ခွေး နှာရောင်၊ ကြောင် နဖူး၊ လူ ဒူး

ဝီကီပီးဒီးယား မှ

ခွေး နှာရောင်၊ ကြောင် နဖူး၊ လူ ဒူး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

(၁) ရာသီဥတု အေးသောအခါ၌ ခွေးတွင် နှာရောင်၊ ကြောင်တွင် နဖူး၊ လူတွင် ဒူးခေါင်း စသည့်နေရာတို့၌ အထူးအေးတတ်သည်။

(၂) မီးလှုံသောအခါ၌ ခွေးတွင် နှာရောင်၊ ကြောင်တွင် နဖူး၊ လူတွင် ဒူးခေါင်း စသည့်နေရာ၌ စ၍ ပူတတ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။