မာတိကာသို့ ခုန်သွားရန်

ဂငယ်သုံးခု ဥသျှစ်ထု

ဝီကီပီးဒီးယား မှ

ဂငယ်သုံးခု ဥသျှစ်ထု သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ဂငယ်သုံးခု ဥသျှစ်ထု ဆိုသည်မှာ ဥသျှစ်သီးချင်း ထုသည့်အခါ ထုသည့် ဥသျှစ်သီးလည်း ကွဲသကဲ့သို့ အထုခံရသည့် ဥသျှစ်သီးလည်း ကွဲတတ်သည်။ ထို့အတူ သက္ကရာဇ် ၈၈၈ ခုနှစ်တွင် တိုင်းပြည် မငြိမ်မသက်ဖြစ်၍ အင်းဝပြည်ကြီး ပြိုကွဲပျက်စီးရခြင်းကို တင်စား၍ ဆိုလိုသည်။ ဤဆိုရိုးစကားသည် ပဋိပက္ခ သို့မဟုတ် အကြမ်းဖက်မှုများသည် နှစ်ဖက်စလုံးကို ထိခိုက်စေနိုင်ကြောင်းကို ဖော်ပြသည်။ ဥသျှစ်သီး နှစ်လုံးကို ထုလိုက်ပါက နှစ်လုံးစလုံး ပျက်စီးသွားသကဲ့သို့ ပဋိပက္ခများတွင်လည်း ပါဝင်သူ နှစ်ဦးနှစ်ဖက်စလုံး ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။ သက္ကရာဇ် ၈၈၈ ခုနှစ်သည် အင်းဝနေပြည်တော် ပျက်စီးခဲ့သော သမိုင်းဝင် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်သည်။ ထို့ကြောင့် ထိုနှစ်ကို ရည်ညွှန်း၍ တိုင်းပြည်ပျက်စီးခြင်းကို တင်စားပြောဆိုရာတွင် ဤဆိုရိုးစကားကို အသုံးပြုကြသည်။ ဂငယ်သုံးခု ဆိုသည်မှာ ၈၈၈ ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဂဏန်း သည် မြန်မာအက္ခရာ နှင့် ပုံသဏ္ဌာန်တူသောကြောင့် ဂငယ်သုံးခုဟု သုံးနှုန်းခြင်းဖြစ်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ရွှေနန်းကြော့ရှင် ဘုရင်နရပတိလက်ထက် သက္ကရာဇ် ၈၈၈-ခုနှစ်ဝယ် ဂငယ်သုံးခု ဥသျှစ်ထုဆိုတဲ့ အဂ္ဂိရတ်လင်္ကာအတိုင်း…၊ []
  • ဂငယ်သုံးခု ဥသျှစ်ထု ဆိုတဲ့ သိုက်တဘောင်အရ…၊ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၇] မောင်ပုံ။ ၃၄။ ကိုးကား အမှား - Invalid parameter "'maungpone34" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၂၈၄] မျောက်ဋီ။ ၁၈၀။ ကိုးကား အမှား - Invalid parameter "'myoutti180" in <ref> tag. The supported parameters are: dir, follow, group, name.