ခွဲခွဲခြားခြား

ဝီကီပီးဒီးယား မှ

အတွင်းတီးပြေးကြိုး

ခွဲခွဲခြားခြား[ပြင်ဆင်ရန်]

ခွဲခွဲ ခြားခြား လားလား မုန်းထား။ ။ ကျွန်မမှာ မိန်းမသား။ ။ တူ မပျော်ဘူး။ စိတ်ထဲ-မှန်စွဲ။ ကျွန်မကို မုန်းရလေနဲ့။ ။ ဝမ်းကွဲ။ ဝမ်းနဲ။ နဲလေ အောင်။ ။ ထွေထွေ၊ ပြားပြား။ ဆန်းဆန်း၊ ထူးထူး။ ဘယ်ခင်းမှ ရှိပါဘူး။ ။ စာနာပါဦး ထိပ်ထား။ တွယ်တာပါ ကောင်းရှင့်ဘုရား။ သည်သာလေ ပြေကြောင်း လျှောက်ထား။ ဝမ်းမှာသာ ဆူလို့သား။ ။ မိန်းမူး၊ မိန်းမူး မူးမူးမှိုင်။ ။ တွေးတောရင်း။ လုံးလုံးနှင်း။ တွေးတောရင်း။ လုံးလုံးနှင်း။ မိမိမယ်သာပူဆွေးလွမ်း။ ။ ညှိုးငယ်လေ ညှိုးငယ်လေ ညှိုးငယ်လေနွမ်းလျ။ သန်းပြောင်းတွေမှိုင်ခါ။ ။ တမ်းယောင်ပူလောင်ဆာ။ ထိပ်တင်မကြင်နာ။ ဖြေလဲ၊ ပြေဘဲ၊ ဝမ်းကွဲ ပျောင်းပြ။ လွမ်းကြောင်း ရုံးပေါင်းထား။ ။ ကြံကာသာထွေပြား။ စကားတောင်နယ်ပုံ ချည့်ချည့်လေ။ ဆိုယောင်လေမြည်တမ်း။ မချမ်းစိတ်မှာပူ-ချည့်ချည့်။ ထိပ်ခေါင်တင်လေတည့်မှ။ ထိပ်ခေါင်တင်။ ။ ဝိုးဝိုးဝါးဝါး မှားမှား ယွင်းယွင်း။ အိုကံဆိုးလှခြင်း။ ။ တော်တည့် တော်ပါမည်လို့သာ။ အကုန်လုံးလုံးနှင်း။ ထိပ်တင်ကြင်ပါမည်လို့သာ။ ယုံမိမိမှား။ ။ မှားချေပြီ။ ပွားတောင်း များတောင်း ကြူးတောင်း ကဲတောင်း။ ဆင့်ကာ ထပ်ပြန်လောင်း။ ။ အောက်မေ့ကြံကာမှိုင်လို့သာ။ ဖြေမပျော်နိုင်ဘူး။ ။ ဖျော်ဖြေပါ။ မယ်သာ သည်းထဲ။ ဆူလို့လို့။ လားလား ဖြေနိုင်ဘဲ။ ။ မြဲမြဲစွဲ မိမိ။ သည်းထဲ ဝမ်းထဲ မှာသာခွေကာ။ *ထိပ်တင် မကြင်နာ။ သွေလွဲ-ပြေဘဲ။ ဝမ်းကွဲ ပျောင်းပြ။ လွင်းကြောင်းရုံးပေါင်းထား။ ။ ကြံကာသာထွေပြား။ စကားတောင်နှယ်ပုံ-ချည့်ချည့်လေ။ ဆိုယောင်လေ မြည်တမ်း။ မချမ်းစိတ်မှာ ပူချည့်ချည့်။ ငါမင်းကိုသာ။ အာဏာထွေပြား။ တေဇာဘုန်းအား။ ဝံ့မည်လားလို့။ စိတ်ထားစွဲတော်မူလေတည့်၊ စိတ်ထားစွဲတော်မူ။

  • အချို့ (တမ်းယောင်ပူလောင်ဆာ။ ထိပ်တင်မကြင်နာ) ဟု၊ အထက်ပိုဒ်ကဲ့သို့ပင် နှစ်ပိုဒ်ထည့်၍ ဆိုကြသည်။ မူ၌ကား "ထိပ်တင်မကြင်နာ" တစ်ပိုဒ်သာ ရှိသည်။

ကျေးဇူးတင်ပါသည်[ပြင်ဆင်ရန်]

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/