ခွေးမြီးကောက် ကျည်တောက်စွပ်

ဝီကီပီးဒီးယား မှ

ခွေးမြီးကောက် ကျည်တောက်စွပ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကောက်နေသော ခွေးမြီးကို ဖြောင့်စေရန် ကျည်တောက် စွပ်ပေးထားသော်လည်း ကျည်တောက် ချွတ်လိုက်သောအခါ ကောက်မြဲတိုင်း ပြန်ကောက်သကဲ့သို့ နဂိုဗီဇအားဖြင့် ဆိုးသူကို မည်မျှပင် ပြုပြင်ပေးသော်လည်း အခိုက်အတန့်မျှသာ ကောင်း၍ ဆိုးမြဲတိုင်း ပြန်ဆိုးသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဇာတိ ပဋိသန္ဓေကပင် ဉာဉ်ဆိုးပါလာခဲ့သူဖြစ်၍ ခွေးမြီးကောက် ကျည်တောက်စွပ်သကဲ့သို့..." [၁၃၀၃] ဘဝ။ ၂၉၅။
  • "ငါပြုပြင်လို့ အလကားပဲ။ ဉာဉ်ဆိုတာခွေးမြီးကောက် ကျည်တောက်စွပ်သလို နေမှာပဲကွ၊ ဘယ်တော့မှ ဖျောက်မှာမဟုတ်ဘူး။" [၁၃၁၅] မြဝတီ၊ ၁၊ ၉။ ၆၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၄