ဂိရဂမဝလောဝ

ဝီကီပီးဒီးယား မှ
Giragama Walawwa
ගිරාගම වලව්ව
Map
အထွေထွေ အချက်အလက်များ
အမျိုးအစားWalawwa
တည်နေရာYatinuwara veediya
မြို့Kandy
နိုင်ငံSri Lanka
ကိုဩဒိနိတ်07°17′39.6″N 80°38′09.5″E / 7.294333°N 80.635972°E / 7.294333; 80.635972ကိုဩဒိနိတ်: 07°17′39.6″N 80°38′09.5″E / 7.294333°N 80.635972°E / 7.294333; 80.635972
ပြီးစီး1814
ဂုဏ်အင်များArchaeological protected monument (8 July 2005)[၁] (23 February 2007)[၂]

ဂိရဂမဝလောဝ သည် သီရလိင်္ကာနိုင်ငံ၊ ကန်ဒီမြို့၊ Yatinuwara Veediya (Brownrigg Street) နှင့် Sir Bennet Soysa Veediya (ကိုလံဘိုလမ်း) ထောင့်တွင် တည်ရှိသည့် ဝလောဝအဆောက်အဦတစ်ခု (Walawwa) ဖြစ်သည်။[၃] မူလအဆောက်အဦကို ၁၈၁၄ တွင် တည်ဆောက်ခဲ့သည်။ ကန်ဒီမြို့တွင် တည်ရှိသည် ဝလောဝအဆောက်အဦများထဲတွင် သက်တမ်းအကြာဆုံး ဖြစ်သည်။ ဤအဆောက်အဦသည် ယခင် Diyawadana Nilame Kudamudiyanse Giragama နေထိုင်ခဲ့သည့်နေရာ ဖြစ်သည်။

အဆောက်အဦ အလယ်ပိုင်းသည် သစ်သားတာဝါတစ်ခုဖြစ်ပြီး ၎င်တာဝါကြောင့်ပင် အဆောက်အဦတစ်ခုအဖြစ်မှ ကွဲပြားသွားစေသည်။ ထိုကဲ့သို့သော ပုံစံကို နိုင်ငံတစ်ဝန်းရှိ အခြားသော ဝလောများတွင် မတွေ့ရှိရပေ။ ရှေးဟောင်းသုတေသနပညာရှင်များကမူ ဤအဆောက်အဦရှိ တာဝါသည် ဟိုးယခင်နေထိုင်ခဲ့သူများက လုံခြုံရေးတာဝါ သို့မဟုတ် စောင့်ကြည့်ရေးတာဝါ တစ်ခုခု ဖြစ်နိုင်သည်ဟု ဆိုကြသည်။[၄] ဤအဆောက်အဦကို သီရိလင်္ကာအစိုးရက ထိန်းသိမ်းကာကွယ်ရမည့် ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[၅]

၂၀၁၄ ခုနှစ်တွင် ကန်ဒီမြို့ပြကောင်စီသည် ဗဟိုယဉ်ကျေးမှုရန်ပုံငွေအဖွဲ့၊ ဆင်ခြေဖုံးဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်များနှင့် အတူတကွ အဆောက်အဦများကို ပြင်ဆင်ခဲ့ရာ ခန့်မှန်းကုန်ကျစရိတ်သည် ရူပီ ၇.၂ သန်း ရှိခဲ့သည်။ လုပ်ငန်းများမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်သည် ရူပီ ၁၅.၀၈ သန်း ရှိသည်။ ၎င်းကို စီရင်စုအုပ်ချုပ်ရေးမှူး Surangani Ellawala က တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. "Gazette" (8 July 2005). The Gazette of the Democratic Socialist Republic of Sri Lanka 1401. 
  2. Gazette 1486 & 23 February 2007, p. 9.
  3. Protecting treasures a national responsibilityThe Sunday Times (Sri Lanka) (28 September 2015)။ 31 December 2016 တွင် ပြန်စစ်ပြီး။
  4. Facelift for Giragama Walauwa and old Kandy buildingsThe Sunday Times (Sri Lanka) (23 February 2014)။ 31 December 2016 တွင် ပြန်စစ်ပြီး။
  5. Protected Monument List 2012-12-12Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 December 2016 တွင် ပြန်စစ်ပြီး။
  6. "Protecting treasures a national responsibility"၊ 28 September 2015။ 2 January 2017 တွင် ပြန်စစ်ပြီး