ဂိုခေါထန်ရာဇာ
ပုံပန်းသွင်ပြင်
ဂိုခေါထန်ရာဇာ (c. 1821–1872) သည် တောင်ပိုင်မင်းမျိုးဖြစ်သော ဂွေးတဲလူမျိုး အဆက်ဖြစ်သည်။ သူ၏စံနန်းအိမ်တော်ကို ယနေ့မျက်မှောက် တွန်းဇံမြို့နယ်ရှိ မွာလ်ပီးသို့ ပြောင်းရွှေ့ခဲ့ပြီး၊ ကျုံးများတူးဖော်ပြီး၊ မြို့ရိုးအခိုင်အမာဖြင့် နေခဲ့သည်။ မျက်မှောက်သမိုင်းစာမျက်နှာတွင် မျက်ကွယ်ပြုခံရသော်လည်း၊ သူ့ခေတ်သူ့ကာလတွင်ကား ဇိုမီးဟုတွင်သော လူမျိုး၏ ဦးသျှောင်ဖြစ်ပြီး၊ နယ်ခြားမေသေခေါ် ကသည်းလူမျိုးတို့ကပင် ရာဇာဘုရင်တဆူအဖြစ် လေးစားကြည်ညိုခံခဲ့ရသည်။[၁][၂]