ဂိုချန်လျန်
ဂိုချန်လျန် | |
---|---|
မွေးသက္ကရာဇ် | ၁၉၂၇ စင်ကာပူ |
နိုင်ငံသား | စင်ကာပူ |
အလုပ်အကိုင် | Nippon Paint တည်ထောင်သူ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၂၀.၂ ဘီလျံ (၂၀၂၀ ဒီဇင်ဘာ) |
ဂိုချန်လျန် (၁၉၂၇ မွေး) သည် စင်ကာပူနိုင်ငံသား ဘီလျံနာ စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး သုတ်ဆေးနှင့် အပေါ်ဆေးများ ထုတ်လုပ်သော ဝူသလမ် ဦးပိုင် ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်သည်။[၁]
ဘဝအစ
[ပြင်ဆင်ရန်]ဂိုချန်လျန်အား စင်ကာပူတွင် မွေးဖွားသည်။[၂] သူသည် ဝူဆောင်ချန် နှင့် လီရှုရင်းတို့၏ သားဖြစ်သည်။[၃]
အလုပ်အကိုင်
[ပြင်ဆင်ရန်]သူသည် ပထမဆုံး အိမ်သုတ်ဆေးဆိုင်ကို ၁၉၅၅ တွင် စင်ကာပူ၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် နီပွန် အိမ်သုတ်ဆေး၏ အဓိက ဖြန့်ဖြူးသူ ဖြစ်လာခဲ့သည်။[၄]အိမ်သုတ်ဆေး လုပ်ငန်း နှင့် အိမ်ရာ ဖော်ထုတ်ခြင်းလုပ်ငန်းများတွင် ပါဝင်နေသော ဝူသလမ် ဦးပိုင် ကုမ္ပဏီကို ၁၉၇၄ ခုနှစ်တွင် အိမ်ခြံမြေ လုပ်ငန်း လုပ်ဆောင်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။[၁]
ကိုယ်ရေးကိုယ်တာ
[ပြင်ဆင်ရန်]သူသည် စင်ကာပူနိုင်ငံတွင် နေထိုင်သည်။ သူ၏ ဂိုဖောင်ဒေးရှင်းသည် ပရဟိတ လုပ်ငန်းဆောင်တာ အချို့အတွက် အများအပြား လှူဒါန်းခဲ့သည်။[၅][၆]
သူ့တွင် ဂိုဟပ်ဂျင်း ဆိုသော သားတစ်ဦးရှိပြီး ၂၀၁၈ မတ်လကတည်းက နိပွန်သုတ်ဆေးလုပ်ငန်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိကာ ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း တစ်ခု ဖြစ်သော နစ်ပ်ဆီး ကိုလည်း လုပ်ကိုင်လျှင် ရှိသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Wong၊ Sterling (January 19, 2015)။ Raffles Hotel Job Helps Make Goh Cheng Liang Singapore's Richest။ Bloomberg LLC။ 6 June 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Forbes profile: Goh Cheng Liang။ 11 December 2020 တွင် ပြန်စစ်ပြီး။
- ↑ 立邦漆背后的百亿富豪:从贫穷子弟到亚洲"油漆大王"的励志转身 (in zh-cn) (2018-04-27)။
- ↑ Our History။ 17 January 2015 တွင် ပြန်စစ်ပြီး။
- ↑ $12m gift for leukaemia research။ The Straits Times Singapore။ 14 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2015 တွင် ပြန်စစ်ပြီး။
- ↑ Goh Foundation Endowed Scholarship။ Singapore Management University။ 6 June 2015 တွင် ပြန်စစ်ပြီး။