ဂဒါဟတ္ထ

ဝီကီပီးဒီးယား မှ

လက်ရိုက် သံတင်းပုတ်ကို ကိုင်ထားသည့်ဟန် ဖြစ်သည်။ ရုပ်လုံးရုပ်ကြွ၏ လက်ထဲတွင် တင်းပုတ်, သို့မဟုတ်, လှံ, သိုင်း, ကြိုင်း တခုခုကို ကိုင် ဆောင်ထားပါက ဂဒါဟတ္ထပုံဟု ခေါ်သည်။

အမြဲတစေ သတိရှိနေစေသည့်ဟန်, ဝီရိယရှိဟန်ကို ပြထားခြင်း ဖြစ်သည်။

ဓမ္မေသု အပ္ပမာဒမင်္ဂလာ, သိပ္ပဉ္စမင်္ဂလာတို့နှင့် ပြည့်စုံစေရန် သရုပ်ဆောင်ထားခြင်း ဖြစ်ပေသည်။

ဝီရရသ, ရုဒ္ဓရသ ပေါ်လွင်အောင် ဖော်ပြထားခြင်း ဖြစ်သည်။

ဝီရိယပါရမီစခန်းသို့ ညွှန်ပြထားခြင်း ဖြစ်သည်။

ပုံစံအားဖြင့် မင်းစစ်သည်တော် ဘီလူး, နတ်သား စသော ရုပ်တု ရုပ်လုံး ရုပ်ကြွများတွင် ဤ ဂဒါဟတ္ထဟန်ပန်မျိုးကို တွေ့ရပေသည်။

ဂဒါဟတ္ထစသော လက်နက်များ ကိုင်ဆောင်ပါရှိသည့် ရုပ်တုများကို ကိုးကွယ်သူသည် အစိမ်း သားရဲ သင်းကွဲ ပြိတ္တာ နတ်မိစ္ဆာတို့၏ရန်မှ လွတ်ငြိမ်းချမ်းသာခြင်း, အောက်လမ်းပယောဂ အတိုက် အမြှုပ် အနှုတ်အဖွဲ့ အစွဲအလန်း အကြမ်းအနု အစီအရင်များကို ဒဏ်ပြန်စေနိုင်ကြောင်း, ကာကွယ်မှု ပေးနိုင်ကြောင်း ရဲရင့်စေတတ်ကြောင်း သတိလက်မလွတ် ထထကြွကြွ ရှိခြင်း, ဖျတ်လတ် သန်မာခြင်း စသော အကျိုးကျေးဇူးများ ရရှိကြောင်းနှင့် တအိမ်သားလုံးအတွက် လုံခြုံရေးကို ရရှိကြောင်းများဖြင့် ဝဇီရာယာန မန္တရာယာနကျမ်းများ၌ ဖော်ပြထားပါသည်။ [၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. GADA HASTA DHI. p. 300 Icons in B.p. 39, fig. 33.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