်ဆင်ရန်]

ကျောက်စာအပိုင်း ၁[ပြင်ဆင်ရန်]

ကျောက်စာအပိုင်း ၂[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Gonagolla။ Department of Archaeology။ 6 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2016 တွင် ပြန်စစ်ပြီး။
  2. Gazette 1884 & 10 October 2014, p. 922.
  3. Gonagolla Monastery (Punchi Seegiriya), Ampara။ Easternsrilanka။ 15 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2016 တွင် ပြန်စစ်ပြီး။
  4. Mural paintings in Sri Lanka, Process of evolutionDaily news (4 February 2004)။ 3 September 2016 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Frescoes at Gonagolla Punchi Sigiriya – ගොනාගොල්ල පුංචි සීගිරියේ බිතුසිතුවම්။ Amazing Lanka။ 3 September 2016 တွင် ပြန်စစ်ပြီး။