ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အခြား အသုံးအနှုန်းများ အတွက် ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ (disambiguation) ကို ကြည့်ပါ။

Template:Pp-semi-indefTemplate:Pp-move

ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ
အမေရိကန် ပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်း
Thure de Thulstrup - L. Prang and Co. - Battle of Gettysburg - Restoration by Adam Cuerden.jpg
The Battle of Gettysburg, by Thure de Thulstrup
ရက်စွဲ အစ-၁၈၆၃.၇.၀၁ : အဆုံး-၁၈၆၃.၇.၃
နေရာ Gettysburg, Adams County, Pennsylvania
ရလဒ် အမေရိကန် မြောက်ပိုင်း
စစ်ရင်ဆိုင်သည့် နိုင်ငံများ
အမေရိကန် မြောက်ပိုင်း အမေရိကန် တောင်ပိုင်း
တပ်မှူးများနှင့် ခေါင်းဆောင်များ
George G. Meade
အမေရိကန်ပြည်ထောင်စု John F. Reynolds
Robert E. Lee
ပါဝင်သည့် တပ်ဖွဲ့များ
မြောက်ပိုင်းတပ်Army of the Potomac တောင်ပိုင်းတပ်Army of Northern Virginia
စစ်အင်အား
၉၃,၉၂၁ ၇၁,၆၉၉
အသေအပျောက်
23,055
(3,155 killed
 14,531 wounded
 5,369 captured/missing)[၁]
23,231
(4,708 killed
 12,693 wounded
 5,830 captured/missing)[၂]

Template:Campaignbox Gettysburg Campaign

ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ(၁၈၆၃)[ပြင်​ဆင်​ရန်​]

ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲသည် စစ်ကာလကြာရှည်နေသော၊ နှစ်ဖက်အထိနာနေသော အမေရိကန် ပြည်တွင်းစစ်ကြီးအတွက် အဆုံးသတ်အဖြေကို ထင်ထင်ရှားရှားပေးသော တိုက်ပွဲဖြစ်သည်။ ငွေကြေးအင်အား၊ လူအင်အား အနေအထားအရ ရေရှည်စစ်ကို ဆင်နွှဲရန် မဖြစ်နိုင်သည့် တောင်ပိုင်းတပ်များအား မြောက်ပိုင်းကို အချိန်တိုအတွင်းအနိုင်ရရန်အတွက် အဆုံးအဖြတ်တိုက်ရန် ဆုံးဖြတ်ချိန်နှင့် မရည်ရွယ်ဘဲ မြောက်ပိုင်းသမ္မတ လင်ကွန်းကလည်း ဘက်စုံထိုးစစ်ဖြင့် အဆုံးအဖြတ်ယူရန်အတွက် တိုက်စစ်မြှင့်တင်ချိန်တို့ လာရောက်တိုက်ဆိုင်ကာ ဂတ်တီးစ်ဘော့ဂ်တိုက်ပွဲကြီး ဖြစ်ပွားလာသည်။

နောက်ခံသမိုင်း[ပြင်​ဆင်​ရန်​]

စစ်ပွဲကာလရှည်ကြာလာသည်နှင့်အမျှ တောင်ပိုင်းမှနိုင်ငံရေးခေါင်းဆောင်များသည် မြောက်ပိုင်းအားအနိုင်သိမ်း၊ အရယူရန်အတွက် ၄င်းတို့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးလီး အားဖိအားပေးလာသည်။ ထို့အတူ ထိုးစစ်မြှင့်တင်လာသည့် အမေရိကန်သမ္မတ လင်ကွန်းနှင့် ၄င်း၏တပ်များကလည်း ဘက်စုံထိုးစစ်ဆင်နွှဲကာ တောင်ပိုင်းတပ်များအပေါ် အသာရစပြုလာသည်။ သို့နှင့် မြောက်ပိုင်းမြို့တော် ဝါရှင်တန် ဒီစီ သို့ချီတက်လာသည့် ဗိုလ်ချုပ်ကြီးလီး၏ တပ်များနှင့် မြောက်ပိုင်းဗိုလ်ချုပ်ကြီးမိဒ် (George C. Meade)တို့သည် ဂတ်တီးစ်ဘာ့ဂ်မြို့တွင် ရင်ဆိုင်တွေ့ကြသည်။

