မာတိကာသို့ ခုန်သွားရန်

ဂိဖု ဗုဒ္ဓရုပ်ပွားတော်ကြီး

ဝီကီပီးဒီးယား မှ
ဂိဖု ဗုဒ္ဓရုပ်ပွားတော်ကြီး

ဂိဖုဗုဒ္ဓရုပ်ပွားတော်ကြီး (岐阜大仏) သည် ဂျပန်နိုင်ငံ၊ ဂိဖုစီရင်စု၊ ဂိဖုမြို့တော်၊ ရှိုးဟိုးဂျိတွင် တည်ရှိသည်။ Kinpouzan Shōhō ကျောင်း၏ ၁၁ ဆက်မြောက် ဘုန်းတော်ကြီး Ichyuu က ၁၉၇၀ ဝန်းကျင်တွင် တည်ဆောက်ရန် စိတ်ကူးရခဲ့သည်။ Ichyuu သည် ထိုဘုရားကြီး မပြီးခင် ၁၈၁၅ ခုနှစ်တွင် ဆုံးခဲ့သည်။ သို့သော် သူ၏ အမွေဆက်ခံသူဘုန်းတော်ကြီး Kohshuu လက်ထက် ၁၈၃၂၊ ဧပြီလတွင် ပြီးစီးခဲ့သည်။ တည်ဆောက်မှုသည် ၃၈ နှစ် ကြာမြင့်ခဲ့သည်။ ရုပ်ပွားတော်သည် ဂျပန်နိုင်ငံတွင် ထောင်လိုက်အနေအထားရှိပြီး ကြီးမားသည့် ရုပ်ပွားတော်များထဲမှ တစ်ခုလည်း ဖြစ်သည်။[][]

တည်ဆောက်ခြင်း

[ပြင်ဆင်ရန်]

ရုပ်ပွားတော်ကြီးသည် ၎င်း၏ တည်ဆောက်ထားသည့် နည်းလမ်းကြောင့် သူများနှင့်မတူ ထူးခြားသည်။ ပထမအနေဖြင့် အလယ်တိုင်သည် ၁.၈ မီတာရှိပြီး ginkgo သစ်သားဖြင့် ပြုလုပ်ထားသည်။ ဗုဒ္ဓပုံစံကိုမူ ဝါးဖြင့် ရာဇမတ်ကွက်ပြုလုပ်ကာ လုပ်ထားသည်။ ထိုဝါးတို့ကို ရွံ့စေးတို့ဖြင့် လိမ်းကျံထားပြီး ပိဋကတ်များကို ထိုရွှံ့စေးများအပေါ်တွင် ရေးထားသည်။ နောက်ဆုံးတွင် ထိုပိဋကတ်တို့ကို သစ်စေနှင့် ရွှေရောင်အချပ်များဖြင့် ဖုံးအုပ်ထားသည်။[]

အတိုင်းအတာများ

[ပြင်ဆင်ရန်]
  • ရုပ်တု၏ အမြင့် = ၁၃.၇ မီတာ (၄၄.၉ ပေ)
  • မျက်နှာတော်၏ အလျား = ၃.၆၃ မီတာ (၁၁.၉ ပေ)
  • မျက်လုံး၏ အလျား = ၀.၆၆ မီတာ (၂.၂ ပေ)
  • နား၏ အလျား = ၂.၁၂ မီတာ (၇ ပေ)
  • ပါးစပ်၏ အကျယ် = ၁.၃၁ မီတာ (၄.၃ မီတာ)
  • နှာခေါင်း၏ အရှည် = ၀.၃၆ မီတာ (၁.၂ ပေ)[]

သွားရောက်ရန်

[ပြင်ဆင်ရန်]

JR ဂိဖုရထားဘူတာ (စင်္ကြံ - ၁၁) သို့မဟုတ မိုင်တဲဆုဂိဖုရထားဘူတာ (စင်္ကြံ - ၄) နှင့် နဂရသို့သွားမည့် မည်သည့် ဘတ်စကားဖြင့်မဆို သွားလာနိုင်သည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 35°25′57″N 136°46′19″E / 35.432416°N 136.771903°E / 35.432416; 136.771903

ကိုးကား

[ပြင်ဆင်ရန်]
  1. Gifu Great Buddha Gifu Convention and Visitors Bureau။ June 5, 2007 တွင် ပြန်စစ်ပြီး။
  2. 1 2 3 Gifu Shouhouji Daibutsu Kinpouzan Shouhouji Temple။ 11 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 30, 2010 တွင် ပြန်စစ်ပြီး။