ဂါနာနိုင်ငံရှိ ရဲတိုက်များစာရင်း
ပုံပန်းသွင်ပြင်
| ဂါနာနိုင်ငံ ဗော်လ်တာဒေသ၊ ဂရိတ်တား အက်ခရာဒေသ၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသမှ ခံတပ်နှင့် ရဲတိုက်များ* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | vi |
| ကိုးကား | ၃၄ |
| ဒေသ** | အာဖရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
အောက်ပါစာရင်းသည် ဂါနာနိုင်ငံ ရှိ ရဲတိုက် များ၏ စာရင်းဖြစ်သည်။
ယူနက်စကိုစာရင်း
[ပြင်ဆင်ရန်]ဂါနာနိုင်ငံ ဗော်လ်တာဒေသ၊ ဂရိတ်တား အက်ခရာဒေသ၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသမှ ခံတပ်နှင့် ရဲတိုက်များ သည် ယူနက်စကိုမှ ပေါင်းစပ် သတ်မှတ်ထားသော ဂိုးလ်ကို့စ် တလျှောက် (ယနေ့ခေတ် ဂါနာနိုင်ငံနေရာ) တွင် ရှိသော ကိုလိုနီခေတ်တွင် ဆောက်လုပ်ခဲ့သည့် ဥရောပ စတိုင်လ် ခံတပ်များနှင့် တပ်စခန်းများ (အများအားဖြင့် ပေါ်တူဂီ၊ ဒတ်ချ် နှင့် ဗြိတိသျှ တို့မှ ဆောက်လုပ်ခဲ့သည်။) ဖြစ်သည်။
ထိုသတ်မှတ်ချက်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် နေရာများစာရင်းအဖြစ် ၁၉၇၉ ခုနှစ်တွင် ထည့်သွင်း သတ်မှတ်ခဲ့သော နေရာ ၁၁ ခုပါဝင်သည်။