တိုက်ပွဲအခင်းအကျင်း[ပြင်​ဆင်​ရန်​]

ဗိုလ်ချုပ်ကြီးလီးသည် ၁၈၆၃၊ ဇွန်လတွင်းကပင် ၄င်း၏တပ်များကို ကက်ရှ်တောင်း(Cash Town)သို့ တဖွဲဖွဲလွှတ်ကာ အနီးရှိ ဂတ်တီးစ်ဘာ့ဂ်မြို့တွင် တပ်စွဲထားသည့် မြောက်ပိုင်းတပ်များအား ရင်ဆိုင်ရန် အသင့်ပြင်လျက်ရှိသည်။ သို့ဖြင့် တောင်ပိုင်းတပ်မှ အင်အား ၇၆၀၀၀သည် ကက်ရှ်တောင်းသို့ လာရောက်တပ်စွဲထားပြီး ဖြစ်ကာ မြောက်ပိုင်းတပ်မှ စစ်သည် ၁၁၅၀၀၀လည်း ဂတ်တီးစ်ဘာ့ဂ်မြို့တွင် တိုက်ပွဲအတွက် အသင့်ဖြစ်နေလေသည်။ တောင်ပိုင်းတပ်များက ဂတ်တီးစ်ဘာ့ဂ်မြို့သို့ အပြင်းချီတက်လာပြီး မြို့ပြင်ရှိ မြောက်ပိုင်းကင်းထောက်တပ်များနှင့် အခြားတပ်များအား တလကြမ်းတိုက်ခိုက်ရာ မြောက်ပိုင်းတပ်များ မြို့တွင်းသို့ ဆုပ်ခွာဝင်ရောက်ရသည်။ ဇူလိုင်လ၊ ၁ရက်နေ့အရောက်တွင် တောင်ပိုင်းတပ်များမှ ထပ်မံ၍ အပြင်းအထန်တိုက်ပြန်သဖြင့် မြောက်ပိုင်းတပ်များမြို့ပြင်ရှိ တောင်ကုန်းများပေါ်သို့ ဆုပ်ခွာပေးရပြန်သည်။

တိုက်ပွဲ[ပြင်​ဆင်​ရန်​]

ဇူလိုင်လ၊ ၁ရက်နေ့တွင် ဗိုလ်ချုပ်ကြီးမိဒ်သည် တိုက်ပွဲနေရာသို့ ကိုယ်တိုင်လာရောက်ဦးဆောင်နေပြီဖြစ်ပြီး နောက်တစ်နေ့တွင် နှစ်ဖက်တပ်တို့အနေဖြင့် အဆုံးအဖြတ်တိုက်ပွဲကြီး ဆင်နွှဲတော့မည်ဖြစ်ကြောင်း သိနားလည်လိုက်ကြသည်။ ဇူလိုင်လ၊ ၂ရက်နေ့ နံနက်တွင် မြောက်ပိုင်းတပ်များသည် ဂတ်တီးစ်ဘာ့ဂ်မြို့ပြင်ရှိ-

  • ညာဖက်တွင် ကပ်စ်တောင်ကုန်း(Culps Hill)
  • အလယ်တွင် သင်္ချိုင်းတောင်ကုန်းတန်း (Cemetery Hill)
  • ဘယ်ဖက်တွင် Little Round Top တောင်ကုန်းများပေါ်သို့ တက်ရောက်ကာ နေရာယူထားကြသည်။

