မာတိကာသို့ ခုန်သွားရန်

ခွဲထုတ်ရာပြ နာမ်ဝိဘတ်

ဝီကီပီးဒီးယား မှ

အစုအပေါင်းမှ တစ်စုံတစ်ရာ၊ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက် စသည် တစ်စိတ်တစ်ဒေသကို ခွဲထုတ်ပြသော နာမ်ဝိဘတ်ကို ခွဲထုတ်ရာပြ နာမ်ဝိဘတ် (သို့) ခွဲထုတ်ရာပြဝိဘတ် ဟု ခေါ်သည်။

ဥပမာအားဖြင့် - "ရေသတ္တဝါများအနက် ဝေလငါးသည် အကြီးဆုံး ဖြစ်၏။"
ဤဝါကျ၌ အကြီးဆုံးသတ္တဝါသည် ဝေလငါးဖြစ်ကြောင်း ဖော်ပြထားသည်။ ဝေလငါးသည် ရေသတ္တဝါများအနက် အကြီးဆုံးဖြစ်ကြောင်းကို ရေသတ္တဝါများ ဟူသော နာမ်နောက်ရှိ အနက် ဟူသော ဝိဘတ်က ပြသည်။ ထို့ကြောင့် အနက် သည် ခွဲထုတ်ရာပြဝိဘတ် ဖြစ်သည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း