ဂန်းနမ်
![](http://upload.wikimedia.org/wikipedia/commons/thumb/c/ca/Gangnam-gu_Office_20140615_081923.jpg/220px-Gangnam-gu_Office_20140615_081923.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/3/31/South_Seoul.jpg/250px-South_Seoul.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/f/f2/Cheongdam_Intersection.jpg/250px-Cheongdam_Intersection.jpg)
ဂန်းနမ်ခရိုင် (ကိုရီးယား: 강남구, 江南區; ဂန်းနမ်ဂူ) သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တစ်ခု ဖြစ်သည်။ ဂန်းနမ်၏ အဓိပ္ပာယ်မှာ "ဟန်မြစ်တောင်ဘက်"ဟု ကိုရီယားဘာသာဖြင့် အနက်ရသည်။ ဆိုးလ်၏ တတိယအကြီးဆုံး ခရိုင်ဖြစ်ပြီး ၃၉.၅ စတုရန်းကီလိုမီတာ (၁၅.၃ စတုရန်းမိုင်) ကျယ်သည်။ ၂၀၁၇ ခု သန်းခေါင်စာရင်းအရ လူဦးရေ ၅၆၁,၀၅၂ ယောက် နေသည်။ [၁] ကြွယ်ဝမှုမြင့်မားသော ခရိုင်ဖြစ်ပြီး ၂၀၂၀ စာရင်းအရ အိမ်ခန်းတစ်ခန်း၏ ကာလပေါက်ဈေးမှာ နှစ် ၄၀ အတွင်း ၈၄ ဆ တက်လာကြောင်း တွေ့ရသည်။ ဆိုးလ်ရှိ အခြားမြေများမှာ ၆ ဆသာ တက်၏။ [၂]
လူစည်ကားရာနေရာများ
[ပြင်ဆင်ရန်]![](http://upload.wikimedia.org/wikipedia/commons/thumb/2/24/Gangnam.jpg/220px-Gangnam.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/0/02/Bongeunsa_1.jpg/220px-Bongeunsa_1.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/6/69/COEX_as_seen_from_Bongeunsa_temple.jpg/220px-COEX_as_seen_from_Bongeunsa_temple.jpg)
လူသိများသော ဈေးဝယ်စင်တာများနှင့် ဖျော်ဖြေရေးဧရိယာများတွင် အပ်ဂူဂျောင်ရပ်ကွက် (압구정동) ရှိ ကစားကွင်းများနှင့် စားသောက်ဆိုင်များ၊ ဆမ်ဆောင်းရပ်ကွက် (삼성동) ရှိ ကိုအိတ် ခေါ် ပြပွဲစင်တာကြီး၊ ရှင်ဆာရပ်ကွက် (신사동) ရှိ တရုတ်ဆီးပင်တန်းကြီးရှိသည့် ဂါရိုဆူလမ်း (가로수길)၊ ချောင်ဒမ်ရပ်ကွက် (청담동) ရှိ အထည်ဆိုင်များဖြင့်ပြည့်နေသော ဖက်ရှင်လမ်းမတို့ ပါဝင်သည်။
ကိုးကား
[ပြင်ဆင်ရန်]![](http://upload.wikimedia.org/wikipedia/commons/thumb/4/4a/Commons-logo.svg/30px-Commons-logo.svg.png)
- ↑ Gangnam-gu (City District, Seoul, South Korea) - Population Statistics
- ↑ Kim Bo-eun. "Gangman apartment prices jump 84 times in 40 years". The Korea Times. 2020-03-29.