တောင်ပိုင်းတပ်များက တောင်ကုန်းများအောက်ဖက်ရှိ မြေပြန့်တွင် နေရာယူထားကြပြီး တိုက်ပွဲစသည်နှင့် တပြိုင်နက် ကပ်စ်တောင်ကုန်းပေါ်ရှိ မြောက်ပိုင်းတပ်များထံ ဦးတည်၍ တိုက်သည်။ သို့သော် ထိုထိုးစစ်မှာ ယောင်ပြသာလျှင်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးလီး၏ အဓိကရည်ရွယ်ချက်မှာ Little Round Top တောင်ကုန်းများပေါ်မှ အားနည်းသော မြောက်ပိုင်း၏ ဘယ်တောင်ပံတပ်များကို ဖြိုချလိုခြင်းဖြစ်သည်။ တောင်ပိုင်းတပ်များက အမြောက်များဖြင့် စုပြုံပစ်ခတ်ပြီး တိုက်ခိုက်ကာ အပြာရောင်စစ်ဝတ်စုံဝတ်တောင်ပိုင်းတပ်များသည် Little Round Top တောင်ကုန်းများပေါ်ရှိ မြောက်ပိုင်းတပ်များ၏ ဘယ်တောင်ပံကို ဆက်လက်တိုက်ခိုက်ကြသည်။ တောင်ပိုင်းတပ်အချို့ Little Round Top တောင်ကုန်း၏အချို့နေရာများကို ဝင်ရောက်တပ်တည်နိုင်ချိန်တွင် ကပ်စ်တောင်ကုန်းပေါ်တွင် သူတစ်ပြန်ကိုယ်တစ်ပြန်ဖြင့် အကြိတ်အနယ်တိုက်ခိုက်နေကြစဲ ဖြစ်သဖြင့် ဗိုလ်ချုပ်ကြီးမိဒ်မှ စစ်ကူမပေးနိုင်ဖြစ်နေသည်။

အနီးကပ်လက်တစ်ကမ်းတိုက်ပွဲများ အသုတ်လိုက်အသုတ်လိုက် ရေလှိုင်းများသဖွယ် ဖြစ်ပွားနေပြီး Little Round Top တောင်ကုန်းများပေါ်တွင် မြောက်ပိုင်းတပ်များက အင်အားမမျှသော များပြားလှသည့် တောင်ပိုင်းတပ်များအား ခုခံနေရသည်။ ကျည်ကုန်လျှင် လှံစွပ်ထိုး၊ လှံစွပ်မရှိတော့လျှင် သေနတ်ဖြင့်ရိုက်နှက်ပြီး နောက်ဆုံးတွင် လက်သီးခြင်းထိုးသော အခြေအနေအထိပြင်းထန်နေသည်။ထိုသို့ ရွှပ်ရွှပ်ချွံချွံခုခံသည့် မြောက်ပိုင်းသားများ၏ ခံစစ်အစွမ်းကို တောင်ပိုင်းသားများ မယှဉ်နိုင်တော့ဘဲ Little Round Top တောင်ကုန်းများပေါ်မှ ပြန်လည်ဆုပ်ခွာကြရသည်။ အခြားတောင်ကုန်းများပေါ်မှ တောင်ပိုင်းတပ်များကလည်း တောင်ခြေများရှိ မူလတပ်တည်ရာသို့ ပြန်လည် ဆုပ်ခွာလာကြသည်။ ထိုအချိန်တွင်မှ တောင်ပိုင်းမြင်းတပ်သည် တိုက်ပွဲနေရာသို ရောက်ရှိ၍လာသည်။

