မာတိကာသို့ ခုန်သွားရန်

ဂဒါးမစ်မြို့

ဝီကီပီးဒီးယား မှ
ဂဒါးမစ် မြို့
Ghadames

غدامس
ʕadémis (Berber)
မြို့
ထိပ်ဆုံးမှစ၍ လက်ယာရစ်
ဂဒါးမစ်ဗလီ၊ မြို့ဟောင်း၊ မြို့ဟောင်းလမ်းမြင်ကွင်း
ကိုဩဒိနိတ်: 30°8′N 9°30′E / 30.133°N 9.500°E / 30.133; 9.500ကိုဩဒိနိတ်: 30°8′N 9°30′E / 30.133°N 9.500°E / 30.133; 9.500
နိုင်ငံ လစ်ဗျား
ဒေသထရီပိုလီတားနီးယား
စည်ပင်သာယာနယ်နိမိတ်ဂဒါးမစ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်[]၁၀၈၀ ပေ (၃၃၀ မီတာ)
လူဦးရေ (2011)[]
 • စုစုပေါင်းapprox. ၁၀,၀၀၀
အချိန်ဇုန်EET (UTC+2)
တရားဝင်အမည်ဂဒါးမစ်မြို့ဟောင်း
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းv
ရွေးချယ်ခြင်း၁၉၈၆
ရည်ညွှန်းနံပါတ်[]
နိုင်ငံလစ်ဗျား
ဒေသအာရပ်နိုင်ငံများ

ဂဒါးမစ် သို့မဟုတ် ဂဒါးမက်စ် မြို့သည် လစ်ဗျားနိုင်ငံ ထရီပိုလီတာနီးယားဒေသ၊ နာလွတ်ခရိုင်ရှိ ဘာဘာလူမျိုးတို့၏ အိုအေစစ်တွင် ရှိသော မြို့တစ်မြို့ ဖြစ်သည်။

ဂဒါးမစ်မြို့၏ ဒေသခံ ဘာသာစကားမှာ ဂဒါးမစ် ဘာသာစကား ဖြစ်သည်။

ဂဒါးမစ်သည် အိုအေစစ်တွင် တည်ရှိသောကြောင့် 'ကန္တာရ၏ ပုလဲလုံး' ဟု တင်စားခေါ်ဝေါ်ကြသည်။ ၎င်းသည် ဆာဟာရန်မတိုင်မီခေတ်က ရှေးအကျဆုံးမြို့များထဲတွင် တစ်မြို့အပါအဝင် ဖြစ်ပြီး ရိုးရာမြို့တို့၏ အလွန်ပြောင်မြောက်သော ဥပမာတစ်ခု ဖြစ်သည်။ ထိုမြို့၏ ဒေသဆိုင်ရာ ဗိသုကာမှာ လုပ်ငန်းဆောင်တာအလိုက် ဒေါင်လိုက် ပိုင်းခြားထားသည့် သွင်ပြင်လက္ခဏာရှိသည်။ မြေညီထပ်သည် စားနပ်ရိက္ခာများ ထားရန် နေရာဖြစ်ပြီး အခြားအထပ်မှာ မိသားစု အတွက် ဖြစ်သည်။ အပေါ်မှ အုပ်မိုးထားသော လမ်းကြားများသည် မြေအောက်လမ်းကြောင်းများ ကွန်ယက်ကဲ့သို့ ရှိပြီး ၎င်း၏ အပေါ်တွင် အမျိုးသမီးများအတွက် ဟင်းလင်းပြင် နေရာ ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Wolfram-Alpha: Making the world’s knowledge computable
  2. Der Spiegel 6 October 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 2011 Aug 23
  3. UNESCO World Heritage Centre။ Old Town of Ghadamès - UNESCO World Heritage Centre။ Whc.unesco.org။ 2018-05-26 တွင် ပြန်စစ်ပြီး။
  4. Centre၊ UNESCO World Heritage။ Old Town of Ghadamès - UNESCO World Heritage Centre (in en)။ 2016-07-20 တွင် ပြန်စစ်ပြီး။