မာတိကာသို့ ခုန်သွားရန်

ဂတသညက၊ တိမိရဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ဂတသညကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

အရှင်ဂတသညကထေရ် သည် ခုနစ်နှစ်သားဖြင့် တိဿမြတ်စွာဘုရား ၏ သာသနာတော်တွင် ရှင်အဖြစ် ဝင်ရောက်ခဲ့၏။ ထို့နောက် မြတ်စွာဘုရား၏ ခြေတော်ကို စိတ်ဖြင့် ရည်မှန်းကာ ရှိခိုးခဲ့၏။ ထို့အပြင် မြတ်စွာဘုရားကို ရည်စူး၍ ခုနစ်ပွင့်သော ဆီမီးတောက်ပန်းတို့ကို ပစ်လွှင့်မြှောက်ကာ ပူဇော်ခဲ့၏။ []

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပူဇော်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ရှစ်ခုမြောက်ကမ္ဘာထက်တွင် “အဂ္ဂိသိခ” အမည်ဖြင့် စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဂတသညကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ တိမိရဝဂ်