တောင်ပံများတွင် အခြေမလှဖြစ်လာသောအခါ ဗိုလ်ချုပ်ကြီးလီးသည် နေ့လယ်တစ်နာရီမှစကာ အမြောက်များဖြင့် တောင်ကုန်းများပေါ်သို့ ပစ်ခတ်ပြီး ၂နာရီတိတိတွင် လူအင်အား ၁၅၀၀၀ဖြင့် ဗိုလ်ချုပ်ကြီးမိဒ်ရှိရာ အလယ်ဗဟိုရှိ သင်္ချိုင်းတောင်ကုန်းသို့ ထိုးစစ်ဆင်သည်။ ရည်ရွယ်ချက်မှာ မြောက်ပိုင်းတပ်များ နှစ်ပိုင်းကွဲထွက်သွားရန်ဖြစ်သော်လည်း မြောက်ပိုင်းတပ်များ၏ ခုခံပုံကြောင့် အရာမထင်ခဲ့ပေ။ ဗိုလ်ချုပ်ကြီးမိဒ်က တောင်ပိုင်းတပ်များ၏ ထိုးစစ်ပုံစံကို ရိပ်မိသဖြင့် မြောက်ပိုင်းတပ်များကို ကျည်ကွယ်ရာကျောက်တောင်ကုန်းများနောက်သို့ ရွှေ့ထားပြီး အမြောက်များကိုလည်း အလားတူပင် ဝှက်ထားခဲ့သည်။ တောင်ပိုင်းအမြောက်များ အပစ်ရပ်၍ စစ်သည်များက တောင်ကုန်းများပေါ်သို့ တက်လာချိန်မှ မြောက်ပိုင်းတပ်များ ပုန်းအောင်းနေရာမှ ထွက်လာကာ သေနတ်များ၊အမြောက်များဖြင့် အပေါ်စီးမှ ပစ်ခတ်တိုက်ခိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မိဒ်အနေဖြင့် အသင့်ထားရှိသော အရံတပ်များကိုပါ ချိန်ကိုက်ထုတ်သုံးနိုင်ပြန်သဖြင့် တောင်ပိုင်းတပ်များမှာ ရဲရဲဝံ့ဝံ့တိုက်စစ်ဆင်သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုပ်ခွာပေးခဲ့ရသည်။ တောင်ကုန်းများပေါ်တွင်လည်း တောင်ပိုင်းတပ်သားများ၏ အလောင်းများမြင်မကောင်းလောက်အောင်ပင် ပြန့်ကျဲနေခဲ့ရသည်။

ထိုတိုက်ပွဲသည် တောင်ပိုင်းတပ်များအနေဖြင့် အောင်ပွဲနှင့်အနီးစပ်ဆုံး လှမ်းနိုင်ခဲ့သည့်ပွဲဖြစ်ပြီး နောင်ပိုင်းပြည်တွင်းစစ်ကြီးပြီးချိန်ထိ ထိုကဲ့သို့သော နီးစပ်မှုမျိုးကို ထပ်မရရှိကြတော့ပေ။ နှစ်ဖက်လုံးတွင် ကျဆုံး၊ဒဏ်ရာရရှိသူ ၂၃၀၀၀စီရှိမည်ဟု ခန့်မှန်းကြသည်။ တိုက်ပွဲအပြီး ၄လအကြာတွင် သမ္မတလင်ကွန်း တိုက်ပွဲနေရာသို့ရောက်လာပြီး "ဒီမိုကရေစီအစိုးရဆိုသည်မှာ ပြည်သူ့ထံမှ- ပြည်သူ့အတွက်- ပြည်သူ့ထံသို့" ဟူသည့် စာသားများပါသည့် နာမည်ကျော် ဂတ်တီးစ်ဘာ့ဂ်မိန့်ခွန်းကြီးကို ပြောကြားခဲ့သည်။ နောင်နှစ်နှစ်အကြာတွင် တောင်ပိုင်းပြည်နယ်များ လက်နက်ချပြီး ပြည်တွင်းစစ်ကြီးပြီးလေသည်။ [၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Busey and Martin, p. 125.
  2. Busey and Martin, p. 260. See the section on casualties for a discussion of alternative Confederate casualty estimates, which have been cited as high as 28,000.
  3. စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ - သောင်းထိုက်