ဂါယာလေဆိပ်

ဝီကီပီးဒီးယား မှ
ဂါယာလေဆိပ်
ဗုဒ္ဓဂါယာလေဆိပ်
အချက်အလက်များ
အမျိုးအစားPublic
စီမံကွပ်ကဲသူAirports Authority of India
ဝန်ဆောင်မှု ဧရိယာGaya
တည်နေရာGaya, India
ပင်လယ်မျက်နှာပြင် အထက်၁၁၆ မီတာ / ၃၈၀ ပေ
ကိုဩဒိနိတ်24°44′40″N 084°57′04″E / 24.74444°N 84.95111°E / 24.74444; 84.95111ကိုဩဒိနိတ်: 24°44′40″N 084°57′04″E / 24.74444°N 84.95111°E / 24.74444; 84.95111
ဝက်ဘ်ဆိုဒ်Gaya Airport
မြေပုံ
GAY သည် Bihar တွင် တည်ရှိသည်
GAY
GAY
GAY သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
GAY
GAY
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
10/28 2,286 7,500 Asphalt
ကိန်းဂဏန်း အချက်အလက်များ (2019)
Passenger movements354679
Aircraft movements1,635(Increase13.8%)
Source: AAI,[၁][၂]

ဂါယာလေဆိပ် (ဗုဒ္ဓဂါယာလေဆိပ်ဟုလည်း သိကြ) သည် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဂါယာတွင် တည်ရှိသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု ဖြစ်သည်။ လေဆိပ်သည် ဂါယာ၏ အနောက်တောက်ဘက် ၁၂ ကီလိုမီတာအကွာ၊ ဂေါတမဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည့် ဗုဒ္ဓဂါယာကျောင်းတော်ရာမြို့၏ ၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ လေဆိပ်သည် ဂျပန်၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ ဘူတန်၊ မြန်မာ၊ ထိုင်းတို့မှ ဘုရားဖူးလေယာဉ်များနှင့် ကမ္ဘာတစ်ဝန်းရှိ ဘုရားဖူးလာရောက်ကြသည့် လေယာဉ်များအား လက်ခံဆောင်ရွက်လျက်ရှိသည့် လေဆိပ်တစ်ခု ဖြစ်သည်။

တိုးချဲ့ခြင်း[ပြင်ဆင်ရန်]

လေဆိပ်၏ ပြေးလမ်းကို တိုးချဲ့ရန်အတွက် ရွာလေးရွာမှ မြေဧက ၁၀၀ ကို သိမ်းယူခဲ့ပြီးနောက်တွင် နောက်ထပ်တစ်ဖန် ဧက ၁၀၀ ကို သိမ်းယူခဲ့ပြန်သေးသည်။ အိန္ဒိယလေဆိပ်အာဏာပိုင် (AAI) သည် လေဆိပ်အား ကာလကတ္တားလေဆိပ်အတွက် အရေးပေါ်အသုံးပြုရန်လေဆိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။[၃] ဆောက်လုပ်ရေးဝန်ကြီး K C Venugopal ကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ Rajya Sabha တွင် အိန္ဒိယလေဆိပ်အာဏာပိုင် (AAI) က ဗီဟာပြည်နယ်အစိုးရအား လေဆိပ်တိုးချဲ့ရန်အတွက် နောက်ထပ် ဧက ၂၀၀ ဝန်းကျင်ကို ရယူမည်ဖြစ်ကြောင်း မေတ္တာရပ်ခံခဲ့သည်ကို အသိပေးခဲ့သည်။

အကျဉ်းချုပ်[ပြင်ဆင်ရန်]

ဂါယာလေဆိပ်သည် မြေဧက ၉၅၄ ဧကပေါ်တွင် တည်ရှိသည်။ မြေဧက ၁၀၀ သည် သိမ်းယူထားသည်ဖြစ်ပြီး အခြားဧက ၁၀၀ သည်လည်း ရွာလေးရွာမှ မြေများဖြစ်ကာ လေယာဉ်ပြေးလမ်းတိုးချဲ့ရန်အတွက် ဖြစ်သည်။ လေဆိပ်အဆောက်အဦသည် ၇၅၀၀ စတုရန်းကီလိုမီတာရှိပြီး ခရီးသည် အဝင် ၂၅၀ ဦး၊ အထွက် ၂၅၀ ဦးကို ဝန်ဆောင်မှုပေးနိုင်သည်။ ဤလေဆိပ်သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့်နိင်ငံများမှ ဗုဒ္ဓဘာသာဘုရားဖူးခရီးသည်များသည် လေဆိပ်မှတစ်ဆင့် ဘုရားဖူးလာရောက်ကြသည်။[၄]

လေကြောင်းလိုင်းများနှင့် ဆိုက်ရောက်ရာ[ပြင်ဆင်ရန်]

လေကြောင်းလိုင်းများပျံသန်းရာနေရာ
Air India Delhi, Kolkata, Varanasi
Seasonal: Yangon
Bhutan Airlines Seasonal: Bangkok–Suvarnabhumi, Paro
Druk Air Seasonal: Bangkok–Suvarnabhumi, Paro
IndiGo Kolkata, Varanasi[၅]
Myanmar Airways International Seasonal: Mandalay, Yangon
Myanmar National Airlines Seasonal: Yangon
Thai AirAsia Seasonal: Bangkok–Don Mueang
Thai Smile Seasonal: Bangkok–Suvarnabhumi

ကိုးကား[ပြင်ဆင်ရန်]

  1. TRAFFIC STATISTICS - DOMESTIC & INTERNATIONAL PASSENGERS (jsp)။ Aai.aero။ 12 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 December 2014 တွင် ပြန်စစ်ပြီး။
  2. Gaya Airport | Airports Authority Of India
  3. "Airport land issue: Patna's loss, Gaya's gain"၊ The Times of India၊ 13 August 2010။ 6 May 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 3 January 2013။ 
  4. Buddhist Tourists။ 2016-11-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. IndiGo to launch flights on Buddhist circuit from August