ဂလက်စဂို ရေခဲမုန့် စစ်ပွဲများ
ပုံပန်းသွင်ပြင်
| ဂလက်စဂို ရေခဲမုန့်စစ်ပွဲများ | |||||
|---|---|---|---|---|---|
ပုံတွင်ပါသည့် ဗန်ကားများတွင် ရောင်းချလေ့ရှိပြီး ကားရောက်သည်ကိုသိနိုင်ရန် စပီကာများဖြင့် သီချင်းဖွင့်လေ့ရှိသည်။ | |||||
| |||||
| စစ်ရင်ဆိုင်သူများ | |||||
| ဂလက်စဂိုနေ ရာဇဝတ်သားများ | စတရက်ကလိုက် ရဲ | ||||
| အသေအပျောက် | |||||
| (၆) ဦးသေ၊ ဒဏ်ရာရသူ မသိရ | |||||
ဂလက်စဂို ရေခဲမုန့်စစ်ပွဲများ ဆိုသည်မှာ ၁၉၈၀ ဝန်းကျင်တွင် စကော့တလန်ပြည်၊ ဂလက်စဂိုမြို့တွင် ဖြစ်ပွားသည့် ဂိုဏ်းပဋိပက္ခတစ်ခု ဖြစ်သည်။ ရေခဲမုန့်ရောင်းဗန့်ကားများဖြင့် ခိုးရာပါပစ္စည်းများ၊ မူးယစ်ဆေးများရောင်းသည့် ရာဇဝတ်ဂိုဏ်းနှစ်ခုတို့ ထိပ်တိုက်တွေ့ဆုံမိကြခြင်း ဖြစ်သည်။ ဈေးရောင်းသမားတို့မှာ အကြမ်းဖက်မှုများတွင် ပါဝင်ကြပြီး ယာဉ်မောင်းတစ်ယောက်နှင့် သူ၏မိသားစု မီးရှို့ အသတ်ခံရပြီးနောက် နှစ်(၂၀) ကြာ တရားရင်ဆိုင်ကြသည်။ ပဋိပက္ခမှာ လူထုစိတ်ဝင်စားမှု မြင့်တက်လာပြီး နယ်မြေခံ စထရက်ကလိုက်ရဲတို့ကို တကျီကျီလုပ်တတ်သည့်အဖွဲ့ (Serious Chimes Squad) ဟုပင် အမည်ပေးခံရသည်။ တကယ်တမ်းတွင် အဆိုပါအမည်မှာ လူထုအားအသိမပေးသည့်အပေါ် ရွဲ့ခေါ်သည့် အမည်သာဖြစ်သည်။