ဂယ်လီမီးပြတိုက်

ဝီကီပီးဒီးယား မှ
Galle Lighthouse
Pointe de Galle
Galle Lighthouse
Map
တည်နေရာGalle Fort
Galle
Southern Province
Sri Lanka
OS grid[၁]
ကိုဩဒိနိတ်6°01′28.48″N 80°13′09.76″E / 6.0245778°N 80.2193778°E / 6.0245778; 80.2193778ကိုဩဒိနိတ်: 6°01′28.48″N 80°13′09.76″E / 6.0245778°N 80.2193778°E / 6.0245778; 80.2193778
တည်ဆောက်ခဲ့1848 (first)
ပထမဆုံးမီးထွန်း1939 (current)
အလိုအလျောက်yes
ဆောက်လုပ်ရေးconcrete and stone
မီးပြတိုက်ပုံစံcylindrical tower with balcony and lantern
အမှတ်အသားwhite tower and lantern
မီးပြတိုက်အမြင့်၂၆.၅ မီတာ (၈၇ ပေ)
ဆုံချက်အမြင့်၂၈ မီတာ (၉၂ ပေ)
ပါဝါရင်းမြစ်mains electricity Edit this on Wikidata
အလင်းရင်းမြစ်mains power
အကွာအဝေး၄၇ ရေမိုင် (၈၇ ကီလိုမီတာ; ၅၄ မိုင်)
ဝိသေသလက္ခဏာFl (2) W 15s.
Admiralty numberF0830
NGA number27284
ARLHS numberSLI-0018
အော်ပရေတာSri Lanka Ports Authority[၁]

ဂယ်လီမီးပြတိုက် သည် သီရိလင်္ကာနိုင်ငံ၊ ဂယ်လီမြို့တွင် တည်ရှိသည့် မီးပြတိုက်တစ်ခု ဖြစ်သည်။[၂] သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်က ထိန်းသိမ်းထားသည်။ ဤမီးပြတိုက်သည် သီရိလင်္ကာရှိ သက်တမ်းအကြာမြင့်ဆုံး မီးပြတိုက်ဖြစ်သည်။[၃][၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဂယ်လီတွင် ပထမဆုံးသော မီးပြတိုက်ကို ၁၈၄၈ ခုနှစ်တွင် ဗြိတိသျှတို့က ဆောက်လုပ်ခဲ့သည်။ [၂][၄]၎င်းသည် ၂၄.၄ မီတာ (ပေ ၈၀ ) အမြင့်ရှိသည့် သံမီးပြတိုက်တစ်ခု ဖြစ်သည်။ ပြတိုက်ကို အင်္ဂလန်မှ တင်သွင်းသည့် သံကြွပ်ပြားများဖြင့် တည်ဆောက်ထားသည်။ [၄][၅] ၎င်းကို ဗြိတိသျှဗိသုကာပညာရှင် အလက်ဇန်းဒါးဂေါ်ဒန်က ဒီဇိုင်းရေးဆွဲကာ Pimlico ၏ အင်ဂျင်နီယာဖြစ်သူ Messrs. Robinsonက ဆောက်လုပ်ခဲ့သည်။ [၆][၇]မီးပြတိုက်သည် အဖြူရောင်ဆေးခြယ်ထားပြီး ဂယ်လီဆိပ်ကမ်း၏ အနောက်ဘက်တွင် တည်ရှိသည့် ဂယ်လီခံတပ်၏ အနောက်တောင်ဘက်နေရာဖြစ်သည့် Utrtecht ခံတပ်နေရာတွင် တည်ရှိသည်။ ဤမီးပြတိုက်တွင် ၁၉ ကီလိုမီတာ (၁၂ မိုင်) အဝေးမှ မြင်နိုင်သည့် prolate  ရောင်ပြန်များကို တပ်ဆင်ထားသည်။ ဤမီးပြတိုက်သည် ၁၉၃၆ ခုနှစ်တွင် မီးရှို့ကာ ဖျက်ဆီးခံခဲ့ရသည်။[၆][၈][၉] In July 1936 it was destroyed by fire.[၁][၂]

လက်ရှိ ၂၆.၅ မီတာ (၈၇ ပေ) မြင့်သည့် ကွန်ကရစ်မီးပြတိုက်သည် ၁၉၃၉ ခုနှစ်က တည်ဆောက်ခဲ့သည့် ၁၀၀ မီတာခန့် (၃၃၀ ပေ) မြင့်သည့် မီးပြတိုက်ကို ပြန်လည်ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ [၁][၂]

မီးပြတိုက်သည် ရှေးဟောင်းဂယ်လီခံတပ်နှင့် နံရံတစ်ခုသာခြားသည်။ မီးပြတိုက်သည် နည်းဗျူဟာအရ အငူ၏ တောင်ဘက်အစွန်ပိုင်းတွင် တည်ရှိသည်။ ခံတပ်ကတုတ်ရှိ လမ်း၏အထက် ၆ မီတာ (၂၀ ပေ) ခန့်တွင် တည်ဆောက်ထားသည်။ ၎င်းခံတပ်ကတုတ်ကို Point Utrecht Bastion ဟု ခေါ်ကြပြီး ၎င်းမှနေ၍ ဂယ်လီဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် မည်သည့်သင်္ဘောကိုမဆို ကောင်းစွာမြင်တွေ့နိုင်သည်။[၁]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ တမ်းပလိတ်:Cite rowlett
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Galle LightLighthouse Explorer။ Foghorn Publishing။ 22 December 2014 တွင် ပြန်စစ်ပြီး။
  3. List of Lighthouses in Sri Lanka။ The Team Traveller။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2014 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ "Accounts and Papers of the House of Commons" (1850) 53. Parliament of Great Britain. 
  5. Sailing Directions for the West Coast of India - Issue 159။ United States Hydrographic Office။ 1920။ p. 167။
  6. ၆.၀ ၆.၁ "The Civil Engineer and Architect's Journal" (1847) 10. 
  7. Lewis, Miles (2012). "Construction History". Iron Lighthouses 27: 23–64. Construction History Society. 
  8. "The Artizan" (December 1874) 5. 
  9. AS02: Lighthouses of Sri Lanka။ The World Lighthouse Hub။ 6 March 2020 တွင် ပြန်စစ်ပြီး။