ဂန္ဓောဒယိက

ဝီကီပီးဒီးယား မှ

အရှင်ဂန္ဓောဒယိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရား၏ ထင်းရှူးဗောဓိပင်ပူဇော်ပွဲ ပြုလုပ်ချိန်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်ဂန္ဓောဒယိကထေရ်သည် ရတနာခြူးပန်း၊ ခြူးနွယ်တို့ဖြင့် ဆန်းကြယ်သော အိုးကိုယူကာ နံသာရေ လောင်းကာ လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ လှူဒါန်းခဲ့ရသည့် အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်ခဲ့၏။ နှစ်ထောင့်ရှစ်ရာသော ကမ္ဘာထက်တွင် “သံဝသိတ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဂန္ဓောဒယိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗီဇနိဝဂ်