မာတိကာသို့ ခုန်သွားရန်

ဂင်ဂျယ်ဝန်း

ဝီကီပီးဒီးယား မှ
Kim Jaewon
မွေးဖွား (1981-02-18) ၁၈ ဖေဖော်ဝါရီ၊ ၁၉၈၁ (အသက် ၄၅)
ဆိုးလ်မြို့တောင်ကိုရီးယား
ပညာရေးSangmyung University - Theater and Film
Hanyang University Graduate School of International Tourism
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၁-လက်ရှိ
ကိုယ်စားလှယ်Will Entertainment
(2014-present)
ဝက်ဘ်ဆိုဒ်http://www.kimjaewon.co.kr/
ဂင်ဂျယ်ဝန်း
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်김재원
RRအက္ခရာဖလှယ်ခြင်းGim Jae-won
MRအက္ခရာဖလှယ်ခြင်းKim Chae-wŏn

ဂင်ဂျယ်ဝန်း[] (၁၈ ဖေဖော်ဝါရီ ၁၉၈၁ မွေး) သည် တောင်ကိုရီးယားသရုပ်ဆောင်တစ်ဦး ဖြစ်ပြီး၊ ရုပ်သံဇာတ်လမ်းတွဲ သံယောဇဉ်(၂၀၀၂)၊ နှလုံးသားခေါ်သံ(၂၀၁၁)၊ မေလဘုရင်မ(၂၀၁၂)နှင့် အရှုပ်တော်ပုံ၊ လန့်စရာမှားယွင်းနေသောအတွေ့အကြုံ(၂၀၁၃)တို့ကြောင့် ထင်ရှားလေသည်။

အနုပညာခရီး

[ပြင်ဆင်ရန်]

၂၀၀၁ ၌ ဟန်နီဟန်နီဖြင့် ပွဲဦးထွက်လာသည်။ သံယောဇဉ်ဇာတ်လမ်းတွဲဖြင့် ကြယ်ပွင့်ဖြစ်လာသည်။[] ရန်သူ(ဆိုယူးဂျင်နှင့်)နှင့် ငါ့အချစ်ပတ်ဇီလေး(ဂျန်နာရာနှင့်ကင်ရေဝေါင်တို့နှင့်)ဇာတ်လမ်းတွဲတို့၌ ပို၍ ကျော်ကြားလာသည်။

ဝိုင်တို့မြေ(၂၀၀၃)ဇာတ်လမ်းတွဲ၌ ရန်သူဇာတ်လမ်းတွဲ၏တွဲဘက် ကင်မင်ဂျောင်နှင့်အတူ သရုပ်ဆောင်ပြီး၊ မိသားစုရန်ငြိုးကြားမှ ရိုးရာအရက်ကို ပြန်လည်ရှင်သန်လာအောင် ကြိုးပမ်းကြပုံကို မြင်တွေ့ရသည်။[] ၂၀၀၄ ၌ တောင်ကိုရီးယားနှင့်တရုတ် ပူးတွဲထုတ်လုပ်သော တရုတ်ပြည်၌ ၈၀ ရာခိုင်နှုန်းရိုက်ကူးသည့် ပေကျင်းကချစ်သူ၌ စွန်ဖေးဖေးနှင့်အပြိုင် သရုပ်ဆောင်သည်။[] အချစ်ဟာသရုပ်ရှင် စောက်ကြီးကျယ်နဲ့ရက်တရာ ၌ ပါပြီးနောက် ဆက်လက်၍ ငါ့ရဲ့၁၉နှစ်သားမရီး၌ ဇာတ်ရံအဖြစ် ပါခဲ့သည်။

အံ့စရာဘဝ(၂၀၀၅)၌ ကင်သည် စင်္ကာပူ၌ တစ်ညတာလွန်ကျူးခဲ့သော အကျိုးဆက်အဖြစ် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျကာ ကလေးအဖေ ဖြစ်ရသည့် အကြောင်း သရုပ်ဆောင်ထားသည်။ အမွေကြီး(၂၀၀၆)၌ မူကြိုကျောင်းကို အမွေဆက်ခံရရှိသော လူဆိုးဂိုဏ်းသားတစ်ဦးအဖြစ် သရုပ်ဆောင်သည်။ ပထမဆုံးသမိုင်းဇာတ်လမ်းတွဲဖြစ်သည့် ဟွမ်ဂျီနီ၌ ဂေရှားမယ်နှင့် ချစ်ကျွမ်းဝင်မိသည့် မျိုးရိုးမြင့်သူအဖြစ် သရုပ်ဆောင်ထားသည်။ ကင်၏ ကိုရီးယားလှိုင်းကြယ်ပွင့်အဖြစ် ကျော်ကြားမှုက တရုတ်ရုပ်သံဇာတ်လမ်းတွဲ စီစီတီဗီက ၂၀၀၈ ၌ လွှင့်သည့် အချစ်ဦး၌ ပါဖြစ်စေသည်။

စစ်မှုထမ်းရန်ရည်ရွယ်၍ ၂၃ မတ် ၂၀၀၉ ၌ စာရင်းပေးပြီး၊ ကာကွယ်ရေးမီဒီယာအေဂျင်စီ၌ ထမ်းဆောင်ခဲ့သည်။[] ၂၄ ဇန်နဝါရီ ၂၀၁၁ ၌ ပြီးဆုံးသည်။[][]

[][]ပြန်လာသည့်အနေဖြင့် နှလုံးသားခေါ်သံ၌ နားမကြားသူအဖြစ် သရုပ်ဆောင်ရာ ချီးကျူးခြင်းခံရသည်။ သူနှင့် တွဲဖက်သရုပ်ဆောင်သူ ဟွမ်ဂျောင်အွန်တို့သည် နောက်တွင် နှစ်ကုန် အမ်ဘီစီ ရုပ်သံဆုပေးပွဲ၌ အသိအမှတ်ပြုခြင်း ခံရသည်။[၁၀]

၂၀၁၁ ဆောင်းဦး၌ ကင်သည် အီဂျီအာနှင့်အတူ ငါလည်းပါတယ်၊ ပန်းကလေး၌ သရုပ်ဆောင်ရန် လက်မှတ်ထိုးသည်။[၁၁][၁၂] သို့သော်လည်း ၄ အောက်တိုဘာ ရိုက်ကူးသည့် ဦးဆုံးရက်၌ သူစီးသော ဆိုင်ကယ်သည် စက်ချို့ကာ အရှိန်မြန်ပြီး၊ သူဒဏ်ရာရသွားသည်။[၁၃][၁၄] ပခုံးလွဲ၊ အရိုးအက်ကာ၊ အရွတ်နှင့်အရိုးနုများ စုတ်ပြတ်သွားကြောင်း တွေ့ရှိရပြီးနောက်၊ သူ နုတ်ထွက်လိုက်ကာ ယွန်းရှီယွန်းကို အစားထိုးလိုက်ရသည်။[၁၅][၁၆][၁၇] ဆယ်လခန့် အနုပညာလှုပ်ရှားမှုများကို ရပ်နားလိုက်ရကာ၊ ဒေါက်တာနာယောင်းမူလမ်းညွှန်ချက်အောက်၌ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရပြီး၊[၁၈][၁၉] နောက်ဆုံး၌ လုံးဝပြန်လည်နလံထူနိုင်ခဲ့သည်။[၂၀]

၂၀၁၂ ၌ မေလဘုရင်မဖြင့် ပြန်လည်ဝင်ရောက်လာပြီး၊ သင်္ဘောဆောက်လုပ်ရေး၌ အောင်မြင်သော လူတို့၏ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားသည်။[၂၁][၂၂] နောက်တွင် အမ်ဘီစီရုပ်သံဆုပေးပွဲ၌ ထိပ်တန်းထူးချွန်ဆုကို ရရှိခဲ့ပြီး၊ ၎င်းပွဲ၌လည်း တင်ဆက်သူ လုပ်သေးသည်။[၂၃] ကင်သည် အခပေးချယ်နယ် အွန်စတိုင်၌လည်း ယောက်ျားသားများအတွက် အလှအပအစီအစဉ်ဖြစ်သော အိမ်လှလှလေးရွေးကြစို့၌ ပင်တိုင်တင်ဆက်သူဖြစ်လေသည်။[၂၄][၂၅]

ဖြူစင်သော အသားအရေနှင့် တောက်ပသောအပြုံးတို့ကြောင့် ကင်သည် ကကျော်ကြားခဲ့သော်လည်း (ထို့ကြောင့်လည်း ပရိသတ်များက မိန်းမဆန်သည့် အမည်ဖြစ်သော အပြုံးနတ်သမီးဟု ပေးခဲ့ကြ)၊ မကြာသေးမီနှစ်များက ကင်သည် လူကြမ်းတစ်ယောက် ဖြစ်ပုံပေါက်အောင် လေ့ကျင့်လာခဲ့သည်။ သူ့အဖေအဖြစ်မှတ်ယူထားသူက သူ့ကို မိဘအရင်းများဆီမှ ပြန်ပေးဆွဲလာခဲ့သူ ဖြစ်နေသည်ကို တွေ့ရှိသွားသော စုံထောက်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားသည့် အရှုပ်တော်ပုံ၊ လန့်စရာမှားယွင်းသောအတွေ့အကြုံ(၂၀၁၃)၌ ထိုပုံကို တွေ့နိုင်လေသည်။ [၂၆]

၂၀၁၄ ၌ ကင်သည် သားလေးယောက်နှင့်သမီးတစ်ယောက်အစစ်အမှန်ရှိုး၌ ပါဝင်ကာ၊ ၎င်းရှိုး၏ လုပ်ကွက်မှာ နာမည်ကြီးထင်ရှားသူ လေးဦးနှင့် ဖိတ်ခေါ်ထားသည့် ဧည့်သည်အမျိုးသမီးကြယ်ပွင့်နှင့်အတူ တောအရပ်၌ မိဘအတုများနှင့် မိသားစုသဏ္ဌာန် သရုပ်ဆောင်လုပ်ပြခြင်းတို့ ဖြစ်လေသည်။[၂၇][၂၈] မျက်မှောက်ရေးရာအစီအစဉ်၌လည်း ပါဝင်တင်ဆက်ပြီး၊ ကောလာဟလနှင့် ဟော့သတင်းများကို အချက်အလက်များနှင့်တကွ အမှု ပြန်လည်တည်ဆောက်ကာ ထုတ်ဖော်ခြင်း ပြုရသည်။ [၂၉] ထိုနှစ်နှောင်းပိုင်း၌ ဆန္ဒဖျော်ဖြေရေးမည်သော တေးလင့်အေဂျင်စီတစ်ခုနှင့် စာချုပ်လိုက်သည်။

၂၀၁၅ ၌၊ ကြမ်းကြုတ်သော ဘုရင်အင်ဂျိုအဖြစ်သရုပ်ဆောင်ထားသည့် စပလင်းဒီး နိုင်ငံရေးဟု အမည်ရသော သမိုင်းဇာတ်လမ်းတွဲဖြင့် ပြန်လာလေသည်။ [၃၀]

ကိုယ်ရေး

[ပြင်ဆင်ရန်]
  • အရပ် ၁၈၃ စင်တီ
  • အလေးချိန် ၆၈ ကီလို
  • သွေးအမျိုးအစား ဘီ
  • အိမ်ထောင်စုစာရင်း၌ မွေးနေ့မှာ ဇွန် ၁၈ ဖြစ်သည်။

ပတ်ဆိုယွန်နှင့် ၂၈ ဇွန် ၂၀၁၃၊ ဆိုးလ်၊ ရုတ်စံဒုံရှိ ရုမ်မင်္ဂလာခန်းမ၌ လက်ထပ်ခဲ့သည်။[၃၁] နှစ်ဦးသားမှာ ငယ်သူငယ်ချင်းများ ဖြစ်ကာ၊ အောက်တိုဘာ ၂၀၁၂ ၌ စတင်တွဲခဲ့သည်။[၃၂][၃၃][၃၄][၃၅] ပတ်သည် ကြော်ငြာအေဂျင်စီအကြီးအကဲတဦး၏ သမီးဖြစ်ကာ၊ မော်ဒယ်အေဂျင်စီတခု၌ စီမံခန့်ခွဲရေးပိုင်း၌ လုပ်ကိုင်လျက်ရှိသည်။[၃၆] ဒီဇင်ဘာ ၂၀၁၃ ၌ မွေးသော သူတို့သားကို အိမ်နာမည် ကောင်းကင်ဘုံဟု ပေးထားလေသည်။[၃၇][၃၈]

ရိုက်ကူးရေး

[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲများ

[ပြင်ဆင်ရန်]
  • Honey Honey (SBS, 2001)
  • Open Drama Man & Woman "You say it's Love, but I think it's Desire" (SBS, 2001)
  • Wuri's Family (MBC, 2001)
  • Romance (MBC, 2002)
  • Rival (SBS, 2002)
  • My Love Patzzi (MBC, 2002)
  • Land of Wine (SBS, 2003)
  • Beijing My Love (KBS2, 2004)
  • My 19 Year Old Sister-in-Law (SBS, 2004)
  • Wonderful Life (MBC, 2005)
  • Great Inheritance (KBS2, 2006)
  • Hwang Jini (KBS2, 2006)
  • First Love (CCTV, 2008)
  • Can You Hear My Heart (MBC, 2011)
  • May Queen (MBC, 2012)
  • Scandal: A Shocking and Wrongful Incident (MBC, 2013)
  • Splendid Politics (MBC, 2015)
  • Father, I'll Take Care of You (MBC, 2016)

ရုပ်ရှင်

[ပြင်ဆင်ရန်]
  • 100 Days with Mr. Arrogant (2004)

စုံစိရှိုး

[ပြင်ဆင်ရန်]
  • Inkigayo (SBS, 2002)
  • Get It Beauty HOMME (OnStyle, 2012)
  • Four Sons and One Daughter (MBC, 2014–present)
  • The Real Story Eye (MBC, 2014–present)

တေးဗီဒီယိုများ

[ပြင်ဆင်ရန်]
  • Lee Soo-young - "I'm Thankful to Her" (2001)
  • Leeds - "Silent Goodbye" (2002)
  • Ditto & Sympathy 2 compilation - "함께 있음을" (2005)
  • Jolin Tsai - "Agent J" (2007)
  • Jolin Tsai - "Alone" (2007)
  • Jolin Tsai - "Fear-free" (2007)
  • Kan Jong-wook - "초연" (2011)

တေးသံသွင်း

[ပြင်ဆင်ရန်]
  • Promise - Onaji Sora no Shita (Japanese single, 2008)
  • My Woman - Stay in the Moment (Korean single, 2013)

ဆုနှင့်စကာတင်စာရင်း

[ပြင်ဆင်ရန်]
Year Award Category Nominated work Result
2002 18th Korea Best Dresser Awards Best Dressed, TV actor categoryN/Aဆုရရှိ
MBC Drama Awards Best New Actor
Romance
ဆုရရှိ
Popularity Awardဆုရရှိ
SBS Drama Awards New Star Award
Rival
ဆုရရှိ
Popularity Awardဆုရရှိ
SBSi Awardဆုရရှိ
Top 10 Starsဆုရရှိ
2005 1st China Drama 풍운방 Awards Most Popular Foreign Actor
Beijing My Love
ဆုရရှိ
2010 4th Korea Cable TV Broadcasting Awards Star of the Year Awardဆုရရှိ
2011 Jaekyung Ilbo's 2011 Star of the Year Best Actor
Can You Hear My Heart
ဆုရရှိ
4th Korea Drama Awards Best Actorဆန်ခါတင်
MBC Drama Awards[၁၀] Excellence Award, Actor in a Miniseriesဆုရရှိ
Popularity Awardဆုရရှိ
2012 20th Korean Culture and Entertainment Awards[၂၃] Hallyu Star Award
May Queen
ဆုရရှိ
MBC Drama Awards Top Excellence Award, Actor in a Serial Dramaဆုရရှိ
2013 MBC Drama Awards[၃၉] Top Excellence Award, Actor in a Special Project Drama
Scandal: A Shocking and Wrongful Incident
ဆုရရှိ
2014 9th Seoul International Drama Awards Outstanding Korean Actorဆန်ခါတင်

ကိုးကား

[ပြင်ဆင်ရန်]
  1. The actor indicates a preference of spelling his name "Jaewon" (without a space or hyphen) on his official website 20 February 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ..
  2. Romance (2002, MBC miniseries) Koreanfilm.org 2013-09-01 တွင် ပြန်စစ်ပြီး။
  3. Lee၊ Seung-jae (3 April 2003)။ SBS Ups Ante on Land of Drink After Phenomenal All In The Dong-a Ilbo 2013-09-01 တွင် ပြန်စစ်ပြီး။
  4. Cheon၊ Seung-hoon (23 November 2003)။ Manly Chang Dong-gun Is My Favorite Actor The Dong-a Ilbo 2013-09-01 တွင် ပြန်စစ်ပြီး။
  5. Wee၊ Geun-woo (12 March 2010)။ Korean stars at shine at Korean military concert 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  6. Lee၊ Jong-gil (24 January 2011)။ Actor Kim Jae-won discharged from military today 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  7. Actor Kim Jae-won poses on completing his mandatory military service in Yongsan, Seoul The Chosun Ilbo (25 January 2011)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  8. Kim၊ Jessica (7 February 2011)။ Kim Jae-won cast as male lead for upcoming drama 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  9. Hong၊ Lucia (30 March 2011)။ New Kim Jae-won TV series to air April 2 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  10. 1 2 Hong၊ Lucia။ "The Greatest Love snags 7 honors at 2011 MBC Drama Awards"၊ 2 January 2012 2012-12-03 တွင် ပြန်စစ်ပြီး
  11. Kim၊ Jessica (21 September 2011)။ Kim Jae-won joins E Ji-ah drama 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  12. Hong၊ Lucia (30 September 2011)။ E Ji-ah, Kim Jae-won attend first script reading for new drama 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  13. Park၊ Hyun-min (5 October 2011)။ Kim Jae Won Dislocates His Shoulder, Promises to Make Quick Recovery enewsWorld 10 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  14. Park၊ So-jung (5 October 2011)။ Kim Jae-won gets into motorcycle accident 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  15. Kim၊ Jessica (14 October 2011)။ Kim Jae-won to leave E Ji-ah drama 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  16. Choe၊ Min-ji (14 October 2011)။ Kim Jae Won Drops Out of Me Too, Flower! enewsWorld 10 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  17. Kim၊ Myung-hyun (14 October 2011)။ Yoon Si-yoon cast as male lead in upcoming E Ji-ah TV series 10Asia 2012-12-03 တွင် ပြန်စစ်ပြီး။
  18. Park၊ Hyun-min (9 November 2011)။ Kim Jae Won Likely to Return Earlier than Expected enewsWorld 1 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  19. Lee၊ In-kyung (30 November 2011)။ Kim Jae Won is Rapidly Recovering enewsWorld 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  20. Lee၊ In-kyung (7 March 2012)။ Kim Jae Won Makes Full Recovery From Motorcycle Accident enewsWorld 1 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  21. Lee၊ Hye-ji (13 July 2012)။ Kim Jae-won returning to TV with May Queen after recovering from injury 10Asia 2013-09-01 တွင် ပြန်စစ်ပြီး။
  22. Lee၊ In-kyung (7 May 2012)။ Kim Jae Won Reveals He was Traumatized by Poverty enewsWorld 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  23. 1 2 An၊ So-hyoun (17 January 2013)။ Kim Jae Won Joins the Free Agent Market enewsWorld 1 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  24. Oh၊ Esther (5 September 2012)။ Kim Jae Won to Serve as Pretty Boy MC of Get It Beauty HOMME enewsWorld 6 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  25. Lee၊ Jin-ho (17 September 2012)။ Kim Jae Won Thought He Was Born with His Skin enewsWorld 1 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  26. Lee၊ Eun-ah (10 May 2013)။ Actor Kim Jae-won to Return to Small Screen 10Asia 28 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  27. Lee၊ Cory (6 December 2013)။ Kim Jae-won Joins MBC's New Variety Show 2013-12-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  28. Celebs to become family on new MBC show (6 December 2013)။ 9 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-01-06 တွင် ပြန်စစ်ပြီး။
  29. Actor Kim Jae Won to Host Current Affairs Program Real Story Eye (26 February 2014)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-03-02 တွင် ပြန်စစ်ပြီး။
  30. Fact, fiction mingle in Splendid Politics (8 April 2015)။ 2015-04-08 တွင် ပြန်စစ်ပြီး။
  31. Choi၊ Eun-hwa (28 June 2013)။ Kim Jae Won Says Marriage is a Sure Way to Happiness enewsWorld 7 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  32. Kim Jae Won to Get Married to His Pregnant Fiancee on June 28 enewsWorld (4 June 2013)။ 17 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-01 တွင် ပြန်စစ်ပြီး။
  33. Park၊ Si-soo (4 June 2013)။ Actor Kim to tie knot on June 28 The Korea Times 2013-09-01 တွင် ပြန်စစ်ပြီး။
  34. Yoon၊ Min-sik (4 June 2013)။ Actor Kim Jae-won to get married late June The Korea Herald 2013-09-01 တွင် ပြန်စစ်ပြီး။
  35. Kim Jae-won to Wed Childhood Sweetheart The Chosun Ilbo (5 June 2013)။ 2013-09-01 တွင် ပြန်စစ်ပြီး။
  36. MacDonald၊ Joan (15 July 2013)။ Fans Learn More About Kim Jae Won's Non-Celebrity Wife KDramaStars 2013-09-01 တွင် ပြန်စစ်ပြီး။
  37. Actor Kim Jae Won Is Now a Father! Soompi (31 December 2013)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-13 တွင် ပြန်စစ်ပြီး။
  38. "Kim Jae Won Reveals Baby's Nickname" 4 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ..
  39. Winners of the 2013 MBC Drama Awards Soompi (30 December 2013)။ 4 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-12-30 တွင် ပြန်စစ်ပြီး။