ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်
| ဂရင်းကင်ညွန် အမျိုးသားဥယျာဉ် | |
|---|---|
IUCN category II (အမျိုးသားဥယျာဉ်) | |
ဂရင်းကင်ညွန်အား မြောက်ဘက်ကမ်းပါးစွန်းမှ မြင်ရပုံ | |
| တည်နေရာ | ကိုကိုနီနို ကောင်တီ နှင့် မိုဟေ့ဗ်ကောင်တီ ၊ အရီဇိုးနား အမေရိကန်ပြည်ထောင်စု မြောက်အမေရိက |
| အနီးဆုံး မြို့ | ဖရီဒိုးနီးယား ၊ အရီဇိုးနားပြည်နယ် (မြောက်ဘက် ကမ်းပါးစွန်း) တူဆာယန်း၊ အရီဇိုးနားပြည်နယ် (တောင်ဘက် ကမ်းပါးစွန်း) |
| ကိုဩဒိနိတ် | 36°03′19″N 112°07′19″W / 36.0552608°N 112.1218355°Wကိုဩဒိနိတ်: 36°03′19″N 112°07′19″W / 36.0552608°N 112.1218355°W |
| ဧရိယာ | ၁,၂၁၇,၂၆၂ ဧက (၄,၉၂၆.၀၈ km2) |
| ဖွဲ့စည်း | ဖေဖော်ဝါရီ ၂၆၊ ၁၉၁၉ |
| လည်ပတ်သူများ | ၅,၉၆၉,၈၁၁ (၂၀၁၆ ခုနှစ်အတွင်း) |
| အုပ်ချုပ်ရေး | အမျိုးသားဥယျာဉ် ဝန်ဆောင်မှု ဌာန |
| ဝဘ်ဆိုဒ် | Grand Canyon National Park |
| ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | သဘာဝ |
| ရွေးချယ်သည့်စံနှုန်း | vii,viii, ix, x |
| ကိုးကား | ၇၅ |
| ဒေသ** | ဥရောပ နှင့် မြောက်အမေရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်သည် အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားဥယျာဉ် အဖြစ် သတ်မှတ်ခြင်းခံရသော နေရာများတွင် ၁၅ ခုမြောက် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်း ခံရပြီး အရီဇိုးနားပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် ရှိသည်။ ၎င်းဥယျာဉ်၏ အဓိက နေရာမှာ ကော်လိုရာဒိုမြစ်၏ ချောက်ကမ်းပါးတစ်ခု ဖြစ်သော ဂရင်းကင်ညွန် ချောက်ကမ်းပါး ဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်များ တွင် အပါအဝင် အဖြစ် သတ်မှတ်လေ့ရှိသော နေရာ ဖြစ်သည်။ ထိုဥယျာဉ်သည် ၁,၂၁၇,၂၆၂ ဧက (၁,၉၀၁.၉၇၂ စတုရန်းမိုင် ၊ ၄၉၂,၆၀၈ ဟက်တာ၊ ၄၉၂၆.၀၈ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းပြီး ကိုကိုနီနို ကောင်တီ နှင့် မိုဟေ့ဗ်ကောင်တီတို့၏ အုပ်ချုပ်ရေးဒေသ မဟုတ်သော နယ်မြေများပါဝင်သည်။ ၂၀၁၆ ခုနှစ်တွင် အပန်းဖြေ လာရောက်သူ ၆ သန်းခန့် ရှိခဲ့ပြီး အမေရိကန် အမျိုးသားဥယျာဉ်များတွင် ဂရိတ်စမုတ်ကီတောင် အမျိုးသားဥယျာဉ်ပြီးလျှင် ဒုတိယမြောက် လာရောက်သူ အများဆုံး ဖြစ်သည်။