ဂရက်ဖတီ
Graffiti Art ဆိုသည်မှာ Hip Hopနဲ့ ဆက်နွယ် ပတ်သက်နေသော လမ်းများပေါ်ရှိ နံရံများတွင် ရေးဆွဲထားသော ရုပ်ပုံ၊ စာသားများကို ခေါ်ဆိုသည်။ Street Art ဟူ၍လည်းခေါ်သည်။ ရုပ်ပုံများကို မှုတ်ဆေး(spray)ဗူးများကို အသုံးပြု၍ ရေးဆွဲကြသည်။ ရေးဆွဲသူများကို Graffiti artists(or) Street artists ဟုခေါ်ကြသည်။ ရေးဆွဲသူများ၏ အနုပညာ ထုတ်ဖော်ချက်များ၊ ရင်တွင်း ခံစားချက်များကို ရေးဆွဲထားကြပေသည်။ Graffiti Art သည် ၁၉၇၀-ခုနှစ် အတည်းက ပေါ်ပေါက်နေပေသည်။ အမေရိကန် မြေအောက်လမ်းများ ပေါ်တွင် အများအပြားရေးဆွဲထားကြပေသည်။ ယခုအခါ အမေရိကန်တွင် သာမက ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ စပိန်၊ အစ္စရေး၊ ဂျပန်၊ အင်္ဂလန်နှင့် မြန်မာနိုင်ငံများအထိ ရေးဆွဲလာကြပေသည်။
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |