ဂမုန်းနီ

ဝီကီပီးဒီးယား မှ

အပင်ရင်းမှာ နနွင်းကဲ့သို့နီသည်။ အရွက်ပုံသဏ္ဌာန်မှာ သက်ကယ်ကြီးရွက်ကဲ့သို့ အစုရှိ၏။ ဆိတ်ဖူးရွက်ကဲ့သို့ ပြာလဲ့လဲ့ရှိပြီး ပင်ရင်း ဟင်္သပြဒါးကဲ့သို့ အနီရောင်ဖြစ်သည်။ အနံ့မှာ ကတိုးနံ့ဖြစ်သည်။ ဂမုန်းဥကို ထုံးမှာခပ်သော် ထုံးနီသည်။ ဟင်္သပြဒါးကဲ့သို့ နီမှစစ်သည်။ ဥသည် နနွင်းဥ၊ နနွင်းတက်ကဲ့သို့ ရှိသည်။ လောကီအစီအရင်များတွင် သုံးလေ့ရှိသည်။ [၁]

အကျိုး[ပြင်ဆင်ရန်]

ဂမုန်းနီပင် စိုက်ထားသော အကျိုးကား မြေမှဖြစ်သော ဖုတ်ကောင် စုန်းနားပင်းတို့ ဖမ်းစားခြင်း မပြုနိုင်၊ ဂဝံရုပ်တု၍ ဆောင်သော် ရှိန်း ပြီး၏။ ဆာယာအန္တိ ပြီး၏။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  2. ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း(ပထမတွဲ)နှာ-၂၇